HAN GROUP - Design & Construction Co.,Ltd

HAN GROUP - Design & Construction Co.,Ltd Design & Construction

👷🏻လူကြီးမင်းတို့စိတ်ကူးအိပ်မက်ထဲက အနာဂတ်ရဲ့အိမ်‌လေးကို လက်တွေ့အကောင်ထည်ဖော်ဖို စဉ်းစားနေပီလား??💁🏻👷🏻လူကြီးမင်းတို့အိမ်လေး...
15/02/2025

👷🏻လူကြီးမင်းတို့စိတ်ကူးအိပ်မက်ထဲက အနာဂတ်ရဲ့အိမ်‌လေးကို လက်တွေ့အကောင်ထည်ဖော်ဖို စဉ်းစားနေပီလား??💁🏻

👷🏻လူကြီးမင်းတို့အိမ်လေးကို ကျွန်မတို့Han Group-Design & Construction မှဖန်တီးပုံဖော်ထားတဲ့ ဒီဇိုင်းလေးအားဖော်ပြပါရစေရှင်။

🌟ဒီDesignလေးကတော့ မြေအကျယ် 20’x60’ ရှိရုံနဲ့ ဆောက်လို့ရမယ့် Designလေးပါ။

🌟အဆောက်အဦးအကျယ်ဝန်း 18’x45’ ဖြစ်ပြီး 3.5 Storey RCC Residential Buildingလေးပါရှင်။

🌟အခန်းဖွဲ့တွေအနေနဲ့ကတော့
-Living Room (1)
-Master Bedroom(3)
-Single Bedroom(2)
-Shrine Room(1)
-Kitchen + Dining Room(1)
-Common Bath & WC (1) စတဲ့အခန်းများဖွဲ့စည်းထားပါတယ်။

🌟ခေတ်မှီလှပဆန်းသစ်သေသပ်သောဒီဇိုင်း၊ ကောင်းမွန်ပြည့်၀တဲ့အရည်အသွေးနဲ့ လူကြီးမင်းတိုအနာဂတ်ရဲ့ အိမ်လေးကိုတည်ဆောက်ချင်တယ်ဆိုရင် Han Group-Design & Construction ကိုသတိရလိုက်ပါရှင်...💁🏻

🌟✨Build Your Dream with Han Group Design & Construction🌟✨

🍀ငွေဝင် လာဘ်ရွှင် ကံကောင်းပြီး အိပ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေရှင်🍀🤗

🚨(ယခုDesignအား မိမိစီးပွားရေးအတွက်ပြန်လည်ကူးရင်ဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါရ‌စေရှင်။)

👷🏻Contant Us
☎️ 09-268107464, 09-770241915
📧 [email protected]








👷🏻အိမ်ဆောက်တာဟာ ဘဝမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တာကြောင့် သေချာစွာစဉ်းစားပြီး ပြင်ဆင်သင့်ပါတယ်။အိမ်ဆောက်တော့မယ်ဆိုရင...
02/02/2025

👷🏻အိမ်ဆောက်တာဟာ ဘဝမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တာကြောင့် သေချာစွာစဉ်းစားပြီး ပြင်ဆင်သင့်ပါတယ်။အိမ်ဆောက်တော့မယ်ဆိုရင် ဒီအချက်တွေသိထားသင့်ပါတယ်...💁🏻

✨✨၁။ ဘတ်ဂျက်သတ်မှတ်ခြင်း✨✨

အိမ်ဆောက်တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ဘတ်ဂျက်ကိုသတ်မှတ်ဖို့ပါ။ ဘတ်ဂျက်ကို သေချာစွာသတ်မှတ်ထားမှသာမြေဝယ်ယူစရိတ် မျှော်မှန်းထားတဲ့အတိုင်းအတာနှင့်အိမ်ဒီဇိုင်း ဆောက်လုပ်မည့်ကုန်ကျစရိတ်တွေကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

