A+ Deco Construction Myanmar

A+ Deco Construction Myanmar Greetings Folks! This is A+ Deco Construction Co.ltd. Create your passionate dreams of building your with us🫧🏯 -yours sincerly, A+ deco construction.

07/09/2026

Chinese style interior design ❤️

Video credit
#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

🏘️စာသင်ကျောင်းနဲ့ စာသင်ခန်းတွေကို Interior Design ပြင်ဆင်တော့မယ်ဆိုရင် လှပဖို့တခုတည်းမကဘဲ ကလေးတွေရဲ့ သင်ယူလေ့လာမှုကို အထ...
05/09/2026

🏘️စာသင်ကျောင်းနဲ့ စာသင်ခန်းတွေကို Interior Design ပြင်ဆင်တော့မယ်ဆိုရင် လှပဖို့တခုတည်းမကဘဲ ကလေးတွေရဲ့ သင်ယူလေ့လာမှုကို အထောက်အကူပြုပြီး ဘေးကင်းလုံခြုံဖို့အတွက် အဓိကထား စဉ်းစားရပါတယ်။ မြန်မာနိုင်ငံရှိ ကျောင်းများ၊ ကိုယ်ပိုင်သင်တန်းကျောင်းများနှင့် Nursery များအတွက် ရင်းနှီးမြှုပ်နှံရတာ တန်စေမယ့် အခြေခံ သတိပြုရန်အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

🍃သဘာဝအလင်းရောင်နှင့် လေဝင်လေထွက်

စာသင်ခန်းတခုမှာ သဘာဝအလင်းရောင် ရရှိမှုနဲ့ လေဝင်လေထွက် ကောင်းမွန်မှုက ကလေးတွေရဲ့ အာရုံစူးစိုက်မှုကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ မှောင်မိုက်ပြီး အလင်းရောင်မလုံလောက်တဲ့ အခန်းတွေက အမြင်အာရုံကို ထိခိုက်စေသလို အိပ်ငိုက်စေတတ်ပါတယ်။ ဒါကြောင့် ပြတင်းပေါက်များကို စနစ်တကျ တပ်ဆင်ပေးရမည်ဖြစ်ပြီး၊ လျှပ်စစ်မီးအလင်းရောင်အတွက်လည်း မျက်စိမစူးဘဲ အလင်းရောင်ကောင်းကောင်းရရှိစေမယ့် LED warm light များကို ရွေးချယ်သင့်ပါတယ်။

🍁ဆေးအရောင်နှင့် ပရိဘောဂ ရွေးချယ်မှု

နံရံအရောင်တွေဟာ ကလေးတွေရဲ့ စိတ်ခံစားချက်ကို ပြောင်းလဲစေနိုင်ပါတယ်။ အစိမ်းနု၊ အပြာနု၊ သဲအရောင် စတဲ့ အေးဆေးတဲ့ Tone တွေကို ပဓာနထားသုံးစွဲပြီး အာရုံစူးစိုက်မှု တိုးတက်စေမယ့် အရောင်တွေကို ရွေးချယ်သင့်ပါတယ်။ ပရိဘောဂတွေအတွက်မူ ကလေး အရွယ်အစားနဲ့ ကိုက်ညီပြီး ဒဏ်ရာမရစေဖို့ ထောင့်စွန်းများ ဝိုင်းနေသော (Rounded Edges) စားပွဲ/ကုလားထိုင်များကို သုံးစွဲရပါမယ်။

🚦ဘေးကင်းလုံခြုံရေးနှင့် သန့်ရှင်းရလွယ်ကူမှု

ကျောင်းသားကျောင်းသူတွေ အမြဲလှုပ်ရှားသွားလာနေသည့်အတွက် ကြမ်းခင်းများမှာ မချောဘဲ ချော်မလဲနိုင်သော ချောမွတ်မှုမရှိသည့် ကြမ်းခင်း (Anti-slip) သို့မဟုတ် အရည်အသွေးမြင့် Vinyl ခင်းပေးတာ အသင့်တော်ဆုံးပါ။ နံရံဆေးများနှင့် ပရိဘောဂများမှာလည်း ရေဆေးသန့်ရှင်းရ လွယ်ကူပြီး ကလေးများ လက်နဲ့ထိတွေ့လျှင် ဘေးအန္တရာယ်မဖြစ်စေတဲ့ Non-toxic Paint များ ဖြစ်ရန် လိုအပ်ပါတယ်။

