Pyae Phyo, Ever Light

Pyae Phyo, Ever Light Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Phyo, Ever Light, Kan street, Yangon.

17/10/2025

゚viralシ

13/10/2025

08/10/2025
သီတင်းကျွတ်လပြည့်နေ့ (သို့မဟုတ်) အဘိဓမ္မာအခါတော်နေ့ 🪔~~~~~~~~~~~~~~~အောက်တိုဘာလ (၆)ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်မြန...
06/10/2025

သီတင်းကျွတ်လပြည့်နေ့ (သို့မဟုတ်) အဘိဓမ္မာအခါတော်နေ့ 🪔
~~~~~~~~~~~~~~~
အောက်တိုဘာလ (၆)ရက်နေ့တွင် ကျရောက်သော ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်အပါအဝင်ဖြစ်သည့် သီတင်းကျွတ်လပြည့်နေ့တွင် မြန်မာပြည်သူပြည်သားအပေါင်း စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ပြီး ‌ဘေးဘယာဝေးကွာစေရန် Ever Light Real Estate မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယလေး ဖြစ်ပါစေ...🪔

05/10/2025

02/10/2025

“ကိုယ်အခု လက်ရှိပိုင်ဆိုင်ထားတဲ့အရာကို လက်တွေ့ခြယ်လှယ်အသုံးချနိုင်ပြီလား 🤔”






🏢 Semi Condo ဆိုတာဘာလဲ?မြို့ပြနေထိုင်မှုစနစ်မှာ အရမ်းတွေ့ရတဲ့ "Condo" ဆိုတဲ့စကားလုံးအတိုင်းပဲ၊ "Semi Condo" ဆိုတာကလည်း C...
28/07/2025

🏢 Semi Condo ဆိုတာဘာလဲ?

မြို့ပြနေထိုင်မှုစနစ်မှာ အရမ်းတွေ့ရတဲ့ "Condo" ဆိုတဲ့စကားလုံးအတိုင်းပဲ၊ "Semi Condo" ဆိုတာကလည်း Condominium နဲ့ Apartment အကြားမှာတည်ရှိတဲ့ အိမ်ခြံမြေ တစ်မျိုးပဲဖြစ်ပါတယ်။

ရိုးရိုးလို့ပြောရရင် –
✔️ Condo လို့ခေါ်တာတွေကတော့ ဥပဒေအရ မှန်မှန်ကန်ကန် အထပ်မြင့်တိုက်အနေနဲ့ စီမံခန့်ခွဲမှု စနစ်ရှိပြီး၊ တိုက်ခန်းပိုင်ဆိုင်ခွင့်လည်းအပြည့်ရှိပါတယ်။
✔️ ဒါ့အပြင် Apartment ကတော့ အထပ်မြင့်တိုက်ပေမယ့် ပိုင်ဆိုင်မှုမရှိပဲ ငှားရမ်းနေရတဲ့ပုံစံလိုမျိူး ဖြစ်ပါတယ်။
✔️ ဒါကြောင့် Semi Condo ဆိုတာက Condo တစ်ခုလိုပဲ ပုံစံအနေနဲ့ ဆင်တူပေမယ့် မူပိုင်ခွင့်၊ စီမံခန့်ခွဲမှု စနစ် တချို့က မတူနိုင်ဘဲ Condo Standard မပြည့်မစုံတဲ့ project တွေကို ခေါ်တာပါ။

---

✅ Semi Condo ရဲ့ အားသာချက်များ

1. ဈေးနှုန်းသက်သာမှု – Condo ထက်စျေးသက်သာတဲ့အတွက် စျေးတန်ရာနေရာမှာ မျှတတဲ့ facilities ရရှိနိုင်တယ်။

2. အခြေခံ Facilities ရရှိနိုင်မှု – Swimming pool, lift, car parking တို့လို basic facilities တချို့ပါဝင်တတ်တယ်။

