MDH Property by Nation Light

MDH Property by Nation Light Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MDH Property by Nation Light, Construction Company, No. 59, 4th Street , 3rd Ward , South Okkalapa Township, Yangon.

🔑🏡 Customer Key Handover DayMDH Property By Nation Light က တာဝန်ယူဆောက်လုပ်ထားတဲ့ အခန်းလေးတစ်ခန်းအား  Customer မိသားစုထံ...
20/07/2026

🔑🏡 Customer Key Handover Day

MDH Property By Nation Light က တာဝန်ယူဆောက်လုပ်ထားတဲ့ အခန်းလေးတစ်ခန်းအား Customer မိသားစုထံ အောင်မြင်စွာ အပ်နှံပေးနိုင်ခဲ့ပါပြီရှင်။

အိမ်တစ်ခန်းဆိုတာ နေထိုင်ဖို့နေရာတစ်ခုတည်းမဟုတ်ဘဲ မိသားစုဘဝရဲ့ အမှတ်တရအသစ်တွေ စတင်ဖန်တီးမယ့် နေရာလည်း ဖြစ်ပါတယ်။

MDH Property By Nation Light ကို ယုံကြည်စွာ ရွေးချယ်ပေးခဲ့သော Customer အား အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

အိမ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်မှုများနဲ့ ပြည့်စုံသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်။ ✨

🏡 မိမိနေ့နံနဲ့ လိုက်ဖက်တဲ့ အိမ်အလှည့်ကို ဘယ်လိုရွေးချယ်မလဲ?အိမ်တစ်လုံးဝယ်ယူခြင်း၊ တည်ဆောက်ခြင်းဆိုတာ ဘဝရဲ့ အရေးကြီးဆုံးဆ...
18/07/2026

🏡 မိမိနေ့နံနဲ့ လိုက်ဖက်တဲ့ အိမ်အလှည့်ကို ဘယ်လိုရွေးချယ်မလဲ?

အိမ်တစ်လုံးဝယ်ယူခြင်း၊ တည်ဆောက်ခြင်းဆိုတာ ဘဝရဲ့ အရေးကြီးဆုံးဆုံးဖြတ်ချက်တွေထဲက တစ်ခုပါနော်။

မြန်မာ့ရိုးရာယုံကြည်မှုအရ တော်တော်များများက မိမိမွေးနေ့နံနဲ့ လိုက်ဖက်တဲ့ အိမ်အလှည့် ကို ရွေးချယ်လေ့ရှိကြပါတယ်။ ဒါဟာ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုနဲ့ ကံကောင်းခြင်းကို မျှော်လင့်တဲ့ ရိုးရာဓလေ့တစ်ခုဖြစ်ပါတယ်။

📌 နေ့နံအလိုက် အိမ်အလှည့် (ယေဘုယျ)

✨ တနင်္ဂနွေ – မြောက်၊ အရှေ့
✨ တနင်္လာ – တောင်၊ အရှေ့တောင်
✨ အင်္ဂါ – အရှေ့၊ မြောက်
✨ ဗုဒ္ဓဟူး – တောင်၊ အနောက်
✨ ကြာသပတေး – အရှေ့၊ တောင်
✨ သောကြာ – မြောက်၊ အနောက်
✨ စနေ – အနောက်၊ တောင်

💡 သတိပြုသင့်တာကတော့…

နေ့နံနဲ့ ကိုက်ညီတဲ့ အိမ်အလှည့်ကို ရွေးချယ်တာဟာ ရိုးရာယုံကြည်မှုတစ်ခုဖြစ်ပြီး အိမ်တစ်လုံးရဲ့ အရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ အချက်တစ်ခုတည်းတော့ မဟုတ်ပါဘူးရှင်။