✨✨၂။ မြေနေရာရွေးချယ်ခြင်း✨✨

အိမ်ဆောက်ဖို့ မြေနေရာရွေးချယ်တဲ့အခါမှာလည်းမြေနေရာအနေထာား လမ်းပန်းဆက်သွယ်ရေး၊ ရေ မီး စတဲ့အချက်တွေရရှိမှု ရှိတဲ့နေရာ ဖြစ်ဖို့လည်းထည့်သွင်းစဉ်းစားသင့်ပါတယ်။ အိမ်ဆောက်မယ့်မြေနေရာရဲ့ မြေပြင်အခြေအနေကို သေချာစစ်ဆေးဖို့လိုပါတယ်။ မြေကြီးရဲ့အမျိုးအစား၊ မြေဆီလွှာအခြေအနေ၊ ရေမြုပ်နိုင်ခြေရှိမရှိ စတာတွေကို စစ်ဆေးသင့်ပါတယ်။ ဒါမှသာ အိမ်အတွက် အုတ်မြစ်နဲ့ အင်ဂျင်နီယာဒီဇိုင်းတွေကို သေချာစွာချမှတ်နိုင်မှာဖြစ်ပါတယ်။

✨✨၃။ အိမ်ဒီဇိုင်းရွေးချယ်ခြင်း✨✨

အိမ်ဒီဇိုင်းကို ရွေးချယ်တဲ့အခါ မိသားစုလိုအပ်ချက်နဲ့ ကိုက်ညီမှုရှိဖို့ အရေးကြီးပါတယ်။ ဒီဇိုင်းကို အိမ်အကျယ်အဝန်းအတိုင်းတာ(ဧရိယာ လိုချင်သောအခန်းဖွဲ့အနေထားနှင့်အခန်းအရေတွက်(Floor Plan)ကိုလည်း Designer များနှင့် ကြိုတင်ဆွေးနွေးသင့်ပါသည်။ မိမိဆောက်လိုသော အခန်းဖွဲ့အနေထားနှင့် ပြင်ပအိမ်ဒီဇိုင်း (Exterior Design) ကိုမြေပြင်တွင်အဆောက်မှီအချိန်ကပင် သက်ဆိုင်ရာ Design Engineerများနှင့် ဆွေးနွေးသင့်ပါသည်။

✨✨၄။ အိမ်ဆောက်ပစ္စည်းရွေးချယ်ခြင်း✨✨

အိမ်ဆောက်တဲ့အခါ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်း(ဘိလပ်မြေ၊ သံမဏိ၊ သစ် စတဲ့ပစ္စည်းများ၏ စျေးနှုန်း အရည်အသွေးပြည့်မှီမှု စတာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

✨✨၅။ လိုင်စင်နှင့် ခွင့်ပြုချက်များ✨✨

အိမ်ဆောက်တဲ့အခါ လိုအပ်တဲ့ လိုင်စင်နဲ့ ခွင့်ပြုချက်တွေကို ရယူဖို့လည်း အရေးကြီးပါတယ်။ အိမ်ဆောက်လုပ်ခွင့်ပြုချက် (Building Permit)၊ မြေအသုံးချမှုဆိုင်ရာ စည်းမျဉ်းများ၊ အိမ်ဆောက်လုပ်ရေးဆိုင်ရာ လိုင်စင်များ စတာတွေကိုလည်းသိထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အိမ်ဆောက်လုပ်မှုကို ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

✨✨၆။ အိမ်ဆောက်လုပ်ရေးကုမ္ပဏီရွေးချယ်ခြင်း✨✨

အိမ်ဆောက်လုပ်ရေးကုမ္ပဏီကို ရွေးချယ်တဲ့အခါ ဒီအချက်ကတော့ ခရာကျတဲ့အချက်ပါဘဲ လူကြီးမင်းတို့အိမ်ဒီဇိုင်းကဘယ်လောက်ထိပင်စိတ်ကြိုက်ဒီဇိုင်းဖြစ်နေပါစေ အပ်လိုက်သော ကုမ္ပဏီ၏စွမ်းဆောင်နိုင်မှုနှင့်အရည်သွေးပေါ်မူတည်နေပါတယ်။ အဲ့ဒါကြောင့် ကုမ္ပဏီရွေးချယ်တဲ့နေရာမှာ ကုမ္ပဏီ၏အတွေ့ကြုံ ၊လုပ်ဆောင်ခဲ့သော Projectများ၏အရည်အသွေး တာဝန်ယူမှု တာဝန်ခံမှု စတဲ့ အချက်တွေကိုထည့်သွင်းစဉ်းစားပြီးရွေးချယ်သင့်ပါတယ်။