🗾နေရာအသုံးချမှုနှင့် နမူနာပြသနိုင်သည့် နံရံများ

ကျောင်းသားအရေအတွက်နဲ့ အခန်းအကျယ်အဝန်း မျှတမှုရှိအောင် ပြင်ဆင်ရပါမည်။ စာသင်ချိန်အပြင် အုပ်စုလိုက် ဆွေးနွေးပွဲများ၊ ကစားချိန်များအတွက် နေရာအပြောင်းအလဲ လွယ်ကူစေမယ့် ရွှေ့ပြောင်းရလွယ်သည့် ရေရှည်ခံ ပရိဘောဂများကို သုံးသင့်ပါတယ်။ နံရံများတွင်လည်း ကလေးများ၏ လက်ရာများနှင့် သင်ထောက်ကူပစ္စည်းများ ချိတ်ဆွဲရန် Display Board များကို စနစ်တကျ ထည့်သွင်းပေးခြင်းဖြင့် သင်ယူလိုစိတ်ကို ပိုမိုမြင့်မားစေပါတယ်။

စိတ်ချမ်းမြေ့ဖွယ် စာသင်ခန်း ဝန်းကျင်စံနမူနာများကို ဘေးကင်းလုံခြုံမှု၊ ခေတ်မီဆန်းသစ်မှုတို့ဖြင့် အလှဆင်လိုပါက 𝗔+ 𝗗𝗘𝗖𝗢 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻 ကိုဆက်သွယ်လိုက်ပါ။ စာသင်ကျောင်း၊ သင်တန်းကျောင်းများနှင့် Nursery များအတွက် စနစ်ကျသော Interior Design များကို စိတ်တိုင်းကျ ရေးဆွဲဖန်တီး တည်ဆောက်ပေးနေပါပြီ💁❤️

More information:
☎️ : 0943020660
📧 : [email protected]


#ဆောက်လုပ်ရေးဗဟုသုတ #ဆောက်လုပ်ရေး
A+ Deco Construction Myanmar

Modern Bathroom Designs : Clean, Fresh & Luxury Vibe❤️Photo credit                  #ဆောက်လုပ်ရေး  #ဆောက်လုပ်ရေးဗဟုသုတ A...
03/09/2026

Modern Bathroom Designs : Clean, Fresh & Luxury Vibe❤️

Photo credit
#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

31/08/2026

Indoor Garden ideas 🌿❤️

Video credit
#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

⛈️မိုးရာသီမှာ မိမိတို့ရဲ့ အိမ်ဂေဟာကို အမြဲခြောက်သွေ့သပ်ရပ်ပြီး ဘေးကင်းလုံခြုံနေစေဖို့အတွက် ပုံမှန်ပြုပြင်ထိန်းသိမ်းပေးဖိ...
29/08/2026

