Electrical သူငယ္ခ်င္မ်ား

Electrical သူငယ္ခ်င္မ်ား Min

06/01/2023
28/09/2022

Table electric fan control wiring diagram

Please subscribe to our YouTube channel here 👉https://youtube.com/c/EGVITENGINEERING to stay tuned with us and our new updates in future.

27/09/2022
19/09/2022
09/09/2022

လျပ်စစ်မှာ Neutral ဆိုတာ ( ၆)
**********************************
ကျွန်တော်တို့ Industrial standard တွေမှာ Control တွေ အတွက် က 400 V , 230 V တို့ သုံးခွင့်မပေးပါဖူး။
အဲဒီ အတွက် step down transformer လေးတွေ ကိုတပ်ပြီး control power ပေး ပါတယ်။
Input က 230 Vac ( P + N ) ဖြစ်ပြီး out put က Neutral မရှိပါဖူး။ 24 Vac out put မှာဆိုရင် 12 Vac ရှိတတ်ပါတယ်။ p to p က 24 Vac ပေါ့။
Neutral လိုချင်ရင် 1 phase ကို Neutral နဲ့ ဆက်လိုက်တာပါပဲ။
အဲလို ဆိုရင် 24 Vac ( P + N ) ရသွားပါတယ်။
တချို့က ဒါ Phase ကို neutral နဲ့ ဆက်လိုက်ရင် Short circuit ဖြစ်သွားမယ် ထင် ကျပါတယ်။
မိတ်ဆွေတို့ရော အဲလို လုပ်ဖူးပါသလား။
ဆက်ရန်
Kyaw Oo ( EI Engineering )
AETHER Solar Engineering

07/09/2022

Exothermic Earthing
ခေတ်စနစ်ပြောင်းလဲလာသည်နှင့်အမျှ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်တပ်ဆင်မှု့ပုံစံများလဲပြောင်းလဲလာပါတယ်
ဒီ ပိုစ့်မှာ ကျွန်တော်ရေးသားသွားမယ့်အကြောင်းအရာကတော့ ခုနောက်ပိုင်းကျွန်တော်တို့နိုင်ငံမှာတွင်ကျယ်စွာအသုံးပြုလာတဲ့ exothermic
Connection အကြောင်းပါ
လူ ဒါမှမဟုတ်သက်ရှိတွေကိုလျှပ်စစ်အန္တရာယ်မှကာကွယ်ရန်
အဆောက်အဦးတွေမိုးကြိုးဒဏ်မှ ကာကွယ်ရန်
ထရမ်စဖော်မာ generator motorတွေ ကိုမလိုလားအပ်တဲ့ ပြသနာတွေမှကာကွယ်ရန် Earthချကြပါတယ်
Earth Rodတွေကိုမြေကြီးထဲရိုက်ထဲ့ပြီးတဲ့အခါမှာ
လိုအပ်သော အုမ်းအလိုက် ရရှိပြီဆိုသည်နှင့် Earth Rodနဲ့ Bare Copper (ကာဗာမပါ)(solid သို့မဟုတ် standard)ကြေးကြိုးတွေ earth rodနဲ့ Earth wireလို့ခေါ်တဲ့ စိမ်းဝါကြား ကြေးကြိုးတွေ(ကာဗာပါ)_နဲ့ လိုအပ်တဲ့နေရာတွေဆီအဆင့်ဆင့်ဆက်သွယ်ကြပါတယ်
မည်သည့်ကြေးကြိုးကိုသုံး၍ဆက်သည်ဖြစ်စေ
Rodနဲ့ ကြိုးဆက်တဲ့နေရာမှာ Bolt and Nutတွေသုံးပြီးဆက်တဲ့ နည်းနဲ့ Exothermic Connectionလို့ခေါ်တဲ့မိုလောင်းပြီး ဂဟေဆက်နည်းတွေကိုသုံးကြပါတယ်
Bolt and Nutတွေ သုံးတဲ့အတွက်ကုန်ကျစရိတ်သက်သာပါတယ်။ ကြေးကြိုးနဲ့ Earth Rodက တသားထဲပေါင်းမသွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ ခိုင်မြဲမှု့ကလျော့ကျသွားပါတယ် ။ ပြုပြင်ထိန်းသိမ်းဖို့ စစ်ဆေးဖို့အခါအားလျှော်စွာလိုအပ်ပါတယ်။ installerရဲ့ bolt nut ကျပ်အားမူတည်ပြီး faultဖြစ်ပွားတဲ့အချိန်စိတ်ချရမှု့ ကွဲလွဲနိုင်ပါတယ်