အိမ်ဝယ်ယူတဲ့အခါမှာလည်း

✔️ လေဝင်လေထွက်ကောင်းခြင်း
✔️ နေရောင်ရရှိမှု
✔️ မြေတည်ငြိမ်မှု
✔️ အဆောက်အဦးအရည်အသွေး
✔️ တည်နေရာနှင့် သွားလာရလွယ်ကူမှု
✔️ ရေ၊ မီး၊ လုံခြုံရေး စတဲ့ အချက်တွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။

🏠 ယုံကြည်မှုနဲ့ အရည်အသွေးကို မျှတစွာ ရွေးချယ်နိုင်မှ သင့်အိမ်က စိတ်ချမ်းသာပြီး ရေရှည်တန်ဖိုးရှိတဲ့ နေရာတစ်ခု ဖြစ်လာမှာပါရှင်။

" ကြင်စဦး ဇနီးမောင်နှံရဲ့ မင်္ဂလာအိမ်အတွက် စာချုပ် ချုပ်ဆိုခြင်း "      ဒီနေ့မှာတော့ MDH Property By Nation Light ရဲ့ P...
17/07/2026

" ကြင်စဦး ဇနီးမောင်နှံရဲ့ မင်္ဂလာအိမ်အတွက် စာချုပ် ချုပ်ဆိုခြင်း "

ဒီနေ့မှာတော့ MDH Property By Nation Light ရဲ့ Project တွေထဲကတစ်ခုဖြစ်တဲ့ အခန်း‌လေးတစ်ခန်းကို ကြင်စဦးဇနီးမောင်နှံအတွက် အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ 🏠

MDH Property By Nation Light ကို ယုံကြည်စိတ်ချစွာ ရွေးချယ်ပေးတဲ့ ဇနီးမောင်နှံကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။

အိမ်သစ်မှာ ပျော်ရွှင်မှုတွေ၊ ကံကောင်းခြင်းတွေ အမြဲတမ်း ဆိုက်ရောက်ပါစေကြောင်း MDH Property By Nation Light မှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်နော်။ 💞

လူကြီးမင်းတို့ရဲ့ အိမ်မက်အိမ်လေးကို MDH Property By Nation Light နဲ့အတူ စတင်လိုက်ပါ။ 🔑✨

🏡 အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ နေ့လေးတစ်နေ့…Customer တစ်ဦးချင်းစီရဲ့ ယုံကြည်မှုကို အလေးထားပြီး အရည်အသွေးပြည့်မီတဲ့...
16/07/2026

🏡 အိပ်မက်ကို အကောင်အထည်ဖော်ပေးခဲ့တဲ့ နေ့လေးတစ်နေ့…

Customer တစ်ဦးချင်းစီရဲ့ ယုံကြည်မှုကို အလေးထားပြီး အရည်အသွေးပြည့်မီတဲ့ အိမ်ခန်းတစ်ခန်းကို လက်ဆင့်ကမ်းပေးနိုင်ခဲ့တာက ကျွန်မတို့ MDH Property By Nation Light အတွက် အဖိုးတန်ဆုံးသော အောင်မြင်မှုပါရှင်။

အိမ်တစ်လုံးဆိုတာ နေထိုင်ဖို့နေရာတစ်ခုတည်း မဟုတ်ဘဲ မိသားစုဘဝရဲ့ အမှတ်တရအသစ်တွေ စတင်ဖန်တီးမယ့် နေရာလည်း ဖြစ်ပါတယ်။

ယုံကြည်စွာ ရွေးချယ်ပေးခဲ့တဲ့ Customer များအား အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

အိမ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပြီး အောင်မြင်မှုများနဲ့ ပြည့်စုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ✨

သင့်အိမ်လေးကို LUXURY ဆန်စေမယ့် လျှို့ဝှက်ချက် 💞 အခန်းတစ်ခန်းကို အလှဆင်တဲ့အခါ ပရိဘောဂတွေ ဈေးကြီးပေးဝယ်ရုံနဲ့ ဆုံးဖြတ်လို...
13/07/2026