⛈️မိုးရာသီမှာ မိမိတို့ရဲ့ အိမ်ဂေဟာကို အမြဲခြောက်သွေ့သပ်ရပ်ပြီး ဘေးကင်းလုံခြုံနေစေဖို့အတွက် ပုံမှန်ပြုပြင်ထိန်းသိမ်းပေးဖို့ အထူးလိုအပ်ပါတယ်။ မိုးရာသီအကူးအပြောင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းချိန်တွေမှာ အိမ်မှာ အဓိက စစ်ဆေးပြင်ဆင်ရမယ့် အချက်များကို မျှဝေပေးလိုက်ပါတယ်⛈️
🫒ခေါင်မိုး၊ မိုးရေပြွန်နှင့် နံရံ အက်ကြောင်းများ စစ်ဆေးခြင်း
မိုးရာသီမှာ အဖြစ်များဆုံး ပြဿနာကတော့ မိုးယိုတာနဲ့ ရေစိမ့်တာပဲ ဖြစ်ပါတယ်။ ခေါင်မိုးကြွေပြားတွေ ကွဲအက်နေခြင်း ရှိ/မရှိ၊ မိုးရေပြွန်တွေမှာ သစ်ရွက်ခြောက်နဲ့ အမှိုက်တွေ ပိတ်ဆို့နေခြင်း ရှိ/မရှိကို အရင်ဆုံး စစ်ဆေးရှင်းလင်းရပါမယ်။ မိုးရေပြွန် ပိတ်နေရင် ရေလျှံပြီး နံရံအတွင်းကို ရေစိမ့်ဝင်ကာ မှိုတက်ခြင်းနဲ့ ဆေးကွာခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် အိမ်ပြင်ပနံရံ အက်ကြောင်းတွေကိုလည်း ရေလောက်မဝင်နိုင်တဲ့ Water-proof ဆေး သို့မဟုတ် အက်ကြောင်းဖုံး ပစ္စည်းများနဲ့ ကြိုတင်ဖာ‌ထေးပိတ်ဆို့ထားဖို့ လိုအပ်ပါတယ်။
🌧️ လျှပ်စစ်ဝါယာကြိုးများနှင့် မိလ္လာစနစ်ကို လုံခြုံရေး စစ်ဆေးခြင်း
မိုးသည်းထန်စွာရွာပြီး စိုစွတ်တဲ့အချိန်မှာ လျှပ်စစ်အန္တရာယ်က အလွန်စိုးရိမ်ရပါတယ်။ အိမ်တွင်း၊ အိမ်ပြင်ရှိ လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပေါက်ပြဲနေပါက အမြန်ဆုံး အသစ်လဲလှယ်ပါ သို့မဟုတ် ကျွမ်းကျင်သူနဲ့ ပြင်ဆင်ပါ။ ပလပ်ပေါက်များအတွင်း မိုးရေမဝင်စေရန်နှင့် အစိုဓာတ်မထိစေရန် ဂရုစိုက်ပါ။ ထို့အပြင် ရေနုတ်မြောင်းများနှင့် မိလ္လာပိုက်လိုင်းများ ပိတ်ဆို့မှုမရှိဘဲ ရေစီးရေလာ ကောင်းမွန်စေရန် ရှင်းလင်းထားမှသာ အိမ်ဝန်းကျင်မှာ ရေဝပ်ခြင်းနှင့် အနံ့ဆိုးထွက်ခြင်းတို့မှ ကင်းဝေးမှာ ဖြစ်ပါတယ်။
🌿တံခါး၊ ပြတင်းပေါက်များနှင့် ရေဆင်းလမ်းကြောင်းများ စစ်ဆေးခြင်း
မိုးသည်းထန်စွာရွာသွန်းချိန် သို့မဟုတ် လေပြင်းတိုက်ခတ်ချိန်တို့တွင် မိုးရေများသည် တံခါးနှင့် ပြတင်းပေါက် အနားစွန်းများမှတစ်ဆင့် အိမ်အတွင်းသို့ စိမ့်ဝင်လေ့ရှိပါတယ်။ ဒါကြောင့် သစ်သား သို့မဟုတ် အလူမီနီယံ ပြတင်းပေါက် ဘောင်များအကြား လေလုံ/ရေလုံ ကော် (Silicone Sealant) များ မပျက်စီးမီ ကြိုတင်ထပ်မံ သုတ်လိမ်းထားသင့်ပါတယ်။ ဒါ့အပြင် အိမ်ဝင်းအတွင်း ရေစီးရေလာ စနစ်တကျ ရှိစေရေးအတွက် မြေနိမ့်ပိုင်းများကို မြေဖို့ခြင်း သို့မဟုတ် ရေဆင်းမြောင်းငယ်များ တူးဖော်ပေးခြင်းဖြင့် အိမ်အုတ်မြစ်အနီး ရေဝပ်ပြီး အိမ်အခြေခံအဆောက်အအုံ ပျက်စီးခြင်းမှ ကာကွယ်နိုင်ပါတယ်။
⛈️ အိမ်တွင်း လေဝင်လေထွက်နှင့် မှိုအန္တရာယ် ကာကွယ်ခြင်း
မိုးရာသီမှာ အစိုဓာတ်များတာကြောင့် အိမ်တွင်းရှိ သစ်သားပရိဘောဂတွေ၊ ဗီရိုတွေနဲ့ နံရံတွေမှာ မှိုတက်လွယ်ပါတယ်။ ဒါကြောင့် မိုးစဲတဲ့အချိန်တွေမှာ တံခါးများကို ခဏဖွင့်ပေးပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးပါ။ အထူးသဖြင့် အဝတ်ဗီရိုများ၊ မီးဖိုချောင်နှင့် ရေချိုးခန်းများတွင် အစိုဓာတ်စုတ်ယူသည့် ပစ္စည်းများ (Moisture Absorber) သို့မဟုတ် ကာဘိုလစ်စပ်ထားသော ရေဖြင့် သန့်ရှင်းရေးပြုလုပ်ပေးခြင်းဖြင့် မှိုတက်ခြင်းနှင့် မကောင်းတဲ့ အနံ့အသက်များကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
မိုးရာသီမတိုင်မီနဲ့ မိုးရာသီကာလအတွင်း အိမ်ကို စနစ်တကျ ပြုပြင်ထိန်းသိမ်းထားခြင်းဖြင့် ကုန်ကျစရိတ်ကြီးမားတဲ့ ပျက်စီးမှုတွေကို ရှောင်လွှာနိုင်ပြီး မိသားစုတစ်ခုလုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ကြပါစေ💁