3. နေရာရွေးချယ်မှုများပြားမှု – မြို့ထဲ၊ မြို့သစ်မှာ ရရှိနိုင်တာကြောင့် စျေးနှုန်းသင့်တင့်တယ်။
---

⚠️ Semi Condo ရဲ့ စဉ်းစားစရာအချက်များ

1. မြေပိုင်ခွင့်မရှိနိုင်ခြင်း – တချို့ Semi Condo တွေမှာ မြေမူပိုင်ခွင့် မပါဝင်နိုင်သေးဘူး။

2. စီမံခန့်ခွဲမှု မတိကျခြင်း – Condo Law အောက်မှာမရှိလို့ တော်တော်များများမှာ management weak ဖြစ်တတ်တယ်။

3. Facilities မပြည့်စုံခြင်း – Condo တစ်ခုလို gym, generator, 24/7 security တို့ကိုမပါဝင်နိုင်ခြင်း။

---

🤔 သင့်အတွက် သင့်လျော်ပါသလား?

သင့်အတွက် Condo တစ်ခုမှာနေရမလား၊ Apartment လားဆိုတာ စဉ်းစားနေတဲ့အချိန်မှာ Semi Condo ဆိုတာကလည်း option တစ်ခုပဲဖြစ်တယ်။

သက်သာတဲ့ budget နဲ့ ညီညွတ်တဲ့ facilities ရချင်သူတွေအတွက်တော့ စဉ်းစားသင့်ပါတယ်။

ဒါပေမယ့် အနာဂတ်မှာ မြေမူပိုင်မှု၊ ငွေတန်ဖိုး တိုးတက်မှုကို အလေးထားသူတွေကတော့ Condo ဆိုတာ တစ်ခုနဲ့တင် စဉ်းစားသင့်ပါတယ်။

ရင်းနှီးမြုပ်နံမူဆိုတာ ကံမဟုတ်ဘူး ဉာဏ်ပါ

🌾 စိုက်ပျိုးမြေ ဆိုတာဘာလဲ?စိုက်ပျိုးလုပ်ငန်းတွေအတွက် သီးသန့်သုံးဖို့ သတ်မှတ်ထားတဲ့ မြေပါ။မြေသုံးစွဲမှုအမျိုးအစားပြောင်းခ...
16/07/2025

🌾 စိုက်ပျိုးမြေ ဆိုတာဘာလဲ?

စိုက်ပျိုးလုပ်ငန်းတွေအတွက် သီးသန့်သုံးဖို့ သတ်မှတ်ထားတဲ့ မြေပါ။
မြေသုံးစွဲမှုအမျိုးအစားပြောင်းချင်ရင် အစိုးရ ခွင့်ပြုချက်လိုတယ်။
---
📝 စိုက်ပျိုးမြေရဲ့ စာရွက်စာတမ်း (Document)
စိုက်ပျိုးမြေရဲ့ အဓိကစာရွက်စာတမ်းက Form 7 ပါ။
Form 7 ကို မြေယာစီမံခန့်ခွဲရေးဦးစီးဌာန က ပေးတယ်။
မြေရှင်နာမည်၊ မြေရဲ့ တည်နေရာ၊ အတိုင်းအတာ၊ သီးသန့်နံပါတ် တို့ဖော်ပြထားတယ်။
Form 7 ရှိမှတကယ်ပိုင်ဆိုင်သူအဖြစ် သတ်မှတ်ခံရတယ်။
---
💰 ရောင်းဝယ်ခွင့်
စိုက်ပျိုးမြေကို ရောင်းချ၊ နောက်ထပ် ခွင့်ပြုချက်လိုပါတယ်။
အထူးသဖြင့် မြေသဘောပြောင်းသုံးမယ် (e.g. စိုက်ပျိုး→အိမ်ဆောက်ရန်) ဆိုရင် တင်းကြပ်စွာ စစ်ဆေးတယ်။
---
⚖️ ဥပဒေသတ်မှတ်ချက်များ
2012 ခုနှစ် မြေယာသုံးစွဲခွင့်ဆိုင်ရာဥပဒေ (Farmland Law) အောက်မှာ စီမံထားတယ်။
သီးသန့်လုပ်ငန်းပြောင်းသုံးချင်ရင် အစိုးရကခွင့်ပြုဖို့တောင်းရမယ်။
မခွင့်ပြုဘဲ ပြောင်းသုံးလိုက်ရင် မြေသိမ်းခံနိုင်တယ်။
---
🚫 ကန့်သတ်ချက်တွေ
အိမ်ဆောက်တာ၊ စက်မှုလုပ်ငန်းတည်ဆောက်တာ စတဲ့ ပြောင်းသုံးတာ မလုပ်နိုင်ပါ။
