03/10/2026
"Aircon ဖွင့်ထားတဲ့ အခန်းထဲ ဖုန်တွေထွက်အောင် သန့်ရှင်းရေးလုပ်ရင် အဲကွန်း ဘာဖြစ်တတ်လဲ❓ 🧹"
📌Aircon ဖွင့်ပြီး အေးအေးလူလူ ရှိနေတဲ့အချိန်မှာ အခန်းကို သန့်ရှင်းရေးလုပ်မယ်ဆိုပြီး ဖုန်စုပ်စက်သုံးတာ၊ ကုတင်ခင်းတွေ ခါတာ ဒါမှမဟုတ် အဝတ်အထည်တွေ အများကြီးပုံပြီး ခေါက်တာမျိုးတွေလုပ်မိနေတယ်ဆိုရင်တော့ …..
ဒီစာကိုဆုံးအောင်ဖတ်ပေးပါ…။‼️
Aircon ဖွင့်ထားတဲ့ အခန်းထဲမှာ ဖုန်မှုန့်တွေ အလွန်အမင်း ထွက်လာအောင် သန့်ရှင်းရေးလုပ်မိတဲ့အခါ…
‼️ Filter များ အချိန်တိုအတွင်း ပိတ်ဆို့ပြီး အအေးလျော့ကျသွားခြင်း 💨
အခန်းထဲမှာ ဖုန်စုပ်တာ၊ အဝတ်ခါတာတွေကြောင့် ဖုန်မှုန့်တွေ အလွန်အမင်း ထွက်လာတဲ့အခါ Aircon က အဲဒီဖုန်မှုန့်တွေပါတဲ့ လေထုကို စုတ်ယူပစ်လိုက်ပါတယ် ။ ရလဒ်အနေနဲ့ ပုံမှန်ဆို တစ်လလောက်ခံမယ့် Filter က ရက်ပိုင်းအတွင်း ဖုန်တွေ အထပ်လိုက် ပိတ်ဆို့သွားပြီး လေအေး ကောင်းကောင်း မထွက်တော့ဘဲ အအေးပေါ့သွားတတ်ပါတယ်။
‼️အတွင်းပိုင်း ဂျိုးကပ်ပြီး အိမ်ထဲကို ရေယိုခြင်း 💧
Filter က ဖုန်မှုန့်အားလုံးကို ရာနှုန်းပြည့် မတားဆီးနိုင်ပါဘူး။ Filter ကို ကျော်လွန်သွားတဲ့ ဖုန်မှုန့်တွေက စက်အတွင်းပိုင်းက အစိုဓာတ်ရှိတဲ့ Cooling Coil တွေပေါ်မှာ သွားရောက်ကပ်ညှိပါတယ်။ အစိုဓာတ်နဲ့ ဖုန်မှုန့်ပေါင်းစပ်သွားတဲ့အခါ ရွှံ့စေးလို ဂျိုးကပ်သွားပြီး ရေဆင်းပိုက်လိုင်း ကို ပိတ်ဆို့စေပါတယ်။ ဒါကြောင့် Aircon ကနေ အိမ်ထဲကို ရေစက်တွေ တစက်စက် ယိုကျတဲ့ပြဿနာတွေဖြစ်ပေါ်လာတတ်ပါတယ်။
‼️ မီတာခ ပိုမိုကုန်ကျခြင်း 📈
စက်အတွင်းပိုင်းမှာ ဖုန်တွေ၊ ဂျိုးတွေ ပိတ်ဆို့နေတဲ့အတွက် Aircon က အခန်းအပူချိန်ကို သတ်မှတ်ထားတဲ့အတိုင်း အေးလာအောင် သာမန်ထက် ပိုမိုရုန်းကန်ပြီး အလုပ်လုပ်ရပါတယ်။ စက်က မနားတမ်း ဝန်ပိပြီး လည်ပတ်နေရတဲ့အတွက် မီးအားစားမှုကို သိသိသာသာ ပိုမိုကုန်ကျစေပါတယ်။
‼️ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်ခြင်း 😷
Aircon က စုပ်ယူလိုက်တဲ့ ဖုန်မှုန့်တွေ၊ မှိုတွေဟာ စက်ထဲမှာ အောင်းနေပြီး လေအေးနဲ့အတူ အခန်းထဲကို ပြန်လည်လွင့်ပျံလာတတ်ပါတယ်။ ဒါဟာ အခန်းထဲမှာ နေထိုင်သူတွေကို နှာစေး၊ နှာပိတ်၊ ချောင်းဆိုးတာနဲ့ ရင်ကြပ်တာမျိုးတွေအပြင် ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
💁ဒါကြောင့် အခန်းကို ဖုန်စုတ်တာ၊ လှည်းတာ၊ အဝတ်ခါတာတွေ လုပ်တော့မယ်ဆိုရင် Aircon ကို အရင်ပိတ်၊ ပြတင်းပေါက်တွေကိုဖွင့်ပြီးမှ သန့်ရှင်းရေးလုပ်ပါ။
🚪သန့်ရှင်းရေးလုပ်လို့ ဖုန်တွေ အားလုံး ငြိမ်သွားပြီဆိုမှ ပြတင်းပေါက်တွေ ပြန်ပိတ်ပြီး Aircon ကို ဖွင့်တာက Aircon အတွက်ရော ၊ သင့်ကျန်းမာရေးအတွက်ပါ အန္တရာယ်အကင်းဆုံးပါပဲခင်ဗျာ။ 😉