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

Modern Dresser Designs ❤️Photo credit                  #ဆောက်လုပ်ရေးဗဟုသုတ  #ဆောက်လုပ်ရေး A+ Deco Construction Myanmar
27/08/2026

Modern Dresser Designs ❤️

Photo credit
#ဆောက်လုပ်ရေးဗဟုသုတ #ဆောက်လုပ်ရေး
A+ Deco Construction Myanmar

24/08/2026

Welcome to paradise living 🌿💁❤️

Video credit

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

🛁ရေချိုးခန်းနဲ့ အိမ်သာများကို ပြင်ဆင်ဆောက်လုပ်တော့မယ်ဆိုရင် နောင်မှ နောင်တမရဘဲ နှစ်ရှည်လများ စိတ်အေးချမ်းစွာ အသုံးပြုနို...
20/08/2026

🛁ရေချိုးခန်းနဲ့ အိမ်သာများကို ပြင်ဆင်ဆောက်လုပ်တော့မယ်ဆိုရင် နောင်မှ နောင်တမရဘဲ နှစ်ရှည်လများ စိတ်အေးချမ်းစွာ အသုံးပြုနိုင်ဖို့အတွက် ကြိုတင်စဉ်းစားထားရမယ့် အရေးကြီးဆုံး အချက် ၅ ချက်ကို မျှဝေပေးလိုက်ပါတယ်

🚿 ရေလုံစနစ် (Waterproofing) ကို သေချာအထူးပြုလုပ်ပါ
ရေချိုးခန်းမှာ ရေယိုစိမ့်တာနဲ့ မှိုတက်တာတွေက အဖြစ်များဆုံး ပြဿနာဖြစ်ပါတယ်။ အုတ်ရိုးနဲ့ ကြမ်းခင်းကွန်ကရစ်ခင်းပြီးချိန်မှာ Waterproofing ဆေးလွှာကို အနည်းဆုံး နှစ်ထပ်မှ သုံးထပ်အထိ သေချာသုတ်လိမ့်ပြီးမှ ကြွေပြားကပ်တာ၊ ကျောက်ပြားခင်းတာတွေ ပြုလုပ်သင့်ပါတယ်။ ရေလုံစနစ် မကောင်းရင် အောက်ထပ်ဆီ ရေစိမ့်တာ၊ နံရံဆေးကွာတာတွေဖြစ်ပြီး နောက်ပိုင်း ပြန်ပြင်ရတာ အင်မတန် ကုန်ကျစရိတ် များလှပါတယ်။

