Sunway Surveying/Geographic Instruments Myanmar

Sunway Surveying/Geographic Instruments Myanmar male

28/05/2026
🌏  မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် 🌏ရန်ကုန်မြို့ထဲကနေ ပြည်လမ်းအတိုင်း ထောက်ကြန့်ဖက်သို့ မော်တော်ယာဉ်နဲ့ သွားရင် ကျိ...
28/05/2026

🌏 မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် 🌏

ရန်ကုန်မြို့ထဲကနေ ပြည်လမ်းအတိုင်း ထောက်ကြန့်ဖက်သို့ မော်တော်ယာဉ်နဲ့ သွားရင် ကျိုက္ကလဲ့ စေတီ -> ကျိုက္ကလို့စေတီ -> ဝါယာလက်စျေး -> ဗိုလ်ရွေးစခန်း (ငွေယားတောင်) အလွန်၊ ငါးကန်လမ်းဆုံ မီးပွိုင့်မရောက်ခင် ဘယ်ဖက်အခြမ်းမှာ မြေတိုင်းဦးစီးဌါန ခြံဝင်းကို တွေ့ပါလိမ့်မယ်။

မြေတိုင်းဦးစီးဌါန ခြံဝင်းထဲမှာ အစိမ်းရောင် ဆိုင်းဘုတ် တစ်ခု စိုက်ထူထားတယ်။
ဆိုင်းဘုတ်မှာ ရေးထားတဲ့ စားသားက -

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌါန
မြေတိုင်း ဦးစီးဌါန
မြန်မာနိုင်ငံ မူလမြေတိုင်းမှတ်တိုင်
Initial Geodetic Station of Myanmar
(ပုံ - ၁)

အဲ့ဒီခြံဝင်းထဲမှာ အဖြူရောင်ဆေး သုတ်ထားတဲ့ ဆလင်ဒါ ပုံသဏ္ဌာန် အဆောက်အဦးတစ်ခု ရှိပါတယ်။
(ပုံ - ၂)

အဆောက်အဦး အထဲက ကြမ်းပြင်မှာ ကြေးပြားအဝိုင်း တစ်ခု ရှိတယ်။ ကြေးပြားအဝိုင်းမှာ အပေါင်းလက္ခဏာလိုမျိုး ‘+’ အရပ်လေးမျက်နာ နဲ့ North လို့ ရေးထွင်းပြီး အောက်ဖက်မှာ Survey department လို့ ရေးထွင်းထားတယ်။
(ပုံ - ၃) (ပုံ - ၄)

အဲ့ဒီ အမှတ်အသား နေရာသည် မြန်မာနိုင်ငံ မူလမြေတိုင်း မှတ်တိုင် ဖြစ်ကြောင်း သိရတယ်။
ရန်ကုန်မြို့ မြေပုံမှာ အဲ့ဒီနေရာကို ‘Geodetic Station ၊ BM 59007’ လို့ ဖေါ်ပြထားတယ်။

အဲ့ဒီကြေးပြားအဝိုင်းလေးကို မူတည်ပြီး ဆလိုင်ဒါ ပုံသဏ္ဌာန်မျိုး အဆောက်အဦး ဆောက်ထားတယ်။ အဆောက်အဦးအပေါ်ဖက် ကြမ်းပြင် အလယ်မှာ စတုရန်းပုံ အပေါက်ရှိပြီး အဲ့ဒီအပေါက်ကနေ အောက်ဖက်သို့ ခေါင်းငုံ့ကြည့်ရင် ကြမ်းပြင်မှာ ရှိတဲ့ ကြေးပြားအဝိုင်းကို မြင်ရတယ်။

အပေါ်ဖက်ကြမ်းပြင်က အပေါက်နဲ့ အောက်ဖက်ကြမ်းပြင်ပေါ်က ကြေးပြား တည်ရှိရာ အကွာအဝေးသည် 6~7m လောက် ရှိမယ်လို့ ခန့်မှန်းပါတယ်။
(ပုံ - ၅)

