Legacy Home Construction

Legacy Home Construction Quality builds that last for generations_because

"Your Home is Your Legacy"

မြောက်ဥက္ကလာပမြို့နယ် တောင်ဥက္ကလာပမြို့နယ် ​သာကေတမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များမှ မြေပိုင်ရှင်များသို့ ကန်ထရိုက်စန...
26/07/2026

မြောက်ဥက္ကလာပမြို့နယ် တောင်ဥက္ကလာပမြို့နယ် ​သာကေတမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်များမှ မြေပိုင်ရှင်များသို့ ကန်ထရိုက်စနစ်ဖြင့် ပူးပေါင်းဆောက်လုပ်ရန် ဖိတ်ခေါ်ခြင်း။
​လူကြီးမင်းတို့ပိုင်ဆိုင်တဲ့ မြေကွက်ကို တန်ဖိုးရှိတဲ့ တိုက်ခန်းအသစ်စက်စက်တွေအဖြစ် ပြောင်းလဲပြီး ရေရှည်အကျိုးအမြတ် ခံစားချင်ပါသလား။
​Legacy Home Construction သည် ရန်ကုန်မြို့ရဲ့ အချက်အချာကျပြီး လူစည်ကားလှတဲ့ မြောက်ဥက္ကလာပမြို့နယ်၊တောင်ဥက္ကလာပမြို့နယ်၊သာကေတမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ် များတွင် တိုက်ခန်းများ ဆောက်လုပ်ရန်အတွက် မြေကွက်များကို အမြန်ဆုံး အလိုရှိနေပါသည်။
​မြေပိုင်ရှင်များအတွက် ကျွန်တော်တို့ Legacy Home ရဲ့ ကတိကဝတ်များ -
​အရည်အသွေးမြင့်မားခြင်း: ခိုင်ခံ့သော Structural Design၊ ခေတ်မီဆန်းသစ်သော Architectural ပုံစံများနှင့် စံချိန်စံညွှန်းမီ တည်ဆောက်ပေးခြင်း။
​တိကျသေချာခြင်း: သတ်မှတ်ထားသော ကာလအတွင်း အချိန်မီ အပ်နှံနိုင်ခြင်း။
​ပွင့်လင်းမြင်သာမှုရှိခြင်း: စာချုပ်စာတမ်း အခိုင်အမာဖြင့် ဥပဒေအညီ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်း။
​ဆွေးနွေးညှိနှိုင်းနိုင်ခြင်း: မြေကွက်အနေအထားပေါ် မူတည်ပြီး မြေရှင်/ကန်ထရိုက် အချိုးအစားကို နှစ်ဦးနှစ်ဖက် စိတ်တိုင်းကျ အကောင်းဆုံး ညှိနှိုင်းပေးခြင်း။
​💡 မိမိတို့၏ မြေကွက်ကို ကန်ထရိုက်စနစ်ဖြင့် ပူးပေါင်းဆောက်လုပ်လိုသော မြေရှင်များ သို့မဟုတ် ချိတ်ဆက်ပေးလိုသော အကျိုးဆောင်များအနေဖြင့် အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
​🏗️ Legacy Home Construction
​☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်:
​09-450016742
​09-963494715
​📍 ရုံးခန်းလိပ်စာ:
အမှတ် (၄၀)၊ ၉၄ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

 ကန်ထရိုက်တိုက်နှင့်ပတ်သက်ပြီး အင်ဂျင်နီယာ ၂-ဦးရဲ့အ​မေး​အ​ဖြေ​မေး: သူငယ်ချင်း Civil အပေါင်းတို့ ..သိချင်တာလေးရှိလို့ပါ.....
20/07/2026