✨✨၇။အိမ်ဆောက်လုပ်မှုလုပ်ငန်းစဉ် အချိန်ဇယား✨

အိမ်ဆောက်တာဟာ အချိန်ကုန်တဲ့လုပ်ငန်းစဉ်ဖြစ်တာကြောင့်လုပ်ငန်း စတင်ချိန်နှင့် ပြီးစီးမယ့်အချိန်ကိုလဲ ကြိုတင်သတ်မှတ်ထားသင့်ပါတယ်။ ဆောက်လုပ်နေစဉ်အတွင်းမှာလဲ လုပ်ငန်းတိုးတက်မှုနှင့် အသုံးပြုသည့်ပစ္စည်းအရည်အသွေးနှင့် လုပ်ငန်းတိုးတက်မှုကိုလဲ စစ်ဆေးစောင့်ကြည့်သင့်ပါသည်။

💁🏻နောက်ဆုံးတချက်အနေနဲ့ အိမ်ဆောက်လုပ်ရေးအတွက် အကြံပြုချင်တာကတော့...
✨- အိမ်ဆောက်တဲ့အခါ အတွေ့အကြုံရှိတဲ့ အင်ဂျင်နီယာနဲ့ ဗိသုကာပညာရှင်တွေနဲ့ တိုင်ပင်ပါ။

✨- အိမ်ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ ဂုဏ်သတင်းနဲ့ လုပ်ငန်းအတွေ့အကြုံကို သေချာစစ်ဆေးပါ။

✨- အိမ်ဆောက်လုပ်မှုလုပ်ငန်းစဉ်တစ်လျှောက်လုံး ကိုယ်တိုင်ပါဝင်စောင့်ကြည့်ပါ။အိမ်ဆောက်တာဟာ ဘဝမှာ အရေးပါတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်တာကြောင့် သေချာစွာစဉ်းစားပြီး ပြင်ဆင်သင့်ပါတယ်။

အထက်ပါအချက်တွေကို သေချာလိုက်နာမယ်ဆိုရင် စိတ်ကြိုက်အိမ်လေးကို အောင်အောင်မြင်မြင်ဆောက်လုပ်နိုင်မှာဖြစ်ပါတယ်။

လူကြီးမင်းတို့စိတ်ကူးပုံဖော်ထားတဲ့ အနာဂတ်အိမ်လေးတွေကို အကောင်ထည်ဖော်ဆောက်လုပ်နိုင်ပါစေ။✨✨

💁🏻Contact Us
☎️09-268107464, 09-770241915
📧[email protected]






#အိမ်ဆောက်‌ရင်သိထားသင့်သောအချက်များ

01/01/2025

🥳🎊Happy New Year 🎊🥳

နှစ်သစ်မှစ၍ တနှစ်ပတ်လုံး ချစ်ခင်ရသူတွေနဲ့အတူပျော်ရွှင်စွာ ဖြတ်သန်းရင်း ကျန်းမာ ချမ်းသာခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်း ၊ စီးပွားလာဒ်လာဘများတိုးပွားခြင်းနဲ့ ကံ‌ကောင်းခြင်း‌တွေ ပြည့်စုံပါစေလို့ HAN GROUP - Design & Construction Co.,Ltd မှ နှစ်သစ်ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်...💁🏻