🚽 ရေဆင်းလမ်းကြောင်းနှင့် ကြွေပြားရွေးချယ်မှု စနစ်တကျလုပ်ပါ
ရေချိုးပြီးချိန်မှာ ရေဝပ်မကျန်ခဲ့စေဖို့ ကြမ်းခင်းကို ရေထွက်ပေါက် (Floor Drain) ဘက်သို့ စောင်းစောင်းလေး (Slope) သေချာရိုက်ပေးရပါမယ်။ ဒါ့အပြင် ကြမ်းခင်းကြွေပြား ရွေးချယ်ရာမှာလည်း လျှောမလဲစေဖို့ အကြမ်းမျက်နှာပြင်ပါသည့် (Anti-slip) ကြွေပြားများကိုသာ ရွေးချယ်သင့်ပြီး၊ နံရံအတွက်မူ သန့်ရှင်းရေးလုပ်ရလွယ်ကူသည့် အချောမျက်နှာပြင် ကြွေပြားများကို သုံးစွဲသင့်ပါတယ်။

🚿 လေဝင်လေထွက်နှင့် အလင်းရောင် ရရှိမှုကို ဂရုစိုက်ပါ
အစိုဓာတ်များသည့် ရေချိုးခန်းများသည် အနံ့ဆိုးထွက်ခြင်းနှင့် ဗက်တီးရီးယား ပေါက်ဖွားခြင်းတို့ အလွယ်တကူ ဖြစ်ပေါ်နိုင်ပါတယ်။ ထို့ကြောင့် အပြင်လေဝင်လေထွက် ရရှိစေမည့် shelterပါတဲ့မှန်ပြတင်းပေါက်များ သို့မဟုတ် (Exhaust Fan) များကို တပ်ဆင်ပေးရပါမယ်။ အလင်းရောင် ကောင်းစွာရရှိခြင်းက ရေချိုးခန်းကို ပိုမိုကျယ်ဝန်း သန့်ရှင်းပုံပေါ်စေသည့်အပြင် မှိုတက်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

🚽 ရေပိုက်စနစ်နှင့် ပိုက်လိုင်းဒီဇိုင်းကို စနစ်တကျစီစဉ်ပါ
ရေအားကောင်းကောင်း ရရှိဖို့အတွက် ရေပိုက်ဆိုဒ် ရွေးချယ်မှုနဲ့ ရေပိုက်လိုင်းသွယ်တန်းမှုက အဓိကကျပါတယ်။ ရေပူရေအေးစနစ် သုံးမယ်ဆိုပါက အပူဒဏ်ခံသည့် PPR ပိုက်များကို စနစ်တကျ သုံးစွဲရပါမယ်။ ရေအိမ် (Toilet Bowl)၊ ရေချိုးခန်းနှင့် ဘေစင်တို့၏ ရေထွက်ပေါက်၊ ရေဝင်ပေါက် တည်နေရာများကို ကြိုတင်တိုင်းတာပြီးမှ ပိုက်လိုင်းမြှုပ်ခြင်းကို ပြုလုပ်ရပါမယ်။

🚿အခန်းအပြင်အဆင်နှင့် ပရိဘောဂ နေရာချထားမှု (Layout)
ရေချိုးသည့်နေရာ (Dry Area & Wet Area) ကို မှန်တံခါး သို့မဟုတ် လိုက်ကာဖြင့် သီးသန့် ပိုင်းခြားထားခြင်းက ရေချိုးခန်းတစ်ခုလုံး ရေစိုစွတ်မနေစေရန် ကူညီပေးပါတယ်။

🧻ဒါ့အပြင် အိမ်သာခွက်၊ ဘေစင်နှင့် စင်များ တပ်ဆင်ရာတွင် လူတယောက် သက်သောင့်သက်သာ သွားလာလှုပ်ရှားနိုင်မည့် အကျယ်အဝန်း ချန်ထားပေးရန်လိုအပ်ပြီး သန့်ရှင်းရေးသုံးပစ္စည်းများ သိမ်းဆည်းရန် စင်များကို နံရံကပ်စနစ် (Wall-mounted) ဖြင့် တပ်ဆင်ပါက နေရာအကျယ်အဝန်းကို ပိုမိုသက်သာစေပါတယ်💁❤️

More information:
☎️0943020660
📧[email protected]