အပေါ်ဖက် ကြမ်းပြင် အပေါက်ကနေ tripod ထောင်၍ ကြေးပြားပေါ်က ‘+’ အလယ်မှတ်နဲ့ တည့်နေအောင် ချိန်ကိုက်ရပြီး tripod မှာ မြေတိုင်းတာခြင်းလုပ်ငန်းမှာ အသုံးပြုတဲ့ device များ၊ ကောင်ကင်ပေါ်မှာရှိတဲ့ ဂြိုလ်တုများနဲ့ ဆက်သွယ်နိုင်တဲ့ device များကို တပ်
ဆင်၍ အသုံးပြုရတယ်လို့ သိရပါတယ်။

မူလမြေတိုင်းမှတ်တိုင် အမှတ်အသား ရှိရာနေရာကို မူတည်ပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦး နံရံက ကဗ္ဗည်းထိုးထားတဲ့ ကြေးပြားမှာ ရေးထွင်းထားတဲ့ စာသားက -

Initial Geodetic Station of Myanmar
This GPS station was selected to be an initial station of Myanmar Datum 2000.
Datum 2000 is a horizontal geodetic datum in Everest 1830 ellipsoid.
This station (Ngweya Thaung H.S) is used as an initial geodetic station of which geoid ellipsoid separation value is 0.00m.
This geodetic station was established in 1927 and renovated in 2003.
(ပုံ - ၆)

မြန်မာလို ဘာသာပြန်ကြည့်ရင် -

မြန်မာနိုင်ငံ၏ ကနဦး Geodetic စခန်း

ဤ GPS စခန်းအား Myanmar Datum 2000 ၏ ကနဦး station အဖြစ် ရွေးချယ်ခဲ့သည်။

Datum 2000 သည် Everest 1830 ellipsoid ရှိ အလျားလိုက် geodetic datum ဖြစ်သည်။

‘Ngwe Ya Thaung’ Hill Station ကို မူလ geodetic station တစ်ခုအဖြစ် အသုံးပြုထားပြီး ဘူမိအလျားလိုက် ခြားနားမှုတန်ဖိုးမှာ 0.00 မီတာဖြစ်သည်။

ဤဘူမိဗေဒဆိုင်ရာ station ကို 1927 ခုနှစ်တွင် တည်ထောင်ခဲ့ပြီး 2003 ခုနှစ်တွင် ပြန်လည်မွမ်းမံခဲ့သည်။

ဆလင်ဒါ ပုံသဏ္ဌာန် အဆောက်အဦးရဲ့ မြောက်ဖက်အရပ် မလမ်းမကမ်းမှာ နောက်ထပ် မြေတိုင်းမှတ်တိုင်တခု ရှိပါတယ်။
(ပုံ - ၇)

အဲဒီမြေတိုင်းမှတ်တိုင်ရှိရာ ကြမ်းပြင်အင်္ဂတေမှာ ရေးထွင်းတာကတော့ -
‘မြေတိုင်းဌါန
နိမ့်မြင့်မှတ်တိုင်’
လို့ ရေးထွင်းထားပြီး အခြားတဖက်မှာ -
‘အမှတ် ၅၉၀၀၈
အမြင့်ပေ _____’
လို့ ရေးထွင်းထားတယ်။

ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာဂြိုလ်သည် လုံးဝန်းသော ပုံသဏ္ဌာန် ရှိတယ်၊ သို့သော် လုံးစက်နေတဲ့ စက်လုံး (sphere) လို မဟုတ်ဘဲ မျက်နှာပြင်သည် အနည်းငယ် မညီမညာ ဖြစ်နေတဲ့ ပုံသဏ္ဌာန်မျိုး၊
ဥပမာ - သစ်တော်သီး လိုမျိုးလို့ ပထဝီဝင်ဘာသာရပ်မှာ သင်ယူခဲ့ရတယ်။

ကမ္ဘာဂြိုလ်ရဲ့ equator မျဉ်း (Horizontal length) လို့ သတ်မှတ်ထားတဲ့ အကျယ်သည် meridian မျဉ်း (vertical length) ထက် အနည်းငယ် ပိုရှည်တယ်လို့ ပညာရှင်တွေက တိုင်းတာတွက်ချက်ထားပါတယ်။