☃𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐘𝐨𝐮 𝐀𝐥𝐥! 🎅 ☃  ⛄Christmas ချိန်ခါလေးမှာ ချစ်ခင်ရသူတွေနဲ့အတူပျော်ရွှင်စွာ ဖြတ်သန်းရင်း နှစ်သစ်မှာ ကျန်...
25/12/2024

☃𝐌𝐞𝐫𝐫𝐲 𝐂𝐡𝐫𝐢𝐬𝐭𝐦𝐚𝐬 𝐭𝐨 𝐘𝐨𝐮 𝐀𝐥𝐥! 🎅 ☃

⛄Christmas ချိန်ခါလေးမှာ ချစ်ခင်ရသူတွေနဲ့အတူပျော်ရွှင်စွာ ဖြတ်သန်းရင်း နှစ်သစ်မှာ ကျန်းမာ ချမ်းသာခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်း ၊ စီးပွားလာဒ်လာဘများတိုးပွားခြင်းနဲ့အတူ ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်စရာကောင်းတဲ့ ရက်မြတ်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့
HAN GROUP - Design & Construction Co.,Ltd မှ ဆုမွန်ကောင်းတောင်း‌ပေးလိုက်ပါတယ်...🎅🎄



PAE ဆိုတာဘာလဲ💁🏻🏠အိမ်ဆောက်ဖို့စိတ်ကူးနေရှိတဲ့ လူကြီးမင်းများအတွက် မြန်မာပြည် ဆောက်လုပ်ရေး ကန်ထရိုက်လောကမှာ ယနေ့ခေတ်စားအသု...
24/11/2024

PAE ဆိုတာဘာလဲ💁🏻

🏠အိမ်ဆောက်ဖို့စိတ်ကူးနေရှိတဲ့ လူကြီးမင်းများအတွက် မြန်မာပြည် ဆောက်လုပ်ရေး ကန်ထရိုက်လောကမှာ ယနေ့ခေတ်စားအသုံးများနေတဲ့ PAE rate ဆိုတာကိုတော့ အကြမ်းဖျင်းသိစေရန် ဖော်ပြလိုက်ပါတယ်ရှင်💁🏻

PAE Rateဆိုတာဘာလဲ💁🏻
**********************

🏠PAE (Plinth area estimate) rate ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကတော့ ( အဆောက်အဦးရဲ့ ကြမ်းခင်းဧရိယာ အကျယ်အဝန်းနဲ့ ခန့်မှန်းတွက်ချက်ခြင်းစျေးနှုန်းဖြစ်ပါတယ်။
🏠 PAE ဆိုတဲ့စျေးနှုန်းတွက်ချက်ခြင်း စနစ်ကလဲ အဆောက်အဦးဆောက်လုပ်တဲ့အခါမှာ estimate ဆိုတဲ့ စကားလုံးအတိုင်း ခန့်မှန်းတွက်ချက်ရာမှာ အနီးစပ်ဆုံးအမြန်ဆန်ဆုံးနဲ့ ခန့်မှန်းနိုင်တဲ့ တွက်ချက်မှူ တစ်ခုဖြစ်ပါတယ်။

🏠အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရမယ်ဆိုရင် PAE စနစ် နဲ့အိမ်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးဆောက်လုပ်ရာမှာပါ၀င်တဲ့ ပန်းရံ၊ လက်သမား၊ မီးသမား ၊ ဆေးသုတ်သမား အစရှိတဲ့ အခန်းကဏ္ဍအသီးသီးအတွက် အသေးစားပုတ်ပြတ်စနစ်တွေကို စုပေါင်းထားတာပဲဖြစ်ပါတယ်။

PAE Rate ဘယ်လိုတွက်မလဲ💁🏻
***************************

🏠PAE Rate ဆိုတာကေတာ့ အဆောက်အဦတစ်ခုရဲ့ တစ်ပေပတ်လည် ဧရိယာမွာ ကျသင့်မယ့် ကုန်ကျစရိတ် ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။

