27/07/2026
🤔 မြေကွက်ကျဉ်းလို့ အဆောက်အဦးဆောက်တော့မယ်ဆိုရင် ဘာတွေကို လုပ်ရမလဲ? ဘာတွေကို ရှောင်ရမလဲ?
"မြေကွက်က သေးလို့ စိတ်ကူးထားသလို ဆောက်လို့မရတော့ဘူး" လို့ တွေးနေပါသလား?
တကယ်တော့ မြေကွက်ကျဉ်းတယ်ဆိုတာက ပြဿနာမဟုတ်ပါဘူး။ Planning မှန်ဖို့နဲ့ Design မှန်ဖို့က ပိုအရေးကြီးပါတယ်။ 🏗️
👇 မြေကွက်ကျဉ်းကျဉ်းမှာ အိမ်စဆောက်တော့မယ်ဆိုရင်
🤗 ဘာတွေကို လုပ်ရမလဲဆိုရင် -
✅ ပြတင်းပေါက်ကြီးကြီးများ တပ်ဆင်ပေးပါ၊ အိမ်အပေါ်ယံကနေ အလင်းရောင်ဝင်အောင် မိုးမျှော်ပြတင်း (သို့) ခေါင်မိုးမှန်ပေါက်များ ထည့်သွင်းဆောက်လုပ်ပါ။
✅ ဘေးတိုက် မြေမကျယ်ရင် အထက်ကို မြှင့်ဆောက်တာ (ထပ်ခိုး၊ အထပ်မြင့်) က အကောင်းဆုံး နည်းလမ်းပါ။
✅ နံရံမှာ ကပ်သုံးလို့ရတဲ့ စင်များ၊ အောက်မှာ ပစ္စည်းထည့်လို့ရတဲ့ အိပ်ရာကုတင်များ၊ ခေါက်လို့ရတဲ့ စားပွဲများစတဲ့ ဘာသာစုံသုံးလို့ရမယ့် ပရိဘောဂ (Multifunctional Furniture) တွေကို အသုံးပြုပါ။
🙄 ဘာတွေကို ရှောင်ရမလဲဆိုရင် -
❌ အိမ်ကျဉ်းကျဉ်းလေးထဲမှာ နံရံတွေအများကြီးကာရံပြီး အခန်းသေးသေးလေးတွေ အများကြီးခွဲလိုက်တာဟာ အကြီးမားဆုံး အမှားပါ။
❌ အိမ်နဲ့ မမျှအောင် ကြီးမားလွန်းတဲ့ ပရိဘောဂပစ္စည်းများ၊အဝတ်ဗီရိုကြီးများကို ထားရှိခြင်းက အိမ်ကိုပိုကျဉ်းသွားစေပါတယ်။
❌ နံရံနဲ့ မျက်နှာစာတွေမှာ အနက်၊ အညို၊ အပြာရင့် စတဲ့ အရောင်ရင့်ရင့်တွေ သုံးတာ၊ နံရံကပ်စက္ကူ အဆင်ရှုပ်တာမျိုးတွေ ကပ်တာမျိုး ရှောင်ပါ။
🏗️ "မြေကွက်ကျဉ်းလို့ ဘယ်လိုစပြီး ပုံစံဆွဲရမယ်မှန်း မသိရင်တော့ Taw Min Htet Construction ကို အခုပဲ တိုက်ရိုက် ဆက်သွယ် မေးမြန်းလိုက်ပါ!"
လူကြီးမင်း တည်ဆောက်မယ့် လုပ်ငန်းသုံး အဆောက်အအုံ၊ Luxury ကွန်ဒို (သို့) စီးပွားရေးအချက်အချာကျမယ့် နေရာတွေအတွက် ပညာရှင်များနှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက ယခုပဲ ဆက်သွယ်လိုက်ပါ☎️
📥 အသေးစိတ်ကို ရုံးချိန်
မနက် 9 နာရီမှ ညနေ 4 နာရီအတွင်း
Page Messenger ကနေ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သလို ဖုန်း
(09 - 662 817 412) ကိုလည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ🙇♂
📍လိပ်စာ- တိုက် (၁၃၅)၊ အခန်း (၄၀၁)၊ ချယ်ရီ (၂) လမ်း၊ (၂) လမ်းမကြီး၊ ဒီဇင်ဘာအိမ်ရာ၊ တောင်ဒဂုံမြို့နယ်။
#ကန်ထရိုက် #ဆောက်လုပ်ရေး