သင့်အိမ်လေးကို LUXURY ဆန်စေမယ့် လျှို့ဝှက်ချက် 💞

အခန်းတစ်ခန်းကို အလှဆင်တဲ့အခါ ပရိဘောဂတွေ ဈေးကြီးပေးဝယ်ရုံနဲ့ ဆုံးဖြတ်လို့မရပါဘူး။ အရောင်ရွေးချယ်မှုမှန်ကန်ခြင်းကလည်း အခန်းကို ပိုကျယ်ဝန်း၊ ပိုနွေးထွေး၊ ပိုသက်တောင့်သက်သာဖြစ်စေတဲ့ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။

✨ အရောင်လေးတွေရဲ့ အကြောင်း

🤍 အဖြူ (White)

သန့်ရှင်းပြီး အလင်းရောင်ကို ပိုမိုပြန်လင်းစေတဲ့အတွက် အခန်းကို ကျယ်ဝန်းသလို ခံစားရစေပါတယ်။ Condo နဲ့ Apartment တွေအတွက် လူကြိုက်များတဲ့ ရွေးချယ်မှုတစ်ခုပါ။

🤎 Beige / Cream

နွေးထွေးပြီး အေးချမ်းတဲ့ခံစားချက်ကို ပေးစွမ်းပါတယ်။ Living Room နဲ့ Bedroom တွေအတွက် အထူးသင့်တော်ပြီး အချိန်ကြာလည်း မရိုးတဲ့ အရောင်ဖြစ်ပါတယ်။

💚 Sage Green

သဘာဝနဲ့ နီးစပ်တဲ့ ခံစားချက်ကို ပေးပြီး စိတ်အေးချမ်းစေပါတယ်။ Bedroom နဲ့ Living Room အတွက် လိုက်ဖက်တဲ့ Trend Color တစ်ခုဖြစ်ပါတယ်။

💙 Blue

စိတ်ကို ငြိမ်သက်စေပြီး အနားယူချင်တဲ့ ခံစားချက်ကို ပေးပါတယ်။ Bedroom မှာ Accent Wall အဖြစ် အသုံးပြုရင် အလွန်လှပပါတယ်။

🚫 ဒီလိုအရောင်အသုံးပြုပုံတွေကိုတော့ သတိထားပါ။

❌ အလင်းဝင်နည်းတဲ့အခန်းမှာ အနက်ရောင် သို့မဟုတ် အမှောင်ရောင်တွေကို အခန်းတစ်ခန်းလုံး အသုံးပြုခြင်း။

❌ အနီ၊ အဝါ၊ လိမ္မော်လို တောက်ပတဲ့အရောင်တွေကို နံရံလေးဖက်လုံးမှာ အသုံးပြုခြင်း။

❌ အရောင် ၅ မျိုး၊ ၆ မျိုးကို အခန်းတစ်ခန်းတည်းမှာ ရောစပ်အသုံးပြုခြင်း။

💡 အကြံပြုချက်

Interior Designer တွေ အများဆုံးအသုံးပြုတဲ့ 60-30-10 Rule ကို လိုက်နာကြည့်ပါ။

✔️ 60% – အဓိကအရောင် (နံရံ၊ ကြမ်းပြင်)
✔️ 30% – ဒုတိယအရောင် (ပရိဘောဂ)
✔️ 10% – Accent Color (ခေါင်းအုံး၊ ပန်းချီ၊ အလှဆင်ပစ္စည်း)

အရောင်ရွေးချယ်မှုမှန်ကန်တာက အခန်းကို လှပစေရုံသာမက နေထိုင်သူရဲ့ စိတ်ခံစားမှုနဲ့ သက်သောင့်သက်သာဖြစ်မှုကိုလည်း အထောက်အကူပြုပါတယ်နော်။