ကန်ထရိုက်တိုက်နှင့်ပတ်သက်ပြီး အင်ဂျင်နီယာ ၂-ဦးရဲ့အ​မေး​အ​ဖြေ

​မေး:
သူငယ်ချင်း Civil အပေါင်းတို့ ..
သိချင်တာလေးရှိလို့ပါ..
ရန်ကုန်မှာ
MEC တို့ စည်ပင် တို့ ရဲ့Rules and Regulations အရ
(1)၆ထပ်တိုက်(ကန်ထရိုက်တိုက် ၁၂ခွဲ ၅၀ ၂ခန်းတွဲ)ဆိုရင် Foundation depth အနည်းဆုံးဘယ်နှစ်ပေချရတာလဲ..
(2)မန္တလေး ငလျင်အပြီး ..တစ်ချိန်ထဲမှာ တစ်ချို့တိုက်တွေက ပိုင်ရိုက်ပြီး တစ်ချို့တိုက်က ဘာလို့ ပိုင်မရိုက်တာလဲ
(3) ကန်ထရိုက်တိုက်တစ်လုံး BCC ကျဖို့ စည်ပင်ရဲ့အဓိကတာဝန်ကဘာလဲ..
(4) Floor ကို Mixer ကားအကြီးနဲ့လောင်းတာနဲ့ ..အုန်းမွှေးလုံးအသေးနဲ့ မဆလာဗန်းနဲ့လောင်းတာ ဘာကွာလဲ
(5)သံချောင်းဆိုက်မှန်မမှန် ဘိိလပ်မြေခံနိုင်ရည်အားမှန်မမှန်..
Foundation depth မှန်မမှန်စစ်ဖို့တာဝန်ကဘယ်သူ့မှာရှိတာလဲ..
မိတ်ဆွေတစ်ယောက် BCC မကျသေးပဲ (မကျသေးပဲလုပ်တယ်ဆိုတာက ဘယ်တော့ကျမလဲ Time line မရှိဘူး,အိမ်ငှားနေရတာကြောင့် အချိန်မသေချာရင် အခုလိုငှားခစျေးတက်နေတဲ့အချိန်မှာ ၆လ ၁နှစ်ထပ်ချုပ်ရမယ်)မြေညီမှာထပ်ခိုးလုပ်မိလို့ ပြန်ဖျက်ခိုင်းလို့ဖျက်လိုက်ရတယ်..ပစ္စည်းစျေးတွေတက် အလုပ်သမားခတွေတက်နေတဲ့အချိန်မှာဗျာ..
ဒီကလူတွေကလည်းဗျာ.. အလောင်းမင်းတရားမျိုးဆက်တွေသာပြောတယ် ဘောင်းဘီရှည်ဝတ်လာတိုင်း ကျွတ်ကျဲနေတာများ မြင်မကောင်းဘူး..
( Winn)

​ဖြေ:
၁။ Soil Report & Stru Design ပေါ်မူတည်ပါတယ်။
၂။ က ၁ နဲ့အတူတူပါပဲ။
၃။ ခွင့်ပြုပုံစံအတိုင်း၊ ဆောက်မဆောက် စစ်ဖို့က ယာအုံဌာနတာဝန်ပါ။ BCC ရဖို့က ယာအုံဌာန၊ ရေသန့်ဌာန၊ ရေစီးရေလာဌာန၊ လျှပ်စ‌စ်ဌာန၊ ပြည်တွင်းအခွန်၊ မီးသတ်ထောက်ခံချက်၊ စတဲ့ အဖွဲ့ပေါင်းစုံနဲ့ဆိုင်ပါတယ်။
၄။ Ready Mixed Concrete နဲ့ Site Mix မှာ လိုချင်တဲ့ Quality ကိုရအောင်ကြပ်နိုင်ရင် ဘာသုံးသုံးအဆင်ပြေပါတယ်။ ဒါပေမယ့် မြန်မာပြည် ယခုလက်ရှိအခြေအနေတွေအရ RMC က Quality ပိုပြီး စိတ်ချရပါတယ်။ ဒါပေမယ့်လောင်းပုံလောင်းနည်းမှန်ကန်မှုမရှိရင်တော့ ထူးမခြားနားပါပဲ။
၅။ Owner, Contractor, Engineer, QC, Authority အားလုံးမှာ တာဝန်ရှိတာပါ။
၆။ အထပ်တိုးဆောင်ရွက်တာမျိုးက မလုပ်သင့်ပါ။ အပေါ်ဆုံးမှာလည်း မတိုးသင့်သလို၊ ထပ်ခိုးဆိုပြီးလည်း မတိုးသင့်ပါ။ တာဝန်ရှိသူ‌ဆိုသူတွေထက် ပိုကြောက်ရမှာ Stru Designer စဉ်းစားထားတဲ့ Loading ထက် ပိုများတဲ့ Loading တွေ အဆောက်အဦးပေါ်ကို သက်ရောက်လာပြီး မနိုင်ဝန်ထမ်းရဝာာတွေ ဖြစ်လာလို့ပါ။
(Ko Thu Ya )

​မေးသူက ဝါရင့် အီလက်ထရွန်နစ်အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ​ဖြေတဲ့သူက ​ဆောက်လုပ်​ရေးပညာရှင် မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်ပါတယ်...