တိုင်းတာတွက်ချက်လို့ သိရှိလာမှုအရ ပညာရှင်များသည် ကမ္ဘာလုံးရဲ့ ပုံသဏ္ဌာန်ကို squash/ ellipsoid/ spheroid/ oblate လို့ ပြောင်းလဲ ရေးသားလာကြတယ်။

ကျွန်တော်တို့ နေထိုင်နေတဲ့ ကမ္ဘာဂြိုလ်ပေါ်က တောတောင်ရေမြေအနေအထားတွေကို {3 dimensions} အဖြစ်ကနေ —> [2 dimensions] အဖြစ် စာရွက်ပေါ်မှာ ရေးဆွဲဖေါ်ပြရတဲ့အခါ ပုံသဏ္ဌာန် အနေဖြင့် ရေးဆွဲလို့ ရသော်လည်း အတိုင်းအတာ တိတိကျကျ ဖြစ်ဖို့အတွက်ကတော့ အခက်အခဲ ရှိပါတယ်။

ခုံးနေတဲ့ မြေပြင်ပေါ်က အကွာအဝေးတွေကို ပြင်ညီစာရွက်ပေါ်မှာ ဖေါ်ပြရင် သွေဖီမှုတွေ မတိကျမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

ခေတ်အဆက်ဆက်မှာ တွေးခေါ်နိုင်စွမ်း ရှိတဲ့သူတွေက စာရွက်ပေါ်မှာ ကမ္ဘာ့မြေပုံတွေ ရေးဆွဲပြီး သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးပြုခဲ့ပြီး ဖြစ်တာကို ကျွန်တော်တို့ သိခဲ့ပြီးပါပြီ။

သူတို့တတွေ ဘယ်လိုလုပ်ပြီး မြေပုံတွေ ရေးဆွဲခဲ့တာလဲ ဆိုတာကို ရှာဖွေလေ့လာဖတ်ရှုကြည့်တဲ့အခါ ခုံးနေတဲ့ အနေအထားတွေက ပုံသဏ္ဌာန်တွေကို ပြင်ညီမျက်နှာပြင်မှာ ဖေါ်ပြနိုင်ဖို့အတွက် အရိပ်ချစနစ် (map projection) အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အရိပ်ချတဲ့ စနစ်ကို ပုံမှာ ဖေါ်ပြထားပါတယ်။ ပုံနဲ့ တွဲကြည့်မှသာ နားလည်မှာပါ။

အဓိကအားဖြင့် အရိပ်ချစနစ် (၃)မျိုး ရှိပါတယ်။
(၁) ကတော့ပုံ အရိပ်ချစနစ် (Conical Projection)။
(၂) ဆလင်ဒါ အရိပ်ချစနစ် (Cylinderical Projection)။
(၃) ပြင်ညီ အရိပ်ချစနစ် (Plane Projection)။
(ပုံ - ၈)

မြန်မာနိုင်ငံ မြေပုံမှာ အသုံးပြုခဲ့တဲ့ အရိပ်ချစနစ်ကတော့ ကတော့ပုံ အရိပ်ချစနစ် ဖြစ်တဲ့ Lambert Conical Orthomorphic Projection ဖြစ်ပါတယ်။

အရိပ်ချစနစ်တွေထဲက Gerardus Mercator ဆိုသူရဲ့ အရိပ်ချစနစ် (Mercator's projection) သည် အသုံးအများဆုံး ဖြစ်ခဲ့ပြီး ရေကြောင်းသွားလာသူတို့အတွက် အလွန် အသုံးတည့်တယ်လို့ သိရပါတယ်။

ခေတ်ကာလ ပြောင်းလဲလာတာနဲ့အမျှ လူတွေရဲ့ တီထွင်မှုတွေကလည်း တိုးတက်လာပြီး အသုံးပြုကြတဲ့ နည်းစနစ်တွေလည်း ပြောင်းလဲလာပါတယ်။