Condo တွေမှာ အခုခေတ် လူကြိုက်များတာက White + Light Blue + Light Oak Wood ဆိုတဲ့ Color Palette ပါ။ ဒီပေါင်းစပ်မှုက အခန်းကို ကျယ်ဝန်း၊ သန့်ရှင်းပြီး အေးချမ်းတဲ့ခံစားချက် ပေးတဲ့အတွက် အထူးသဖြင့် Mini Condo တွေအတွက် အလွန်လိုက်ဖက်ပါတယ်ရှင်။

ကျွန်မတို့ရဲ့ MDH Property By Nation Light မှာဆိုရင် Condo Project တွေသာမက Interior ပြင်ဆင်ခြင်း Service လေးတွေလည်း customer များ၏ စိတ်တိုင်းကျဖြစ်အောင် ကူညီဆောင်ရွက်ပေးနေတာမို့ Interior ပြင်ဆင်မယ်ဆိုရင် MDH Property By Nation Light ကို သတိရပေးပါနော်။အခန်းဈေးနှုန်းများနှင့် စိတ်ဝင်စားသည့် project များ၏ Site ကို လေ့လာလိုပါက Nation Light ရဲ့ Page Chat Box သို့မဟုတ် 09-777716706 နှင့် 09-774950675 ကိုလည်း ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

တိုက်ခန်းဝယ်ဖို့ စဥ်းစားနေပြီဆိုရင် ခြံအမှတ် အလှလေးနဲ့ Lucky (7) ဖြစ်မယ့် 777 Project လေးရှိဦးမယ်နော် 🏢MDH Property By ...
08/07/2026

တိုက်ခန်းဝယ်ဖို့ စဥ်းစားနေပြီဆိုရင် ခြံအမှတ် အလှလေးနဲ့ Lucky (7) ဖြစ်မယ့် 777 Project လေးရှိဦးမယ်နော် 🏢

MDH Property By Nation Light က တာဝန်ယူဆောက်လုပ်ပေးနေတဲ့ 777 Site Progress လေးပါရှင်။

ဒီ Project လေးကတော့ အခန်းကျယ်ကျယ်လေးနဲ့ Lift လည်းပါပြီး ကားပါကင်ကလည်း တစ်ခန်းကို တစ်စီးစာရဦးမှာဆိုတော့ လက်လွှတ်မခံသင့်တဲ့ project ထဲမှာပါတယ်နော် 👨‍👩‍👦

Project ၏ နောက်ဆုံးတိုးတက်မှုများကိုလည်း ဆက်လက်မျှဝေပေးသွားမည်ဖြစ်သဖြင့် Page ကို Follow လုပ်ထားပေးပါဦးရှင်။

အခန်းဈေးနှုန်းများနှင့် စိတ်ဝင်စားသည့် project များ၏ Site ကို လေ့လာလိုပါက MDH Property By Nation Light ရဲ့ Page Chat Box သို့မဟုတ် 09-777716706 နှင့် 09-774950675 ကိုလည်း ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

🏗️ အဆောက်အဦးတစ်ခု မဆောက်ခင် Soil Test ဘာကြောင့် မဖြစ်မနေလုပ်သင့်တာလဲ? သေသပ်လှပပြီးခိုင်ခံ့တဲ့ အဆောက်အဦးတစ်လုံးရဲ့ အခြေခံ...
07/07/2026

🏗️ အဆောက်အဦးတစ်ခု မဆောက်ခင် Soil Test ဘာကြောင့် မဖြစ်မနေလုပ်သင့်တာလဲ?

