01/12/2025
လိုင်စင်သက်တမ်း ငါးနှစ်ကျော် လွန်နေသည့် ၁၉၈၀ ခုနှစ်အောက် ရှေးဟောင်းကလက်စစ်ကား လိုင်စင်သက်တမ်း ပြန်လည်တိုးပေးသည့်အစီအစဥ်ဖြင့် ရှေးဟောင်းကလက်စစ်ယာဥ်များ သက်တမ်းတိုးဆောင်ရွက်ရာတွင် ကြန့်ကြာမှုများရှိနေကြောင်း သိရှိရသည်..
လိုင်စင်သက်တမ်းပြန်လည် ရရှိရန်အတွက် လာရောက်ဆောင်ရွက်သော Classic ကား ယာဥ်ပိုင်ရှင်တစ်ဦးမှ လိုင်စင်ပြန်လည်လျှောက်ထားချိန် သုံးပတ်ရှိနေပြီ ဘာမှမထူးသေးပါဘူး..ယာဥ်ကတော့ စစ်ပြီး ပါပြီ အပေါ်ကနေ ပြန်မကျသေးဘူးပဲပြောနေတာ..ခနခန ရုံးသွားမေးနေရတယ်ဗျာ.. ဟု ကြန့်ကြာနေကြောင်း MCCC သို့ပြောကြားသွားသည်.. ယခင် ပထမအကြိမ်တွင် ကားတစ်စီး 2ရက်အတွင်း ဆောင်ရွက်ပေးမှုမြနိဆန်ခဲ့သော်လည်း ယခုဒုတိယအကြိမ်တွင် ကားတစ်စီး တစ်လ မက အချိန်ပေးနေရသည် ဟု လာရောက်ဆောင်ရွက်သည့် ယာဥ်ပိုင်ရှင်များမှ MCCC သို့ ဆက်လက်ပြောကြားသည်
ရန်ကုန်မြို့ရှိ သက်ဆိုင်ရာ ကညန ရုံးများတွင် Classic ကား ယာဥ်များ လာရောက်လျှောက်ထားလျှက်ရှိနေကြောင်းနှင့် ယာဥ်စစ်ပြီး နေပြည်တော်ရုံးချုပ် သို့ ယာဥ်အချက်အလက်များကို နေ့မကူးပဲချက်ခြင်း ဆက်လက်တင်ပြဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်
ရှေးဟောင်းClassic ယာဥ်များ ပြန်လည်သက်တမ်းတိုးပေးသည့်အစီအစဥ်အား ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ဆောင်ရွက်နိုင်ကြောင်း နိုင်ငံအဝှမ်း ကညန ရုံးများတွင်ထုတ်ပြန်ကြေငြာထားရှိသည်
Credit MCCC