တစ်ခါတစ်လေ အာဏာပိုင်တွေက စိုက်ပျိုးအောင်မြင်မှု စစ်ဆေးတတ်တယ်။
မြေသိမ်းခံရနိုင်တဲ့ အန္တရာယ် ရှိတယ် (ဥပမာ – မသုံးတာကြာလွန်း၊ စည်းမျဉ်းချိုးတာ)

စိုက်ပျိုးမြေ ကို ဝယ်ယူတော့မယ်ဆိုရင်တော့ ဒီအချတ်လက်လေးတွေသိထားသင့်ပါတယ်

ရင်းနှီးမြုပ်နှံမူ ဆိုတာ ‌ကံ မဟုတ်ဘူး ဉာဏ်ပါ

14/07/2025

2025 မှာ အိမ်ခြံမြေ ကိုရင်းနှီမြုပ်နှံ သင့်သေးလား

အကယ်၍ ရင်းနှီးမြုပ်နှံတော့မယ်ဆိုရင်ရော်.........
မြေလာ??????
Condo လာ ?????????

12/07/2025

Condo ဝယ်ဖို့ စိတ်ကူးတည်ထားသူတွေ အတွက် ဒီအချက်တွေကို သတိထားကြည့်ဖို့ အရေးကြီးပါတယ်။

🏢 Condo ဝယ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ
---
၁။ တည်နေရာ(Location)
နေထိုင်ရလွယ်ကူမှု (ပတ်ဝန်းကျင်၊ သယ်ယူပို့ဆောင်ရေး၊ ဆေးရုံ၊ စားသောက်ဆိုင်များ)
ရှေ့ဆောင် ရောင်းဝယ်ရေး စျေးကွက်အခြေအနေ
၂။ အဆောက်အအုံအရည်အသွေး (Building Quality & Age)
ဆောက်လုပ်ထားပြီး ကြာချိန်
အသုံးပြုထားတဲ့ ပစ္စည်းအရည်အသွေး
အဆောက်အအုံ ပြုပြင်ထိန်းသိမ်းမှု အခြေအနေ
၃။ အိမ်ခန်းဒီဇိုင်းနှင့် အသုံးပြုမှု (Layout & Usability)
အခန်းအရွယ်အစား
အခန်းပုံစံနှင့် အသုံးချနိုင်မှု
အလင်းရောင်၊ လေဝင်လေထွက်
၄။ အဆင့်မြင့် Facility များ (Facilities & Amenities)
ရေကူးကန်၊ အားကစားခန်း၊ လုံခြုံရေး စနစ် စသည်
၅။ စီးပွားရေးအခြေအနေ (Financial Factors)
စျေးနှုန်းနှင့် ငွေကြေးစီမံခန့်ခွဲမှု
ပိုင်ဆိုင်မူ၊ စီမံခန့်ခွဲသူ အဖွဲ့
ငှားရမ်းမှု အခွင့်အလမ်း။ စတာလေးတွေကို သတိထားလေ့လာဆန်းစစ်သင့်ပါတယ်

✨ရင်းနှီးမြုပ်နုံမူဆိုတာ ကံမဟုတ်ဘူး ဉာဏ်ပါ✨

11/07/2025

“အိမ်ခြံမြေဆိုတာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။
→ နေဖို့အိမ်အတွက်လား?
→ ရင်းနှီးမြှုပ်နှံဖို့လား?

“မြန်မာအိမ်ခြံမြေဈေးကွက်—တည်ငြိမ်မှုနဲ့ အပြောင်းအလဲကြားက သာမန်မဟုတ်တဲ့ အဖြစ်အပျက်တွေ…
တစ်ခါက ဖြစ်ခဲ့တာတွေက အနာဂတ်ကို ဘယ်လိုသွားစေမလဲ?
ရင်းနှီးမြှုပ်နှံသူတိုင်း အာရုံစိုက်သင့်တဲ့ အချက်တွေ က ဘာလဲ????
✨ရင်းနှီးမြုပ်နှံမူဆိုတာ ကံမဟုတ်ဘူး ဉာဏ်ပါ✨

Address

Kan Street
Yangon

Telephone

+959765105263

Website

Alerts

Be the first to know and let us send you an email when Pyae Phyo, Ever Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share