ကောင်းကင်ပေါ်သို့ ဂြိုတ်တုတွေ လွတ်တင်ပြီး ဂြိုလ်တုတွေက ကမ္ဘာဂြိုလ်ကို နည်းလမ်းအမျိုးအမျိုးမျိုးနဲ့ ပတ်၍ ပထီဝင်ဝင်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုလည်း သိပ္ပံပညာရှင်တွေက လေ့လာခဲ့ကြတယ်။

ဂြိုလ်တုတွေ သွားလာတဲ့ အခြေအနေတွေသည် ကမ္ဘာလုံးကြီးရဲ့ နေရာဒေသအလိုက် မတူညီတာကို တွေ့ရှိလာတဲ့အခါ သိပ္ပံပညာရှင်များက ဒီလိုဖြစ်ရခြင်းသည် ကမ္ဘာမြေကြီး၏ ဆွဲအားအရှိန်သည် နေရာဒေသအလိုက် တသမတ်တည်း မတူညီခြင်းကြောင့် ဖြစ်ရတယ်လို့ သိလာကြတယ်။

ဒီလို ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အား မတူညီရခြင်းသည် ကမ္ဘာ့မြေပြင်အောက်မှာရှိတဲ့ ဒြပ်ထုများရဲ့ သိပ်သည်းဆ (density) မတူညီတဲ့အတွက် ကမ္ဘာကြီးရဲ့ ဆွဲငင်တဲ့အရှိန် (acceleration due to gravity) သည်လည်း နေရာဒေသအလိုက် မတူညီတာကို သိပ္ပံပညာရှင်တွေ သိရှိလာကြတယ်။
(ပုံ -၉)

သိပ္ပံပညာရှင်များသည် ကမ္ဘာ့မြေပြင်ရဲ့ ဆွဲငင်အားကို စမ်းသပ်တိုင်းတာတွက် ချက်ပြီး ကမ္ဘာလုံးကြီးရဲ့ ပုံသဏ္ဌာန်ကို နောက်ထပ် မော်ဒယ် အသစ်တခုအနေနဲ့ ဖေါ်ပြလာကြပြန်တယ်။

အဲ့ဒီပုံသဏ္ဌာန်ကို Geoid လို့ အမည်ပေးတယ်။ ဥပမာ ပေးရရင် အားလုံးသီးတလုံးနဲ့ ဆင်ပါတယ်။ Geoid လို့ သတ်မှတ်တဲ့ ကမ္ဘာလုံးကြီးရဲ့ မျက်နှာပြင်သည် ကမ္ဘာမြေကြီးရဲ့ မျက်နှာပြင်ကို ကုန်းမြေလို့ မယူဆတော့ဘဲ ရေအတိ ဖုံးလွှမ်းတဲ့ ပင်လယ်ပြင်ကဲ့သို့ ပုံဖေါ်ထားသလိုမျိုး (Mean sea level) နဲ့ သဏ္ဌာန်တူပါတယ်။
(ပုံ - ၁၀)

ဒီ Geoid လို့ ခေါ်တဲ့ ကမ္ဘာလုံး ပုံသဏ္ဌာန်ကို လေ့လာကြည့်တဲ့အခါ အိန္ဒိယ သမုဒ္ဒရာ၊ သီရိလင်္ကာနိုင်ငံနားက ရေပြင်တဝိုက်မှာ ကမ္ဘာမြေကြီးရဲ့ ဆွဲအားအရှိန် အနည်းဆုံး ဖြစ်နေတာကို တွေ့ရပါတယ်။
(ပုံ - ၁၁)

ဘာဖြစ်လို့ ဆွဲအားနည်းရတာလဲ အကြောင်းရင်းကို သိဖို့အတွက် သိပ္ပံပညာရှင်တွေ ရေပြင်သို့ သွားပြီး လေ့လာခဲ့ကြပါတယ်။ လေ့လာတွေ့ရှိ ချက်တွေသည်လည်း စိတ်ဝင်စားစရာ ကောင်းပါတယ်။ စိတ်ဝင်စားသူများ Google, YouTube တွေမှာ ဆက်လက်လေ့လာနိုင်ပါတယ်။