သေသပ်လှပပြီးခိုင်ခံ့တဲ့ အဆောက်အဦးတစ်လုံးရဲ့ အခြေခံက ကွန်ကရစ်နဲ့ သံတင်မကပါဘူး။ "မြေသားအရည်အသွေး" ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်ရှင်။

မြေသားစမ်းသပ်စစ်ဆေးခြင်းဆိုတာက အဆောက်အဦးဆောက်လုပ်မယ့် မြေကြီးရဲ့ အခြေအနေ၊ ခံနိုင်အားနဲ့ Foundation အတွက် သင့်တော်မှုကို စစ်ဆေးပေးတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။

• မြေသားရဲ့ ခံနိုင်အားကို တိတိကျကျ သိရှိနိုင်ခြင်း။

• Foundation အမျိုးအစားနှင့် အနက်ကို မှန်ကန်စွာ ရွေးချယ်နိုင်ခြင်း။

• မြေကျွံခြင်း၊ နံရံအက်ခြင်းနှင့် အခြား Structural ပြဿနာများ ဖြစ်ပေါ်နိုင်ခြေကို လျှော့ချပေးခြင်း။

• လုံခြုံစိတ်ချရပြီး ရေရှည်တည်တံ့သော အဆောက်အဦးတစ်လုံး တည်ဆောက်နိုင်ခြင်း။

• လိုအပ်သည်ထက် Foundation ကြီးမားလွန်းခြင်း သို့မဟုတ် သေးငယ်လွန်းခြင်းကို ရှောင်ရှားနိုင်သဖြင့် ကုန်ကျစရိတ်ကိုလည်း ပိုမိုထိရောက်စွာ စီမံနိုင်ခြင်းတို့ကြောင့် ဘယ်လိုအဆောက်ဦးမျိုးမဆို Soil Test ဟာ တကယ်ပဲ အရေးကြီးဆုံး အဆင့်တစ်ခုဖြစ်ပါတယ်။

ကျွန်မတို့ရဲ့ MDH Property By Nation Light အနေဖြင့် အရည်အသွေး၊ လုံခြုံရေးနှင့် အင်ဂျင်နီယာစံနှုန်းများကို အလေးထားပြီး Project တိုင်းကို အစမှအဆုံးထိ ဂရုတစိုက် ဆောင်ရွက်လျက်ရှိပါတယ်ရှင်။

အခန်းဈေးနှုန်းများနှင့် စိတ်ဝင်စားသည့် project များ၏ Site ကို လေ့လာလိုပါက MDH Property By Nation Light ရဲ့ Page Chat Box သို့မဟုတ် 09-777716706 နှင့် 09-774950675 ကိုလည်း ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

MDH Property By Nation Light ရဲ့ Project လေးတွေ အချိန်နှင့် တပြေးညီ လည်ပတ်နေပါတယ်နော် 😍MDH Property By Nation Light က တာ...
06/07/2026

MDH Property By Nation Light ရဲ့ Project လေးတွေ အချိန်နှင့် တပြေးညီ လည်ပတ်နေပါတယ်နော် 😍

MDH Property By Nation Light က တာဝန်ယူဆောက်လုပ်ပေးနေသော အမှတ် ၂၂ Codominium Project သည် သတ်မှတ်ထားသော Project Timeline အတိုင်း အဆင့်ဆင့် တိုးတက်လျက်ရှိပါသည်။

လက်ရှိတွင် M&E (Mechanical & Electrical) Works များကို စတင်ဆောင်ရွက်နေပြီဖြစ်ပြီး၊ အဆောက်အဦး၏ အရည်အသွေးနှင့် အသုံးပြုရမည့်စနစ်များကို စံချိန်စံညွှန်းများနှင့်အညီ ဂရုတစိုက် တပ်ဆင်သွားမည် ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် 6th Floor Slab Formwork လုပ်ငန်းများကိုလည်း စီမံကိန်းအချိန်ဇယားနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေပါသည်။

အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော နေထိုင်ရာအဆောက်အဦးတစ်ခု ဖြစ်ပေါ်လာစေရန် စိတ်အားထက်သန်စွာဖြင့် Project ၏ နောက်ဆုံးတိုးတက်မှုများကိုလည်း ဆက်လက်မျှဝေပေးသွားမည်ဖြစ်သဖြင့် Page ကို Follow လုပ်ထားပေးပါဦးရှင်။