Exothermic Connectionမှာတော့ Rodနဲ့ကြေးကြိုးကို ယမ်းအသုံးပြုပြီးအရည်ပျော်ကာကပ်စေတာမိုလို့ ထိတွေ့မှု့ပမာဏကမြင့်ပါတယ်။ အဆက်အသွယ်လုပ်ပြီးတာနဲ့ တသားထဲဖြစ်သွားစေပြီး လျော့ရဲမှု့ ပြုတ်ထွက်မှု့မဖြစ်စေပါဘူး
ကနဦးကုန်ကျစရိတ်များပြားပါတယ်။
စိတ်ချရသော ဆက်သွယ်မှု့ဖြစ်တဲ့အတွက် တပ်ဆင်ပြီးပါက အနည်းငယ်သော ပြုပြင်ထိန်းသိမ်းမှု့သာလိုပါတယ်
Earth Rodနဲ့ ကြိုးက တသားထဲဖြစ်နေတဲ့အတွက် faultဖြစ်ပွားပါက စိတ်ချရမှု့ပိုပေးစွမ်းနိုင်ပါတယ်

အကျိုးတစ်စုံတရာရှိခဲ့ရင် like and Shareလေးနဲ့ အားပေးခဲ့ကြပါခဗျာ
ပုံလေးကတော့ towerတစ်လုံးမှာ exothermic earthing လုပ်ခဲ့တဲ့ပုံလေးပါ
Trademark Electrical Engineering Group