Geoid ရဲ့ ပုံသဏ္ဌာန်ကို သိရှိပြီးတဲ့နောက်မှာ သက်ဆိုင်ရာ ပညာရှင်များသည် ကမ္ဘာ့မြေပြင်မှာ အမှန်
တကယ် တည်ရှိနေတဲ့ ကမ္ဘာ့မြေပြင်ရဲ့ ပုံသဏ္ဌာန် (Globe)၊
အီကွေတာမျဉ်းလို့ သတ်မှတ်ထားတဲ့ အလျားလိုက် အကျယ်နဲ့ မရီဒီယန်မျဉ်းလို့ သတ်မှတ်ထားတဲ့ ဒေါင်လိုက်အကျယ်ကို ပေါင်းစပ်ပြီး တိုင်းတာတွက်ချက်လို့ ဖြစ်ပေါ်လာတဲ့ ပုံသဏ္ဌာန် (Spheroid)၊
ကမ္ဘာကြီးရဲ့ ဆွဲငင်တဲ့အရှိန်ကို အခြေခံပြီး ပုံဖေါ်ထားတဲ့ ပုံသဏ္ဌာန် (Geoid)၊
တို့ကို ထပ်ပြီး geographic coordinate system တခုကို အကောင်အထည် ဖေါ်ခဲ့တယ်။

အဲ့ဒီ coordinate system ကို
(UTM) Universal Transverse Mercator လို့ အမည်ပေးတယ်။
ဒီ system မှာ အလျားလိုက် ဆလင်ဒါ အရိပ်ချစနစ် ကို အသုံးပြုထားပြီး ကမ္ဘာကြီးကို ဒေါင်လိုက် အစိပ်ပေါင်း (၆၀) ပိုင်းခြားထားပြီး အလျားလိုက် A ကနေ Z အထိ (၂၆) စိပ် ပိုင်းခြားထားတယ်။
(ပုံ - ၁၂)

UTM coordination system အရ မြန်မာနိုင်ငံသည် ဒေါင်လိုက်ဆိုရင် 46, 47 zone ထဲမှာ ပါဝင်တယ်။
အလျားလိုက်ဆိုရင် P, Q, R အတွင်းမှာ ပါဝင်ပါတယ်။
(ပုံ - ၁၃)

UTM စနစ်မှာ Global datum နဲ့ Local datum တွေ ပါရှိပြီ သက်ဆိုင်ရာ နိုင်ငံ ဒေသအလိုက် အသေးစိပ် သိဖို့ဆိုရင် local datum ကို အသုံးပြုရပါတယ်။
(ပုံ - ၁၄)

Datum စကားလုံးရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကို လေ့လာကြည့်တဲ့အခါ Spheroid ပုံသဏ္ဌာန် နဲ့ Geoid ပုံသဏ္ဌာန် ၂ခုကို ချိန်ညှိပြီး တွက်ချက်ထားမှုတွေကို Datum လို့ သတ်မှတ်ကြောင်း ဖတ်ရှုရပါတယ်။

မြန်မာနိုင်ငံ local datum အတွက် တွက်ချက်တဲ့အခါ ရှိပြီးသား Triangulation station များမှာ GPS စနစ်ကို အသုံးပြုပြီး တိုင်းတာတွက်ချက်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုတိုင်းတာတွက်ချက်တဲ့အခါ ငွေယားတောင် Hill Station ကို UTM စနစ် သုံးတဲ့ ပြည်ပနိုင်ငံများနဲ့ ချိတ်ဆက်တိုင်းတာထားခြင်း၊ Everest 1830 Ellipsoid ကိုပြောင်းလဲမှု မရှိစေဘဲ Ellipsoid နဲ့ Geoid တို့ တစ်ထပ်တည်းကျစေရန် တွက်ချက်ထားတဲ့ နေရာဖြစ်လို့ မူလစမှတ် Initial Station လို့ခေါ်ဆိုတာ ဖြစ်ကြောင်း သိရပါတယ်။