🏠PAE Rate ကတော့ company တခုနဲ့ တခုကတော့ သတ်မှတ်ထားတဲ့ ပမာဏမတူကြပါဘူး။
အိမ်တလုံးရဲ့အကြမ်းထည်သီးသန့်/ အချောထည် PAE Rate နဲ့ အိမ်သုတ်ဆေး၊ ရေပိုက်သွယ်တန်းမှုစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုစနစ်၊ ကြမ်းခင်းနဲ့ မျက်နှာကြက် စတဲ့လုပ်ဆောင်ချက်တွေပေါ်မူတည်ပြီး PAE Rate တွေကွဲပြားပါတယ်။

💁🏻ဥပမာအနေနဲ့ပြောရရင် PAE Rate (50000)ဘဲဆိုပါဆို့
ဆောက်မယ့်အိမ်(1ထပ်) အကျယ်အဝန်းက (20’*45’x1) =900 sft
အိမ်ရဲ့ ကုန်ကျမယ့် စရိတ်ကိုသိချင်ရင်တော့ အိမ်အကျယ်အဝန်း(900 sft) နဲ့ PAE Rate (50000) ကိုမြှောက်လိုက်ရင် (သိန်း450)ကုန်ကျမှာဖြစ်ပါတယ်။

အလားတူပုံစံ ဒီအဆောက်အဦရဲ့အတိုင်းအတာ အရည်အသွေးအတိုင်း (5ထပ်)ဆောက်မယ်ဆိုရင် (5)နဲ့မြှောက်လိုက်ရုံပါဘဲ။

PAE စနစ်ရဲ့ အားသာချက်💁🏻
*************************

🏠အိမ်ဆောက်လုပ်မယ့်သူ အနေနဲ့လည်း ဆောက်မယ့်အိမ်အတိုင်းအတာ ကိုယ်သုံးနိုင်တဲ့ငွေနဲ့ အပြီးအစီးကျသင့်မယ့် တန်ဖိုးကို အလွယ်တကူခန့်မှန်းတွက်နိုင်ပြီး Company တခုနဲ့တခု မတူညီတဲ့ PAE Rate တွေထဲကမှ ကိုယ်မှန်းထားတဲ့ငွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံကို အနီးစပ်ဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်မယ့် အဖွဲ့ကို ရွေးချယ်ငှားရမ်းပြီး မိမိစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်လာနိုင်ပါတယ်။

🏠Designတူ Qualityတူ Materialsတူတဲ့ ကန်ထရိုက်တိုက်တွေခန့်မှန်းကုန်ကျစရိတ်တွက်ရာ အမြန်ဆုံးအနီးစပ်ဆုံး တွက်ချက်လာနိုင်ပါတယ်။

PAE စနစ်ရဲ့ အားနည်းချက်💁🏻
*************************

🏠PAE စနစ်က Design ရိုးရှင်းတဲ့ အဆောက်အဦကန်ထရိုက်တိုက်တွေအတွက် ခန့်မှန်းတွက်ချက်ရတွင်အဆင်ပြေသော်လည်း လုံးချင်းအိမ်တွေဆောက်တဲ့ချိန်မှာ PAE Rateနဲ့တွက်ချက်မှုကမမှန်ကန်နိုင်ပါဘူး၊ ဘာလို့လဲဆိုတော့

🏠ဥပမာအနေနဲ့ လုံးချင်းအိမ်တစ်လုံးနဲ့တစ်လုံးက Design မတူ နိုင်ပါဘူး Materialsမတူနိုင်ပါဘူး။ အခန်းဖွဲ့စည်းပုံတွေအရ Structure designမတူညီနိုင်ပါဘူး ၊ မြေအနေအထားအရ foundation design တွေမတူနိုင်ပါဘူး။