07/09/2022

Neutral မှာ ဖြူးစ်ခံသင့်သလားနှင့် Neutralအကြောင်း

လျှပ်စစ်ကာကွယ်ရေး အခြေခံပစ္စည်းတစ်ခုဖြစ်သော ဖြူးစ်များကိုယခင်နှစ်ပေါင်းများစွာမှစ၍ ယခုတိုင်သုံးနေကြဆဲဖြစ်သည်
အိမ်သုံးစနစ်ကာကွယ်ရေးအတွက် MCBဟုခေါ်သော ပတ်လမ်းဖြတ်ကိရိယာများတွင်ကျယ်စွာအသုံးပြုလာသော်လည်း fuseများကို ထပ်ဆင့်ကာကွယ်ရေးအဖြစ် လျှပ်စစ်တပ်ဆင်ရေးလုပ်သားများက အသုံးပြုလျက်ရှိကြသည်
မှန်ကန်တိကျသောဖြူးစ်သည် Circuit Breakerထက် လျှပ်စီးပတ်လမ်းဖြတ်တောက်ရာတွင် ပိုမိုလျှင်မြန်သည်။ ဖြူးစ်အမျိုးမျိုးရှိသည်အနက်မှ အိမ်သုံးကာကွယ်ရေး စနစ်အတွက် အများဆုံးအသုံးပြုလျှက်ရှိသော ဖြူးစ်မှာ အရပ်ခေါ် ကြွေဖြူးစ်ဟုခေါ်သည့် Rewirable fuse ပင်ဖြစ်သည်
ကြွေဖြူးစ်များကို လိုအပ်သောအင်ပီယာအလိုက် ဆိုက်အကြီးအသေးပေါ်မူတည်၍ရွေးချယ်ဝယ်ယူသော်လည်း အထဲတွင်သုံးသော ဖြူးစ်ဝါယာမှာ အဓိက ကျသည်။ စျေးကွက်တွင်အဆင်သင့်ပြုလုပ်ထားသော ဖြူးစ်ဝါယာများရှိသော်လည်း ဝယ်ယူသုံးစွဲမှု့မှာ နည်းပါးသွားပီဖြစ်သည်။ အလွယ်တကူပင် ဝါယာကြိုးထဲမှ တစ်မျှင်ကိုယူ၍ အသုံးပြုလျက်ရှိကြသည်။ ဖြူးစ်တစ်ချောင်း၏ လျှပ်စီးဖြတ်တောက်နိုင်စွမ်းမှာ ဖြူးစ်ဝါယာ၏ အရွယ်အစား အတိုအရှည် အသုံးပြုသော သတ္တုပေါ်များစွာမူတည်လျှက်ရှိပေသည်။
မည်သည့်ဖြူးစ်ကိုအသုံးပြုသည်ဖြစ်စေ ဖြူးစ်သဘောမှာ လျှပ်စီးပတ်လမ်းကိုဖြတ်တောက်ရန်အတွက် အဓိကဖြစ်ပေရာ ဖြူးစ်တပ်ဆင်ရာတွင် လျှပ်စီးစတင်ထွက်ခွာလာရာလမ်းကြောင်းဖြစ်သော phase ကြိုးခေါ် အပူကြိုးမှာသာတပ်ဆင်ရမည်ဖြစ်သည်။ neutral wire၌ တပ်ဆင်ရန်မလိုအပ်ချေ။ phase နှင် neutral ၂ခုစလုံးဖြူးစ်တပ်ဆင်ပါက ဖြစ်ပွားတတ်သောပြသနာများမှာ
Neutral ဘက်အခြမ်းဖြူးစ်ပြတ်တောက်ပါက လျှပ်စီးသည် phase wireမှတဆင့် loadသို့ဖြတ်စီးက neutralဝါယာဘက်တွင် ပတ်လမ်းတစ်ပတ်ပြည့်ရန် ရောက်ရှိနေမည်ဖြစ်၍ လူဖြင့်ထိမိပါက ဓါတ်လိုက်မည်ဖြစ်သည်။ အရပ်ခေါ် neutral မှဓါတ်လိုက်သည်ဟုခေါ်သည်။
Single phase သဘောအရ ဝန်အားတစ်ခုသုံးနေချိန်တွင် phase ဝါယာတွင်စီးဆင်းသွားသောလျှပ်စီးသည် 3အင်ပီယာဖြစ်လျှင် neutralဘက်အခြမ်းတွင် 3အင်ပီယာ ပြန်လည်စီးဆင်းသွားမည်ဖြစ်သည်။DB box ၌ phase wireဘက်အခြမ်းတွင် တစ်လိုင်းဖြတ်circuit breaker4ခုနှင့် ပတ်လမ်း4ခုခွဲလျှင် neutral ဝါယာ 4ချောင်းရှိရမည်ဖြစ်သည်။ အကယ်၍ neutral တစ်ချောင်းသို့မဟုတ် ၂ချောင်းသာရှိပါက ဖောက်ပေါင်းသည်ဟုခေါ်သည်။ ပတ်လမ်း၂ခုမှ တစ်ခုလျှင် ၃အင်ပီယာသယ်ဆောင်လျှင် ၂ခုပေါင်း၆အင်ပီယာသည် neutral ကြိုးတစ်ချောင်းထဲဖြစ်ပါက ၆အင်ပီယာသည် neutralကြိုးတွင် စီးဆင်းနေမည်ဖြစ်သည်။ ၎င်းကို neutral ဝန်ပိသည်ဟုခေါ်သည်။ neutral ဖောက်ပေါင်းထားသောအဆောက်အဦးတစ်လုံးအတွက် ပတ်လမ်းတစ်ခုတွင် ပြုပြင်စရာရှိ၍ တစ်လိုင်းဖြတ်ဘရိတ်ကာတစ်လုံးချက ဆောင်ရွက်သော်လည်း တခြားပတ်လမ်းမှ ဓါတ်လိုက်နိုင်ပါသည်။ neutral ကြိုးဝန်ပိပါက အပူကိုဖြစ်ပေါ်စေကာ ထိုအပူမှတဆင့် neutral fuse wireပြတ်တောက်စေရန်အကြောင်းဖန်လာတတ်သည်
မတူညီသောပတ်လမ်းများမှ neutral ကိုမျှဝေသုံးစွဲရသဖြင့် ဝါယာကြိုး၏သက်တမ်းကိုတိုစေသည်
လျှပ်စစ်ဝါယာရှော့ ဖြစ်ပွားစေနိုင်သည်
Neutralသည် လျှပ်စစ်ဓါတ်အားသုံးစွဲခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ရာ neutral ကြိုးဆိုက်ကို phase wireထက်လျော့ကာသုံးစွဲခြင်း neutralဖောက်ပေါင်းကာ မျှဝေသုံးစွဲခြင်း neutralတွင် ဖြူးစ်တပ်ဆင်ခြင်းများကို မလုပ်ဆောင်မိစေရန်အလို့ငှာ ဗဟုသုတရစေရန် ရေးသားလိုက်ရပါတယ်။
အမှားပါခဲ့ပါက ကျွန်တော်၏အမှားသာဖြစ်ကြောင်းနှင့် သည်းခံနားလည်ပေးပါရန်
Photo creditပေးပါတယ်
Trademark Electrical Engineering Group

07/09/2022

Address

Yangon

Telephone

09788452113

Website

Alerts

Be the first to know and let us send you an email when Electrical သူငယ္ခ်င္မ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share