#ဆောက်လုပ်ရေးဗဟုသုတ #ဆောက်လုပ်ရေး
A+ Deco Construction Myanmar

အိမ်တအိမ်မှာ အိပ်ခန်းဆိုတာ အနားယူရတဲ့ သီးသန့်နယ်မြေဖြစ်လို့ 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗱𝗲𝘀𝗶𝗴𝗻 ပြင်ဆင်တော့မယ်ဆိုရင် မြန်မာပြည်ရဲ့ ရာသီဥတု၊ ...
15/08/2026

အိမ်တအိမ်မှာ အိပ်ခန်းဆိုတာ အနားယူရတဲ့ သီးသန့်နယ်မြေဖြစ်လို့ 𝗜𝗻𝘁𝗲𝗿𝗶𝗼𝗿 𝗱𝗲𝘀𝗶𝗴𝗻 ပြင်ဆင်တော့မယ်ဆိုရင် မြန်မာပြည်ရဲ့ ရာသီဥတု၊ နေထိုင်မှုပုံစံတို့နဲ့ ကိုက်ညီစေဖို့ မဖြစ်မနေ သိထားသင့်တဲ့ ရှောင်ရန်/ဆောင်ရန် (၅) ချက်ကို မျှဝေပေးလိုက်ပါတယ်။

𝟏. 𝗡𝗮𝘁𝘂𝗿𝗮𝗹 𝗟𝗶𝗴𝗵𝘁 & 𝗩𝗲𝗻𝘁𝗶𝗹𝗮𝘁𝗶𝗼𝗻
𝗗𝗼 : လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက် တည်နေရာများ တွက်ချက်ပြီး နေရောင်ကာဖို့ နှစ်ထပ်လိုက်ကာ 𝗗𝗮𝘆 & 𝗡𝗶𝗴𝗵𝘁 𝗖𝘂𝗿𝘁𝗮𝗶𝗻𝘀 တပ်ဆင်ပါ။
𝗗𝗼𝗻'𝘁 : ကုတင်ဖြင့် ပြတင်းပေါက်ကို လုံးဝပိတ်ထားခြင်း (လေလမ်းကြောင်း ပိတ်ပြီး အခန်းကျဉ်းကျပ်စေသည်)

𝟮. 𝗙𝘂𝗿𝗻𝗶𝘁𝘂𝗿𝗲 𝗟𝗮𝘆𝗼𝘂𝘁 & 𝗦𝗰𝗮𝗹𝗲
𝗗𝗼 : ကုတင်ကို ပင်မနံရံမှာ မှီထားပြီး ဘေးဝဲယာတွင် လမ်းလျှောက်ရန် အနည်းဆုံး ၂ ပေခွဲခန့် ချန်ထားပါ။
𝗗𝗼𝗻'𝘁 : အခန်းနဲ့ မမျှအောင် ဘီရို သို့မဟုတ် ကုတင် အကြီးကြီးများ ရွေးချယ်ခြင်း။

𝟯. 𝗖𝗼𝗹𝗼𝘂𝗿 𝗽𝗮𝗹𝗲𝘁𝘁𝗲 𝗖𝗵𝗼𝗶𝗰𝗲𝘀
𝗗𝗼 : အဖြူ၊ ခရမ်၊ သဘာဝသစ်သားရောင် စသည့် မျက်စိအေးစိမ့်စေမည့် 𝗦𝗼𝗳𝘁 𝗰𝗼𝗹𝗼𝘂𝗿 များကို အသုံးပြုပါ။
𝗗𝗼𝗻'𝘁 : အနီ၊ အဝါ စသည့် အရောင်တောက်တောက်များ သုံးခြင်း (ဦးနှောက်ကို တက်ကြွစေပြီး အိပ်ပျော်ရန် ခက်ခဲစေသည်)

𝟰. 𝗟𝗶𝗴𝗵𝘁𝗶𝗻𝗴 𝗦𝗲𝘁 𝘂𝗽
𝗗𝗼: အိပ်ရာဘေး စာဖတ်မီးနှင့် အလင်းလျော့နိုင်သော 𝗗𝗶𝗺𝗺𝗲𝗿မီးများကို ခွဲခြားတပ်ဆင်ပါ။
𝗗𝗼𝗻'𝘁 : အခန်းအလယ်တွင် မီးသီးအဖြူတောက်တောက် တစ်လုံးတည်းဖြင့် ပြီးစလွယ် တပ်ဆင်ခြင်း။

