16/07/2026
[English Below]
၂၀၁၃ ခုနှစ်ဝန်းကျင်မှာ သတင်းထောက်အလုပ်ကို စတင်လုပ်ကိုင်ခဲ့တဲ့ မခင် တစ်ယောက် မီဒီယာနယ်ပယ်မှာ အခက်အခဲတွေရှိလာခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ဆက်လက်လုပ်ကိုင်ဖို့ စိတ်အားထက်သန်မှုတွေ လျော့နည်းလာခဲ့ပါတယ်။ အပြောင်းအလဲအနေနဲ့ စိတ်အားတက်ကြွမှုလည်းရှိပြီး တက်တက်ကြွကြွနဲ့ အဖွဲ့လိုက်ပါဝင်လှုပ်ရှားနိုင်တဲ့ အလုပ်အကိုင်တစ်ခုကို ပြောင်းလုပ်ကြည့်ချင်ခဲ့ပါတယ်။
ဒို့အိမ်ရဲ့ “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်က အမျိုးသမီးတွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်နိုင်စေဖို့ ရည်ရွယ်ပြုလုပ်တယ်ဆိုတာကို သိရတဲ့အခါမှာတော့ မခင်တစ်ယောက် ဆယ်စုနှစ်တစ်ခုလောက် လုပ်ခဲ့တဲ့ အလုပ်ကိုစွန့်ပြီး ဒီပရိုဂရမ်ကို သေချာတက်ဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတယ်။
ပရိုဂရမ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကိုလည်း မခင် က အခုလို မျှဝေခဲ့ပါတယ်။
“ဆိုက်ထဲကိုဆင်းရတာက ကျွန်တော် ဒီပရိုဂရမ်ကို လျှောက်ဖြစ်တဲ့ အဓိက အကြောင်းအရင်းပါ။ လက်တွေ့ တစ်လ တကယ့် လုပ်ငန်းခွင်ကို ပို့ပေးတယ်ဆိုတာ အတော်လေးကောင်းတဲ့ အခွင့်အရေးလို့ ကျွန်တော်မြင်တယ်။
အလုပ်သင်တစ်လက ဒီနယ်ပယ် အကြောင်းနဲ့ တချို့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပိုပြီး ချိတ်ဆက်မိသွားနိုင်ဖို့ အခွင့်အရေးကောင်းတစ်ခုပါ။”
လက်ရှိမှာ ဒုတိယကြိမ်မြောက် “အမျိုးသမီးများနဲ့ ဆောက်လုပ်ရေး” ပရိုဂရမ်အတွက် တက်ရောက်လိုတဲ့ အမျိုးသမီးတွေကိုခေါ်ယူနေပြီး စိတ်ပါဝင်စားတဲ့သူတွေအနေနဲ့ ဇူလိုင်လ (၂၆) ရက်နေ့ မတိုင်ခင် အောက်ပါ လင့်ခ်ကနေတစ်ဆင့် လျှောက်ထားနိုင်ပါပြီ။
စာရင်းပေးသွင်းရန် လျှောက်လွှာလင့်ခ် -
https://docs.google.com/forms/d/1woEwFx2XvaSIVO8tLwCz1R7Mcb4o28ES8gRXtDGZOng/viewform?edit_requested=true
ပရိုဂရမ်အသစ်ကို တက်ရောက်ဖို့ စိတ်ဝင်စားတဲ့ သူတွေအနေနဲ့ ၀၉ ၉၆၉၁၂၉၈၉၅ ကို ဆက်သွယ်မေးမြန်းနိုင်သလို အောက်ပါလင့်ခ်ကနေ တစ်ဆင့်လည်း Viber channel ကို ဝင်ရောက်ပြီး အသေးစိတ် အချက်အလက်တွေ ကြည့်ရှုနိုင်ပါတယ်။
invite.viber.com/?g2=AQBOV0jACfA%2F%2F1azrdurmwsTRyX8Fk92JlaphjqfXOqCBuURpmRLFi5xp7N0Yrvs
___________________
Ma Khin, who had worked as a reporter in the media industry since 2013 began to lose her motivation to go to work everyday due to industry challenges and personal matters. Seeking a change, she longs to work in a dynamic and team-oriented environment.
When she first found out about the purpose of Doh Eain’s “Women in Construction” programme which empower women to work in the construction industry, she decided to take the risk of leaving behind her decade-long career to fully commit to this training.
Ma Khin shares her thoughts on the “Women in Construction” saying:
“Getting the chance to work on a construction site was my main motivation to apply. Being able to work on-site for a month is a major perk of the programme.
I believe this one-month internship will be the perfect opportunity to get to know the construction industry deeply and make connections with industry professionals.”
Currently “Women in Construction II: Bold Builders” is recruiting and the application can be submitted through the link below by July 26:
https://docs.google.com/forms/d/1woEwFx2XvaSIVO8tLwCz1R7Mcb4o28ES8gRXtDGZOng/viewform?edit_requested=true
If you are interested in partnering with us, contact us at 09-969129895.