အ​မေးအ​ဖြေက တို​ပေမယ့် သိသင့်တာ​တွေ ဗဟုသုတရစရာ​တွေမို့ သူတို့ဆီကခွင့်​တောင့်ပြီး ပြန်လည်မျှ​ဝေလိုက်ပါတယ်...

16/07/2026

ကျွန်မတို့ရဲ့ Legacy Home construction ကိုယုံကြည်ပြီး လာရောက်ဝယ်ယူသွားတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်။

အခုဆိုရင် ကျွန်မတို့ construction ရဲ့မြောက်ဥက္ကလာပမြို့နယ် project LH _01ကိုအောင်မြင်စွာနဲ့စတင်ဆောက်လုပ်နေဘီဖြစ်ပါတယ်ရှင်။အခန်းတွေလည်း ၂ခန်းဘဲကျန်ရှိပါတော့တယ်ရှင်။

အဆောက်အဦးကြံ့ခိုင်မှုပိုင်းမှာ အာမခံပေးနိုင်ပြီး ငလျင်ဒဏ်ကို ခံနိုင်အောင် မြေကြီးအောက် Foundation Levelကိုသေချာအချိန်ယူဆောက်လုပ်ပေးထားတာဖြစ်ပါတယ်ရှင်။

ရပ်ကွက်တွင်းကလူတွေကယုံကြည်ပြီးဝယ်ယူကြတာဖြစ်လို့ အဆောက်အဦးရဲ့ကျန်ရှိနေတဲ့အခန်းလေးတွေကို ယုံကြည်စိတ်ချပြီး လာရောက်ဝယ်ယူဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။

ဒုတိယထပ် ၁၅၅၀ သိန်း
တတိယထပ် ၁၄၅၀သိန်း

ဆက်သွယ်ရန်
၀၉ ၄၅၀၀ ၁၆၇၄၂
၀၉ ၉၆၃၄ ၉၄၇၁၅

Office_ အမှတ်၄၀ ပထမထပ် ၉၄လမ်း မဂ်လာတောင်ညွန့်မြို့နယ် ရန်ကုန်မြို့

22/05/2026
21/05/2026

🎉✨ MAY SPECIAL PROMOTION ✨🎉
📅 Promotion Period — May 20 to May 31 Only

ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေ တစ်ဆတစ်ဆမြင့်တက်လာနေတဲ့အချိန်မှာ…

💥 “အခန်းဈေးမတက်”
💥 “Quality မလျှော့”
💥 “Installment နဲ့ အဆင်ပြေပြေဝယ်နိုင်”

တဲ့ Project လေးရှာနေတယ်ဆိုရင်…

🏢 Legacy Home Construction ရဲ့
“LH-01 Project” လေးနဲ့ မိတ်ဆက်ပေးပါရစေရှင် 🤍

📍 မြောက်ဥက္ကလာပမြို့နယ်
ဇရပ်ကွက် | ဣန္ဒြာ ၄လမ်း

တိတ်ဆိတ်ငြိမ်သက်ပြီး လူနေထိုင်ရန်အထူးသင့်တော်သော လုံးချင်းအိမ်များကြား location ကောင်းနေရာလေးမှာ တည်ဆောက်နေပါတယ်။

━━━━━━━━━━━━━━━

🎁 MAY Promotion အထူးအစီအစဉ် 🎁

✅ Booking ပြုလုပ်သူများအတွက်

💸 Cash Back သိန်း (100)
🎁 SPC Flooring Included
📌 အတိုးမဲ့ အရစ်ကျစနစ်

━━━━━━━━━━━━━━━

🏗️ Matt Foundation Completed
🚧 အလွှာတက်ရန် ပြင်ဆင်နေသော Project ဖြစ်ပြီး
လက်ရှိ ဆောက်လုပ်ပြီးစီးမှု (20%) ရှိပါပြီရှင်။

