31/07/2026
အိမ်ဆောက်တဲ့အခါ ဘိလပ်မြေရွေးချယ်မှုက အရေးကြီးပါတယ်။🏠
အသုံးပြုမယ့်နေရာနဲ့ ကိုက်ညီတဲ့ Cement ကို ရွေးချယ်ခြင်းက အဆောက်အဦးရဲ့ အရည်အသွေးကို ပိုကောင်းစေပါတယ်။
အိမ်ဆောက်တဲ့နေရာမှာ သုံးတဲ့ ဘိလပ်မြေ ၂ မျိုး♾️
1. OPC (Ordinary Portland Cement)
ပါဝင်ပစ္စည်း
* Clinker (ထုံးကျောက် + မြေစေးကို အပူမြင့်နဲ့ ဖုတ်ပြီးရတဲ့ အဓိကပစ္စည်း)
* Gypsum (အချိန်မတိုင်ခင် ခဲမသွားအောင် ထိန်းပေးတဲ့ပစ္စည်း)
အားသာချက်
* ခိုင်ခံ့မှု မြန်မြန်ရတယ်
* Early Strength ကောင်းတယ်
သုံးတဲ့နေရာ
✅ Column
✅ Beam
✅ Slab
✅ Foundation လို Structural ပိုင်းတွေမှာ သုံးကြပါတယ်။
PPC (Portland Pozzolana Cement)
ပါဝင်ပစ္စည်း
* Clinker
* Gypsum
* Pozzolana (Fly Ash / Volcanic Ash အမျိုးအစား ပစ္စည်းတွေ)
အားသာချက်
* ရေရှည်ခံနိုင်ရည်ကောင်း
* အပူထွက်နည်း
* Crack ဖြစ်နိုင်ခြေ လျော့
* Chemical တိုက်စားမှုကို ပိုခံနိုင်
သုံးတဲ့နေရာ
✅ အုတ်စီခြင်း
✅ အင်္ဂတေချောခြင်း (Plastering)
✅ ရေရှည်ခံဖို့လိုတဲ့ Construction Work တွေမှာ အသုံးပြုကြပါတယ်။
ပစ္စည်းရွေးချယ်မှုမှ စတင်ပြီး အရည်အသွေးပြည့်ဝတဲ့ အိမ်တစ်လုံးအထိ
Lwin LT Construction က တာဝန်ယူတည်ဆောက်ပေးပါသည်။
LT Construction