🏠Design လေးလဲဆန်းနေမှ Qualityလဲကောင်းနေမှကြိုက်တဲ့ လူကြီးမင်းတို့အနေနဲ့ BQ (Bills of Quality) နဲ့ တွက်ချက်ဆောက်လုပ်သင့်ပါတယ်လို့ အကြံပြုပါရစေ
PAE မှာ အိမ်ရဲ့အလျားအနံလောက်သိရင်တောင် ကုန်ကျစရိတ်တန်းထုတ်နိုင်ပေမဲ့ BQ မှာကတော့ အဆင့်တွေအများကြီးတွက်ချက်ရပါတယ်။ Design ပေါ်မူတည်ပြီး သုံးမယ့် Materials Quality / Quantityကို Details တွက်ချက်ခြင်းဖြစ်ပါတယ်။

🏠💁🏻လူကြီးမင်းများအနေနဲ့ Details Estimate သီးသန့်တွက်ချင်တာဘဲဖြစ်ဖြစ် Designအပ်ချင်တာဘဲဖြစ်ဖြစ် ကျွန်မတို့ Han Group Design & Construction Co.,ltd မှာအပ်နှံနိုင်ပါတယ်ရှင်။💁🏻

Contact Us
Ph No-09 268107464 , 09-770241915
Email- [email protected]


ိုတာဘာလဲ
#‌အိမ်ဆောက်ရင်သိသင့်သောအချက်များ

အိမ်ဆောက်မည့်လများရွေးချယ်ပြီးဆောက်သင့်သလို ကောင်းကျိုးလာဒ်လာဘများတိုးမယ့်ရက်များကိုရွေးချယ်‌ဆောက်လို့ရအောင်ဖော်ပြလိုက်ပ...
21/11/2024

အိမ်ဆောက်မည့်လများရွေးချယ်ပြီးဆောက်သင့်သလို ကောင်းကျိုးလာဒ်လာဘများတိုးမယ့်ရက်များကိုရွေးချယ်‌ဆောက်လို့ရအောင်ဖော်ပြလိုက်ပါတယ်။

💁🏻 "အိမ်ဆောက် ရက် ရွေးနည်း" 💁🏻

🏠တနင်္ဂနွေနေ့ မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတတ်သည်၊ စိတ်သောကရောက်တတ်သည်။

🏠တနင်္လာနေ့ မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။

🏠အင်္ဂါနေ့ မှာအိမ်ဆောက်လျှင်ပျက်စီးတတ်သည်။

🏠ဗုဒ္ဓဟူးနေ့ မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။

🏠ကြာသပတေးနေ့ မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။

🏠သောကြာနေ့ မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။

🏠စနေနေ့ မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။

ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုအပ်ပါမည်။

#အိမ်ဆောက်ရက်ရွေးနည်း
#‌အိမ်ဆောက်ရင်သိသင့်သောအချက်များ



💁🏻မြန်မာရိုးရာ ၁၂လရာသီတွင် အဆောက်အဦး ဆောက်လုပ်ရန် အကောင်းဆုံးနှင့်ကျိုးထူးစေသော ရာသီခွင် (၆)လ💁🏻"အိမ်ဆောက် လ ရွေးနည်း"💁🏻*...
23/10/2024

💁🏻မြန်မာရိုးရာ ၁၂လရာသီတွင် အဆောက်အဦး ဆောက်လုပ်ရန် အကောင်းဆုံးနှင့်ကျိုးထူးစေသော ရာသီခွင် (၆)လ

💁🏻"အိမ်ဆောက် လ ရွေးနည်း"💁🏻
*************************
🏠တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။