🏙️ Project Information

▪️မြေအကျယ် – (20’ × 60’)
▪️အခန်းအကျယ် – (18’ × 54’)
▪️Ground + 5 Floors
▪️Ground Floor Height – 12ft
(လှေကားတက်ဆင်း အဆင်ပြေသော Design)

━━━━━━━━━━━━━━━

💰 Available Units & Promotion Prices 💰

☑️ ဒုတိယထပ်
Original Price – သိန်း (1650)
🎉 MAY Promotion Price – သိန်း (1550)

☑️ တတိယထပ်
Original Price – သိန်း (1500)
🎉 MAY Promotion Price – သိန်း (1400)

☑️ စတုတ္ထထပ်
Original Price – သိန်း (1350)
🎉 MAY Promotion Price – သိန်း (1250)

📌 PLUS — SPC Flooring Included

━━━━━━━━━━━━━━━

✨ အခန်းအတွင်း ပါဝင်ပြင်ဆင်ပေးမည့်အချက်များ ✨

✔️ Bathroom / Toilet ကြွေပြားကပ်ပြီး
✔️ ရှေ့ဝရံတာ + နောက်ဖေးကြမ်းခင်း ကြွေပြားခင်းပေးပြီး
✔️ မီးဖိုခုံ ကြွေပြားခင်းပေးပြီး
✔️ ကိုယ်ပိုင်မီတာ / ကိုယ်ပိုင်မော်တာ
✔️ First Owner တိုက်ခန်းအသစ်

🤝 BCC (လူနေထိုင်ခွင့်) ကျသည်အထိ တာဝန်ယူဆောင်ရွက်ပေးပါတယ်ရှင်။

━━━━━━━━━━━━━━━

💳 Flexible Payment Plan

အိမ်တစ်လုံးဝယ်ဖို့ Cash Down အပြည့်မလိုပါဘူးရှင်။

✅ Down Payment – 30% Only
✅ လစဉ်အရစ်ကျ / လုပ်ငန်းပြီးစီးမှုအလိုက် အရစ်ကျစနစ်
✅ 16 လအထိ ခွဲသွင်းနိုင်

📌 တစ်လလျှင် သိန်း (60) ဝန်းကျင်ခန့်သာ ကျသင့်နိုင်ပါတယ်ရှင်။

━━━━━━━━━━━━━━

“တိုက်ခန်းတစ်ခန်းဝယ်တာမဟုတ်ဘူး…
မိသားစုအနာဂတ်အတွက် နေရာကောင်းတစ်ခု ရွေးချယ်တာပါ” 🤍

📌 Promotion Period အတွင်း အခန်းအ‌ေရအတွက်ကန့်သတ်ထားသောကြောင့်
စိတ်ဝင်စားသော Customer များအနေဖြင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။

📩 Page Messenger — Legacy Home Construction

📞 09 4500 167 42




#ကြိုပွင့်တိုက်ခန်း

#လစဉ်အရစ်ကျ

Eaindra (4 )လမ်း Project- site progressFoundation Phase: Rebar installation & Formwork 🏢 ကြိုပွိုင့်တိုက်ခန်းဝယ်ယူလိုသူမ...
19/05/2026

Eaindra (4 )လမ်း Project- site progress

Foundation Phase: Rebar installation & Formwork

🏢 ကြိုပွိုင့်တိုက်ခန်းဝယ်ယူလိုသူများနှင့် မြေအကျိုးတူ ပူးပေါင်းဆောင်ရွက်လိုသော မြေရှင်များ

📞 ဖုန်း -09 4500 167 42

သို့ ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်ရှင့်။

Legacy Home Construction Co.,Ltd.



#ကြိုပွင့်တိုက်ခန်း

#လစဉ်အရစ်ကျ

🏙️ရန်ကုန်မြို့မှာ တိုက်ခန်းဝယ်ယူတော့မယ့်သူတွေအတွက် အမှားအယွင်းမရှိစေဖို့ သတိထားသင့်တဲ့ အချက်လေးတွေပြော‌ပြပေးမယ်နော်။🤗 ရန...
02/04/2026

🏙️ရန်ကုန်မြို့မှာ တိုက်ခန်းဝယ်ယူတော့မယ့်သူတွေအတွက် အမှားအယွင်းမရှိစေဖို့ သတိထားသင့်တဲ့ အချက်လေးတွေပြော‌ပြပေးမယ်နော်။