ငွေယားတောင်မှာ တည်ဆောက်ထားတဲ့ survey point မျက်နှာပြင်သည် {Ellipsoid / Spheroid} ပုံသဏ္ဌာန် မျက်နှာပြင် နဲ့ Geoid ပုံသဏ္ဌာန် မျက်နှာပြင် တထပ်တည်းကျတဲ့ နေရာ ဖြစ်ပါတယ်။

ငွေယားတောင်က survey point မှတ်တိုင်သည် ၁၉၂၇ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်လို့ ယခု ၂၀၂၄ခုနှစ် ဆိုရင် သက်တမ်းအားဖြင့် (၉၇)နှစ် ကြာမြင့်ခဲ့ပါပြီ။ မြန်မာနိုင်ငံ မြေတိုင်းတာခြင်းလုပ်ငန်းအတွက် အလွန် အရေးပါတဲ့ နေရာတနေရာ ဖြစ်ပါတယ်။

Myanmar Datum 2000 မှာ ဖေါ်ပြထားချက်အရ Triangulation station (၉)နေရာ ရှိပါတယ်။
(၁) ငွေယားတောင် (ရန်ကုန်)
(၂) ဦးကင်းတောင် (စစ်တွေ)
(၃) ခွေးအူတောင် (ကလေး)
(၄) မရူးတောင် (မြစ်ကြီးနား)
(၅) လွိုင်ဆူးခမ်းတောင် (ကျိုင်းတုံ)
(၆) တောင်ဖီလာတောင် (မိတ္ထီလာ)
(၇) ကျိုက္ခမီ (ထုံမန်းရွာ)
(၈) ကျိုက္ခမီ BM (Vertical datum)
(၉) နတ်တလင်းတောင် (မြိတ်)
(ပုံ - ၁၅)

ဒီ Triangulation station (၉)နေရာကို Myanmar UTM map မှာ ရှာဖွေကြည့်တဲ့အခါ မြေပုံပေါ်မှာ အချို့သော Triangulation station ရှိတဲ့နေရာတွေကို ဖေါ်ပြမထားတဲ့အတွက်
-(၂)ဦးကင်းတောင် (စစ်တွေ)၊
-(၄)မရူတောင် (မြစ်ကြီးနား)၊
-(၅)လွိုင်ဆူးခမ်းတောင် (ကျိုင်းတုံ)၊
-(၇)ကျိုက္ခမီ (ထုံမန်းရွာ)၊
-(၉)နတ်တလင်းတောင် (မြိတ်)၊
နေရာ ငါးနေရာကို ရှာမတွေ့ပါ။

မြန်မာနိုင်ငံ မူလ မြေတိုင်းမှတ်တိုင် (ငွေယားတောင်) ရဲ့ coordinate ကို Google Earth မှာ ရှာဖွေကြည့်တဲ့အခါ
{16* 58’ 25” N, 96* 07’ 25” E} လို့ ဖေါ်ပြပါတယ်။

{16* 58’ 25” N, 96* 07’ 25” E} ကို decimal ပြောင်းကြည့်ရင် ->
[16.973611 N, 96.12388 E] ရပါတယ်။

ဒီနေရာကိုပဲ Google map မှာ ရှာဖွေကြည့်တဲ့အခါ {16.973720, 96.123910} လို့ ဖေါ်ပြပါတာကို တွေ့ရပါတယ်။

Degree minute second နဲ့ပြတဲ့ coordinate ကို Google map မှာ ရိုက်နှိပ်ကြည့်တဲ့အခါ မူလ မြေတိုင်း မှတ်တိုင်ရဲ့ တည်နေရာသည် မြေပြင်ပေါ်မှာ အမှန်တကယ် တည်ရှိနေတဲ့နေရာနဲ့ အနည်းငယ် သွေဖီသွားတာကို တွေ့ရပါတယ်။

UTM system နဲ့ ဖေါ်ပြထားတဲ့ [16.973611 N, 96.12388 E] coordinate သည်သာ အမှန်တကယ် မြေပြင်မှာ တည်ရှိနေတဲ့ နေရာနဲ့ တထပ်တည်းကျပါတယ်။
(ပုံ - ၁၆)