🏠ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။

🏠ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။

🏠နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။

🏠ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။

🏠တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။
~~~~
💁🏻လင်္ကာက နားလည်၊မှတ်သား ရွတ်ရလဲလွယ်တာမို့ "လင်္ကာ"လေးပါဖော်ပြပေးလိုက်ပါတယ်။

"လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ" လို့ဆိုပါတယ်။

တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက" လို့ဆိုပါတယ်။

#အိမ်ဆောက်လရွေးနည်း



19/10/2024

👷🏻လူကြီးမင်းတို့စိတ်ကူးအိပ်မက်ထဲက အနာဂတ်ရဲ့အိမ်‌လေးကို လက်တွေ့အကောင်ထည်ဖော်ဖို့ ကျွန်မတို့ Han Group-Design & Construction မှကြိုဆိုပါတယ်ရှင်🏠💁🏻

🏠ခေတ်မှီလှပဆန်းသစ်သေသပ်သောဒီဇိုင်း၊ ကောင်းမွန်ပြည့်၀တဲ့အရည်အသွေးနဲ့ လူကြီးမင်းတို့အနာဂတ်ရဲ့ အိမ်လေးကိုတည်ဆောက်ချင်တယ်ဆိုရင် Han Group-Design & Construction ကိုသတိရလိုက်ပါရှင်...💁🏻

💁🏻ကျွန်မတို့ Design & Construction မှဆောင်ရွက်ပေးတဲ့Servicesတွေကတော့....💁🏻

⭐-Customer စိတ်တိုင်းကျ Architectural Design (2D plan, Elevation) ရေးဆွဲပေးခြင်း။

⭐-3D Home Design Render ပုံရေးဆွဲပေးခြင်း။

⭐-နေအိမ်၊ ရုံးခန်း ၊ ဆိုင်ခန်းအလှဆင်ခြင်းများအတွက် Interior Design & Decoration ရေးဆွဲ/လုပ်ဆောင်ပေးခြင်း။

⭐-Detail Construction Drawing ရေးဆွဲပေးခြင်း။

⭐-အိမ်တလုံးရဲ့ဆောက်လုပ်မှုကုန်ကျစရိတ်များ (Detailed Estimate)ကိုတွက်ချက်ပေးခြင်း။

⭐-Constrution လုပ်ငန်း နှင့် ပြန်လည်တည်ဆောက်ပြုပြင်ခြင်းများတို့ကိုလည်း Clientများစိတ်တိုင်းကျ တခုချင်းစီအပ်နှံနိုင်ပါတယ်ရှင်...🤗

✨✨လာမယ့်ပွင့်လင်းရာသီမှာ အိမ်ဆောက်ဖို့ရည်ရွယ်ထားတဲ့ လူကြီးမင်းတို့အနေနဲ့ ဒီဇိုင်းအတွက်ဆွေးနွေးချင်တာဖြစ်ဖြစ် ဒါမှမဟုတ် ကျွန်မတို့Servicesတွေထဲကအသေးစိတ်သိချင်တာဖြစ်ဖြစ် ကျွန်မတို့ Design & Construction Team နဲ့တခါလောက်ဖြစ်ဖြစ် အခမဲ့ဆက်သွယ်စုံစမ်းမေးမြန်းကြည့်နိုင်ပါတယ်ရှင်။ ✨✨

🌟✨Build Your Dream with Han Group Design & Construction🌟✨
💁🏻လူကြီးမင်းတို့အိပ်မက်တွေကို ကျွန်မတို့ Han Group-Design & Construction ရဲ့ အကောင်းဆုံးဖန်တီးမှုနှင့်အတူအကောင်ထည်ဖော်ပေးပါရစေရှင်။

🍀ငွေဝင် လာဘ်ရွှင် ကံကောင်းပြီး အိပ်မက်တွေအကောင်ထည်ဖော်နိုင်ကြပါစေရှင်🍀🤗

👷🏻Contant Us
☎️ 09-268107464, 09-770241915
📧 [email protected]






သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🙏🏻🙏🏻🪔🕯️ သီတင်းကျွတ် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာခြင်းပြည့်စုံပြီး ...
17/10/2024

သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)🙏🏻🙏🏻

🪔🕯️ သီတင်းကျွတ် အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာခြင်းပြည့်စုံပြီး စီးပွားလာဘ်လာဘများလဲ တိုးပွားအောင်မြင်ပါစေကြာင်း Han Group မှ သီတင်းကျွတ်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙏🏻🪔🕯️

#သီတင်းကျွတ်လပြည့်နေ့
#သီတင်းကျွတ်ဆုတောင်း


Address

Yangon

Website

Alerts

Be the first to know and let us send you an email when HAN GROUP - Design & Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share