🤗 ရန်ကုန်မှာ တိုက်ခန်းဝယ်တော့မယ်ဆိုရင် ဒါလေးတွေသိထားဖို့လိုမယ်နော်။

🥰ရန်ကုန်လို မြို့ကြီးမှာ ကိုယ်ပိုင်တိုက်ခန်းလေးတစ်ခန်း ပိုင်ဆိုင်ဖို့ဆိုတာ လူတိုင်းရဲ့ အိပ်မက်တစ်ခုပါ။ ဒါပေမဲ့ ဝယ်ပြီးမှ နောင်တမရစေဖို့နဲ့ ငွေကြေးဆုံးရှုံးမှု မရှိစေဖို့အတွက် စေတနာရှေ့ထားပြီး စစ်ဆေးသင့်တာလေးတွေ ပြောပြပေးမယ်နော်။

📌 စာရွက်စာတမ်း ခိုင်မာမှု (Legality)
အရေးကြီးဆုံးအချက်ပါ။
* မူရင်းစာချုပ် ရှိမရှိ။
* အရောင်းအဝယ်အဆက်ဆက် စာချုပ်များ စုံမစုံ။
* BCC (အဆောက်အအုံလူနေထိုင်ခွင့်) ကျပြီးသားလား။

📌 ပတ်ဝန်းကျင်နဲ့ တည်နေရာ (Location)
ဈေးနှုန်းသက်သာရုံနဲ့ မဆုံးဖြတ်ပါနဲ့။
* မိုးတွင်းမှာ ရေကြီးတတ်လား။
* လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလား၊ ကားမှတ်တိုင်နဲ့ နီးလား။
* ဈေး၊ ကျောင်း၊ ဆေးရုံ စတာတွေနဲ့ သွားလာရ လွယ်ကူရဲ့လား။

📌 အဆောက်အအုံရဲ့ ကြံ့ခိုင်မှု (Condition)
* တိုက်သက်တမ်း ဘယ်လောက်ရှိပြီလဲ။
* နံရံတွေမှာ အက်ကြောင်းရှိလား၊ အမိုးအကာတွေမှာ ရေယိုတတ်လား။
* လျှပ်စစ်မီးလိုင်းနဲ့ ရေပေးဝေရေးစနစ်တွေ ကောင်းမွန်ရဲ့လား။

📌 ပါဝင်တဲ့ ဝန်ဆောင်မှုများ (Facilities)
*ရေမော်တာ/မီတာ တစ်ခန်းတစ်လုံးလား။
*ဘိုထိုင်အိမ်သာဟုတ်မဟုတ်။
*အဆောက်အဦး အခန်းဖွဲ့ ပါ မပါ။
*ရေချိုးခန်း အိမ်သာ ကြွေပြားခင်းမခင်း။

📌 ရပ်ကွက်အခြေအနေ
* တိုက်ခန်းနေထိုင်သူတွေဟာ စည်းကမ်းရှိရဲ့လား။
* ဆူညံသံတွေ အရမ်းရှိတဲ့ ပတ်ဝန်းကျင်မျိုးလား။

အကောင်းဆုံးအကြံပြုပေးရမယ်ဆိုရင်‌ေတာ့ တိုက်ခန်းတစ်ခန်းဝယ်ယူတော့မယ်ဆိုရင် ကျွမ်းကျင်တဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ ဒါမှမဟုတ် ရှေ့နေတွေနဲ့ သေချာတိုင်ပင်ပြီး စာချုပ်ချုပ်ဆိုဖို့ မမေ့ပါနဲ့နော်။

အခုလိုအချက်ကလေးတွေနဲ့ပြည့်စုံတဲ့တိုက်ခန်းလေးတစ်ခန်း ဝယ်ယူချင်တယ်ဆိုရင်တော့ Legacy Home Construction ကိုသတိရပေးပါနော်။


#ကြိုပွိုင့်တိုက်ခန်း
#လစဉ်အရစ်ကျ #မြောက်ဥက္ကလာပမြို့နယ် #𝒂𝒑𝒂𝒓𝒕𝒎𝒆𝒏𝒕𝒇𝒐𝒓𝒔𝒂𝒍𝒆 #𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭𝐢𝐚𝐥𝐛𝐮𝐢𝐥𝐝𝐢𝐧𝐠 #𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 #𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧

အသက်အန္တရာယ်ကိုတိုက်ရိုက်ချိန်း‌ခြောက်နေ‌ေသာရန်ကုန်က တချို့‌‌ေသာကန်ထရိုက်တိုက်တွေရဲ့ နောက်ကွက်ကအမှန်တရားများရန်ကုန်မှာ တ...
30/03/2026

အသက်အန္တရာယ်ကိုတိုက်ရိုက်ချိန်း‌ခြောက်နေ‌ေသာရန်ကုန်က တချို့‌‌ေသာကန်ထရိုက်တိုက်တွေရဲ့ နောက်ကွက်ကအမှန်တရားများ

ရန်ကုန်မှာ တိုက်ခန်းဝယ်ဖို့ သွားကြည့်ရင်
Sales က ပြောတာတွေက—

✨ “Modern design”
✨ “Luxury finishing”
✨ “Ready to stay”

ဒါပေမယ့်…
သူတို့မပြောတဲ့အရာတစ်ခုရှိတယ်။

အဲဒီတိုက်ဆောက်တဲ့ကန်ထရိုက်က နည်းစနစ်မကျပဲ အန္တရာယ်ရှိနိုင်တယ်ဆိုတဲ့အမှန်တရား။



❌ Concrete ကို “လက်ဖျော်” နဲ့ ဆောက်နေတဲ့ခေတ်

(1) ကွန်ကရိအရည်အသွေး မပြည့်မီမှုဟာ တိုက်တစ်လုံးရဲ့ အခြေခံ အန္တရာယ်ဖြစ်ပါတယ်

Site တချို့မှာ တွေ့ရတဲ့အရာတစ်ခုကတော့
1:2:4 mix ratio ကို စနစ်တကျမထိန်းဘဲ လက်ဖြင့်ဖျော်ပြီး လောင်းခြင်း ဖြစ်ပါတယ်။

Concrete ဆိုတာ
“cement + sand + aggregate + water” ကို ပေါင်းထားတာပဲ မဟုတ်ပါဘူး။ ratio + mixing quality + water control တွေက strength ကိုဆုံးဖြတ်ပါတယ်။

လက်ဖျော်လုပ်တဲ့အခါ—
• Water-cement ratio မတိကျ
• Mixing uniformity မရှိ
• Aggregate contamination (သဲထဲမှာမြေစေး) ပါဝင်နိုင်

အဆုံးမှာတော့
Design strength မရတဲ့ concrete တစ်ခုဖြစ်သွားပါတယ်။

အဲဒါရဲ့အန္တရာယ်က—
• Load ခံနိုင်ရည် လျော့နည်းခြင်း
• Early crack ဖြစ်ပေါ်ခြင်း
• Long-term durability ပျက်စီးခြင်း

ယနေ့ထိတောင် တချို့ 6 ထပ် 8 ထပ် ကန်ထရိုက်တိုက်တွေ၊site တွေမှာ—

AG ကားနဲ့ လောင်းဖို့နေနေသာသာ 1:2:4 ခပ်ပျော့ပျော့ကို Hand mix လက်နဲ့ဖျော်ပြီး လောင်းနေတုန်းပဲ။

မေးချင်တယ်—
ဒါက 2026 လား? 1980 လား?

(2) Structural Member များမှာ Cover မလုံလောက်ခြင်း( ကန်ထရိုက်တိုက်တိုင်းလိုလို အများဆုံးဖြစ်တဲ့ပြဿနာ)

Column၊ Beam၊ Slab တွေထဲမှာပါတဲ့ Steel reinforcement (rebar) တွေဟာ Concrete အတွင်းမှာ သင့်တော်တဲ့ cover thickness နဲ့ ထားရပါမယ်။

ဒါပေမယ့် တချို့ project တွေမှာ—
• Spacer မသုံးခြင်း
• Bar position မထိန်းနိုင်ခြင်း
• Formwork shift ဖြစ်ခြင်း

ကြောင့် Rebar cover မလုံလောက်တာ ဖြစ်လာပါတယ်။

အဲ့ဒါနဲ့ဘာဖြစ်လဲ?
• Steel ကိုရေစိမ့်ဝင်လွယ်လာတယ်
• Rust (corrosion) ဖြစ်လာတယ်
• Volume expansion ကြောင့် concrete cover ကွာကျတယ် (spalling)