အခန်းဈေးနှုန်းများနှင့် စိတ်ဝင်စားသည့် project များ၏ Site ကို လေ့လာလိုပါက MDH property By Nation Light ရဲ့ Page Chat Box သို့မဟုတ် 09-777716706 နှင့် 09-774950675 ကိုလည်း ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။

MDH Property By Nation Light နဲ့အတူ သင့်ရဲ့ စိတ်ကူးအိမ်လေးကို ပိုင်ဆိုင်လိုက်ပါ 🏡✨ မိုးအေးပေမယ့်အရောင်းမအေးတဲ့ MDH Prope...
01/07/2026

MDH Property By Nation Light နဲ့အတူ သင့်ရဲ့ စိတ်ကူးအိမ်လေးကို ပိုင်ဆိုင်လိုက်ပါ 🏡✨

မိုးအေးပေမယ့်အရောင်းမအေးတဲ့ MDH Property By Nation Light ရဲ့ Project အခန်းလေးတွေကို တစ်စုတစ်စည်းတည်းကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်ရှင်။

MDH Property By Nation Light ရဲ့ Project တိုင်းကို ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးကြတဲ မိတ်ဟောင်းမိတ်သစ် Customer များအတွက် လုပ်ငန်းအပ်နှံပြီးချိန်မှစ၍ (2) နှစ်တာ ကာလအတွင်း MDH Property By Nation Light ဖက်မှ အာမခံ ထားရှိပေးသွားမှာဖြစ်တဲ့အပြင် အာမခံ policy စာရွက်စာတမ်းများကိုလည်း ပေးအပ်သွားဦးမှာပါနော်။

✅ ငလျင်ဒဏ် resistance လည်း 8.0 အထိ ခံနိုင်ရည်ရှိမယ်။

✅ Premium Quality Material သုံးတာကိုမှ ကြိုက်တယ်။

✅ Design ကိုလည်း laxury ဖြစ်တာမျိုးလိုချင်တယ်။

✅ နေရာကောင်း၊ လမ်းသန့်တာလေးကိုမှ ရှာနေတာဆိုရင်တော့ ဒီ Project လေးတွေက အသင့်တော်ဆုံးပါပဲ။

အခန်းဈေးနှုန်းများနှင့် စိတ်ဝင်စားသည့် project များ၏ Site ကို လေ့လာလိုပါက MDH Property ByNation Light ရဲ့ Page Chat Box သို့မဟုတ် 09-777716706 နှင့် 09-774950675 ကိုလည်း ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်ရှင်။


MDH Property By Nation Light က ပြုလုပ်ပေးနေတဲ့ Promotion တွေနဲ့ Update ဈေးနှုန်းတွေကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေဖို့အတွက် Telegram Channel နဲ့ Viber Channel လေးတွေကိုလည်း Join ထားပေးဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://t.me/mdhproperty

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/...


&apartment

🌧️🏡 မိုးရာသီမှာစိတ်ပူရလေ့ရှိတဲ့ မှိုတက်ခြင်း နဲ့ အနံဆိုးများကိုဘယ်လိုကာကွယ်ရမလဲ? 🌧️🏡🌧️🏡 မိုးရာသီရောက်ပြီဆိုတာနဲ့ Mini Co...
12/06/2026

🌧️🏡 မိုးရာသီမှာစိတ်ပူရလေ့ရှိတဲ့ မှိုတက်ခြင်း နဲ့ အနံဆိုးများကိုဘယ်လိုကာကွယ်ရမလဲ? 🌧️🏡

🌧️🏡 မိုးရာသီရောက်ပြီဆိုတာနဲ့ Mini Condo ပိုင်ရှင်တော်တော်များများ စိတ်ပူရတဲ့ ပြဿနာ နှစ်ခုရှိပါတယ်။ အဲ့ဒါက်တော့ မှိုတက်တာနဲ့ အနံ့ဆိုးတွေ ဝင်လာတာပဲဖြစ်ပါတယ်…