𝟱. 𝗦𝗺𝗮𝗿𝘁 𝗦𝘁𝗼𝗿𝗮𝗴𝗲 & 𝗭𝗼𝗻𝗶𝗻𝗴
𝗗𝗼 : ပစ္စည်းများ ရှုပ်ပွမနေစေရန် 𝗕𝘂𝗶𝗹𝘁-𝗶𝗻 ဘီရိုများနှင့် သိုလှောင်မှုစနစ်များ ထည့်သွင်းပါ။
𝗗𝗼𝗻'𝘁 : အိပ်ရာအနီးတွင် အလုပ်စားပွဲ သို့မဟုတ် တီဗီအကြီးကြီးများ ထားရှိခြင်း။

မိတ်ဆွေတို့ရဲ့ 𝗠𝗮𝘀𝘁𝗲𝗿 𝗕𝗲𝗱𝗿𝗼𝗼𝗺 ကို အနားယူလို့ အကောင်းဆုံးနေရာလေးဖြစ်အောင် ဖန်တီးဖို့ ဒီအချက်လေးတွေကို အသုံးပြုပေးဖို့အကြံပြုလိုက်ရပါတယ်။အကယ်၍ အသေးစိတ်မေးမြန်းတိုင်ပင်ချင်တယ်ဆိုရင် 𝗔+ 𝗗𝗘𝗖𝗢 𝗖𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻ကို အချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ💁❤️

𝗠𝗼𝗿𝗲 𝗶𝗻𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻:
☎️: 𝟬𝟵𝟰𝟯𝟬𝟮𝟬𝟲𝟲𝟬
📧: 𝗮𝗽𝗹𝘂𝘀𝗱𝗲𝗰𝗼𝗿.𝗰𝗼𝗻𝘀𝘁𝗿𝘂𝗰𝘁𝗶𝗼𝗻@𝗴𝗺𝗮𝗶𝗹.𝗰𝗼𝗺

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ
A+ Deco Construction Myanmar

⛈️မိုးရာသီနဲ့ Flooring ⛈️💧 မိုးရာသီ ရောက်ရှိလာတာနဲ့အမျှ လေထုထဲမှာ အစိုဓာတ် (Humidity) မြင့်မားလာပြီး အိမ်တွင်း ကြမ်းခင်း...
11/08/2026

⛈️မိုးရာသီနဲ့ Flooring ⛈️

💧 မိုးရာသီ ရောက်ရှိလာတာနဲ့အမျှ လေထုထဲမှာ အစိုဓာတ် (Humidity) မြင့်မားလာပြီး အိမ်တွင်း ကြမ်းခင်းဆောက်လုပ်ရေး လုပ်ငန်းတွေမှာ စိန်ခေါ်မှုများစွာ ကြုံတွေ့ရလေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံလို မိုးရေချိန်များပြီး ရာသီဥတုစိုစွတ်တဲ့ ဒေသတွေမှာ သင့်တော်တဲ့ ကြမ်းခင်းအမျိုးအစားကို မရွေးချယ်မိရင် သို့မဟုတ် နည်းစနစ်ကျကျ မခင်းကျင်းမိရင် ကြမ်းခင်းကြွတက်တာ၊ ဖောင်းကွေးတာ၊ မှိုတက်တာနဲ့ ကော်ကွာကျတာမျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် မိုးရာသီမှာ ကြမ်းခင်းပြုလုပ်တော့မယ်ဆိုရင် ရာသီဥတုဒဏ်ခံနိုင်ရည်နဲ့ အစိုဓာတ်ထိန်းချုပ်နိုင်စွမ်းကို မဖြစ်မနေ ဦးစားပေး စဉ်းစားရမှာဖြစ်ပါတယ်။