အဆုံးမှာတော့
Structure အားနည်းလာပြီး safety ကိုတိုက်ရိုက်ထိခိုက်စေတယ်။

(3) ရေစိမ့်ဝင်မှု — Structure ကိုဖြည်းဖြည်းဖျက်ဆီးနေတဲ့ အရာ

တိုက်ခန်းဝယ်ပြီးမကြာခင် 6 လ 1 နှစ်အတွင်းမှာ
• မိုးရွာတာနဲ့ roof leak
• Bathroom က ရေစိမ့်
• နံရံမှာ အညိုရောင်အကွက်တွေ

သူတို့ပြောတာ “ဒါက minor issue ပါ”

တကယ်တော့ဒါက structure ပျက်စီးမှုရဲ့အစပဲ။
ဒီအရာတွေက“minor defect” မဟုတ်ပါဘူး။

ရေဆိုတာ—
• Concrete ထဲကို ဝင်တယ်
• Steel reinforcement ကို corrosion ဖြစ်စေတယ်
• Bond strength ကိုလျော့စေတယ်

အချိန်ကြာလာတာနဲ့ Main Structure ကို ဖျက်ဆီးနေပါတယ်။

အထက်ပါ ပြဿနာတွေဟာ တစ်ခုတည်းဖြစ်နေတာမဟုတ်ပါဘူး—
အများအားဖြင့် ပေါင်းစပ်ဖြစ်ပေါ်နေပါတယ်။

အဲ့ဒါကြောင့်—
• Hairline crack → Structural crack
• Slight deflection → Noticeable sagging
• Minor leakage → Major deterioration

ဆိုပြီး
တဖြည်းဖြည်းနဲ့အန္တရာယ်ရှိတဲ့အဆင့်ထိ တက်သွားနိုင်ပါတယ်။

On Paper အရတော့ သက်တမ်း ၃၀ နှစ်လို့ရေးထားပေမယ့် လက်တွေ့မှာတော့ ၅ နှစ်တောင် မသေချာပါဘူး

Paper ပေါ်မှာ—

📄 “Design life = 30 years / 50 years”

Reality မှာ—

👉 ၃ နှစ် – crack
👉 ၅ နှစ် – leakage + spalling
👉 ၁၀ နှစ် – major repair

ဒီလိုအဆောက်အဦးကို “investment” လုပ်ချင်လား၊ နေချင်လား???



အများစုက—
• ကြွေပြား လှလား
• Paint ကောင်းလား
• Kitchen design modern လား

ဆိုတာပဲကြည့်တယ်။

• Concrete test ရှိလား?
• Rebar cover ဘယ်လောက်ပေးလဲ?
• Curing ဘယ်နှစ်ရက်လုပ်လဲ?
. Soil Test စမ်းလား
. ငလျင်ဒဏ်ခံ Design လား

စတာတွေကို ဘယ်သူမှ မမေးကြဘူး



Quality မကောင်းတဲ့ ကန်ထရိုက်တိုက်တစ်လုံးက အဆင်ပြေနေသလိုပဲ မြင်ရနိုင်တယ်

ဒါပေမယ့်Crack တစ်ကြောင်းကနေ စပြီး… အန္တရာယ်တစ်ခုဖြစ်လာနိုင်တယ်။

တိုက်တစ်လုံးဟာ—
အပြင်ပန်းလှဖို့ထက် ခိုင်ခံ့ဖို့လိုတဲ့ လူ့ အသက်နဲ့ဆိုင်တဲ့ structure တစ်ခုပါ။



နောက်ဆုံးပြောချင်တာက
ကန်ထရိုက်တိုက်ခန်း၊အိမ်မဝယ်ခင် စဉ်းစားပါ—

ဝယ်မယ့်တိုက်ခန်း၊ အိမ်ဟာ
“လှလို့ဝယ်တာလား?”
“လုံခြုံခိုင်ခံ့လို့ဝယ်တာလား?”

စာသားကို ရေးသားသောမင်းဇော်နိုင် (Metrix Engineering and Construction )ကို Credit ပေးပါသည်။

Address

Lower 94th Street
Myawadi

Telephone

+959963494715

Website

Alerts

Be the first to know and let us send you an email when Legacy Home Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Legacy Home Construction:

Shortcuts

Share