🌧️🏡 တချို့ Mini Condo တွေမှာ လေဝင်လေထွက် သိပ်မကောင်းတတ်သလို၊ စိုထိုင်းဆများလာရင်လည်း နံရံတွေ စိုစွတ်ပြီး မှိုစတက်တတ်ပါတယ် ၊ ဒါပေမယ့် စိတ်မပူပါနဲ့တော့…ဒီအောက်က Professional ကျတဲ့ ကာကွယ်နည်း (၃) ချက် ကို သိထားရင်တော့ မိုးရာသီတစ်လျှောက်လုံး လူကြီးမင်းတို့ရဲ့ Mini Condo အခန်းလေးက ခြောက်သွေ့သန့်ရှင်းနေမှာ အသေချာပဲဖြစ်ပါတယ်နော်…

၁။ လေဝင်လေထွက်ဖန်တီးပေးခြင်း

🌧️🏡 ပြတင်းပေါက်သေးတဲ့ Mini Condo မှာ သဘာဝအတိုင်း လေဝင်လေထွက်ကောင်းဖို့ ခက်ပါတယ်။ အဲဒါကြောင့် Exhaust Fan ဒါမှမဟုတ် Dehumidifier တစ်ခုလောက်ဆောင်ထားခြင်းဖြင့် သင့်အခန်းတွင်းဖြစ်ပေါ်လာမဲ့ စိုထိုင်းဆတွေကို ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်…

၂။ မှိုကာကွယ်တဲ့ နံရံသုတ်ဆေးအသုံးပြုခြင်း

🌧️🏡 မိုးရာသီမှာ ဖြစ်ပေါ်လာလေ့ရှိတဲ့ စိုထိုင်းဆတွေနဲ့ မှိုတက်ခြင်းကိုကာကွယ်နိုင်ဖို့အတွက်ဆို Anti-Mold နဲ့ Anti-Fungal ပါတဲ့ နံရံဆေးတွေက စိုစွတ်မှုကြောင့် မှိုမတက်အောင် ထိန်းပေးတာကြောင့် နံရံသုတ်ဆေးကိုလည်း သေချာလေးရွေးချယ်ဖို့ အကြံပြုပါရစေနော်…

၃။ ပရိဘောဂတွေကို အနည်းငယ်ခြားထားခြင်း

🌧️🏡 ပရိဘောဂတွေကို နံရံနဲ့ ကပ်ပြီးထားမိရင် အနောက်ဖက်နေရာကို လေဝင်လေထွက်ဖြစ်နိုင်မှုအားနည်း သွားမှာပဲဖြစ်ပါတယ် ၊ အဲ့လိုအားနည်းသွားပြီဆိုတာနဲ့ စိုထိုင်းဆတွေနဲ့အတူ မှိုတွေ အလွယ်တကူ ပေါက်တတ်တာကြောင့် ပရိဘောဂပစ္စည်းတွေကို နံရံနဲ့ အနည်းဆုံး (၂)လက်မခြားထားဖို့မမေ့ပါနဲ့နော်…

ဒီနေ့မှာမျှဝေပေးခဲ့တဲ့ အကြောင်းအရာလေးကိုနှစ်သက်သဘောကျတယ်ဆိုရင် Page လေးကို Like & Follow လေးလုပ်ထားပြီးစောင့်ကြည့်ဖို့မမေ့ပါနဲ့နော်…🥰

Address

No. 59, 4th Street , 3rd Ward , South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 05:00
Tuesday 09:00 - 05:00
Wednesday 09:00 - 05:00
Thursday 09:00 - 05:00
Friday 09:00 - 05:00
Saturday 09:00 - 05:00

Alerts

Be the first to know and let us send you an email when MDH Property by Nation Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share