💧 ကြမ်းခင်းအမျိုးအစား ရွေးချယ်ရာမှာ မိုးရာသီနဲ့ အသင့်တော်ဆုံးကတော့ ရေစိုခံစွမ်းရည်မြင့်မားတဲ့ SPC Flooring (Stone Plastic Composite) နဲ့ ကြွေပြား (Ceramic/Porcelain Tiles) တို့ ဖြစ်ကြပါတယ်။ SPC Flooring ဟာ ရေစိုခံရုံတင်မကဘဲ အပူအအေးကြောင့် ရောကျုံ့ရောကား နည်းပါးတာကြောင့် ရာသီဥတုပြောင်းလဲမှုများတဲ့ မြန်မာနိုင်ငံအတွက် အလွန်သင့်တော်ပါတယ်။ ပုံမှန် Laminate Flooring တွေနဲ့ သစ်သားကြမ်းခင်းတွေကတော့ မိုးရာသီမှာ လေထုအစိုဓာတ်ကြောင့် ဖောင်းကြွလွယ်တဲ့အတွက် အစိုဓာတ်ကာကွယ်ရေး (Moisture Barrier) အထူးပြုလုပ်မထားပါက ရွေးချယ်ဖို့ မသင့်တော်ပါဘူး။

💧 ဆောက်လုပ်ရေး နည်းပညာဆိုင်ရာ အဓိက သတိပြုရမယ့် အချက်ကတော့ အောက်ခံကွန်ကရစ် (Subfloor) ရဲ့ အစိုဓာတ်ဖြစ်ပါတယ်။ ကွန်ကရစ်အောက်ခံ သေချာမခြောက်သွေ့ဘဲ ကြမ်းခင်းခင်းပါက အတွင်းပိုင်းက ထွက်လာတဲ့ ရေငွေ့တွေကြောင့် ကြမ်းခင်းအောက်ခြေ ပျက်စီးရပါတယ်။ ဒါကြောင့် ကြမ်းခင်းမခင်းမီ Moisture Meter နဲ့ အစိုဓာတ်တိုင်းတာခြင်း၊ PE Sheet လိုမျိုး Moisture Barrier အခင်းလွှာ ခင်းကျင်းခြင်းတို့ကို စနစ်တကျ ပြုလုပ်ရပါမယ်။ ထို့အပြင် ရာသီဥတုကြောင့် ကြမ်းခင်းကားထွက်လာပါက မာနေခြင်းမှ ကာကွယ်ရန် နံရံနဲ့ ကြမ်းခင်းကြား Expansion Gap (၈ မီလီမီတာမှ ၁၀ မီလီမီတာခန့်) ချန်ထားပေးဖို့လည်း လိုအပ်ပါတယ်။

💧 နဂိုခင်းပြီးသား ကြမ်းခင်းတွေကို မိုးရာသီမှာ ရေရှည်ခိုင်ခံ့အောင် ထိန်းသိမ်းဖို့အတွက် တံခါးနဲ့ ပြတင်းပေါက်များမှ မိုးရေစိမ့်ဝင်ခြင်း မရှိအောင် အလုံပိတ်စနစ်များ စစ်ဆေးသင့်ပါတယ်။ ရေဖိတ်စင်တာမျိူးရှိခဲ့လျှင်လည်း ချက်ချင်း သုတ်သင်ရှင်းလင်းရမည်ဖြစ်ပြီး အိမ်တွင်း လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ပေးခြင်းဖြင့် မှိုတက်ခြင်းကို ကာကွယ်နိုင်ပါတယ်။

💧 ဒါကြောင့် စနစ်ကျတဲ့ နည်းပညာ၊ မှန်ကန်တဲ့ ပစ္စည်းရွေးချယ်မှုနဲ့ ကျွမ်းကျင်လုပ်သားတွေရဲ့ ခင်းကျင်းမှုတို့ ပေါင်းစပ်မှသာ မိုးရာသီမှာလည်း ရေရှည်စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်မယ့် ကြမ်းခင်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ 💁❤️

#ဆောက်လုပ်ရေး #ဆောက်လုပ်ရေးဗဟုသုတ

Address

Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00

Website

Alerts

Be the first to know and let us send you an email when A+ Deco Construction Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share