UTM coordinate system သည် ပိုမိုတိကျပြီး မြန်မာနိုင်ငံအတွက်လည်း အသုံးပြုဖို့ သင့်တော်ကောင်းမွန်တဲ့အတွက် ကျွန်တော်တို့လို မြေတိုင်းတာခြင်းပညာရပ်အကြောင်း မသင်ယူခဲ့ရသောသူများအတွက် အထိုက်အလျောက် နားလည်နိုင်စေရန် ရည်ရွယ်ပြီး ကျွန်တော် သွားရောက် ကြည့်ရှုခဲ့တဲ့ မြန်မာနိုင်ငံ မူလမြေတိုင်းမှတ်တိုင်၏ ပုံရိပ်များကို မီးမောင်းထိုး တင်ပြအပ်ပါသည်။

Credit: ဆရာ Aung Ngwe Latt
(12.05.2024)

📚လေ့လာသူ မမြင်ဖူးသူတို့ သိမ်းထားနိုင်ရန်၊
မူရင်းရေးသူကိုခရက်ဒစ်ပေးပြီး၊ ဗဟုသုတအဖြစ် တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်...😇
All rights and credits go to rightful owner.


မာရီယာနာချောက် (Mariana Trench)**************************** #ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာ မာရီယာနာချောက် (Mariana Trench) သ...
26/05/2026

မာရီယာနာချောက် (Mariana Trench)
****************************
#ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာ
မာရီယာနာချောက် (Mariana Trench) သည် ကမ္ဘာ့သမုဒ္ဒရာများအနက် အနက်ရှိုင်းဆုံးနေရာဖြစ်ပြီး ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။ အောက်တွင် မာရီယာနာချောက်နှင့်ပတ်သက်သော အချက်အလက်များကို စုံလင်စွာ ဖော်ပြထားပါသည်။

၁. **တည်နေရာနှင့် ပထဝီဝင်အနေအထား**

- **တည်နေရာ**: မာရီယာနာချောက်သည် ဂူအမ်နှင့် မာရီယာနာကျွန်းစုများအနီး၊ ပစိဖိတ်သမုဒ္ဒရာ၏ အနောက်မြောက်ပိုင်းတွင် တည်ရှိသည်။
- **သြဒိနိတ်**: အနီးစပ်ဆုံး သြဒိနိတ်မှာ 1121N 14212E ဖြစ်သည်။
- **ပုံသဏ္ဍာန်**: လခြမ်းပုံစံရှိပြီး အလျားအားဖြင့် ၂,၅၅၀ ကီလိုမီတာခန့်နှင့် အနံ ၇၀ ကီလိုမီတာခန့်ရှိသည်။
- **အနက်**: အနက်ဆုံးနေရာမှာ ချယ်လင်ဂျာ နက်ရှိုင်းပိုင်း (Challenger Deep) ဖြစ်ပြီး အနက် ၁၀,၉၂၈ မီတာမှ ၁၁,၀၃၄ မီတာအထိ (ခန့်မှန်းခြေ ၁၁ ကီလိုမီတာ) ရှိသည်။

၂. **ဖြစ်ပေါ်လာပုံ (ဘူမိဗေဒဆိုင်ရာ)**

- **ဖြစ်စဉ်**: မာရီယာနာချောက်သည် ပြားလှုပ်ရှားမှုကြောင့် (tectonic plate subduction) ဖြစ်ပေါ်လာသည်။ ပစိဖိတ်ပြား (Pacific Plate) သည် ဖိလစ်ပိုင်ပြား (Philippine Plate) အောက်သို့ နစ်မြုပ်သွားခြင်းဖြစ်သည်။
- **ဘူမိဗေဒဆိုင်ရာ အရေးပါမှု**: ၎င်းသည် ကမ္ဘာ့အဓိက ပြားလှုပ်ရှားမှုဇုန်များထဲမှ တစ်ခုဖြစ်ပြီး ငလျင်နှင့် မီးတောင်လှုပ်ရှားမှုများနှင့် ဆက်စပ်နေသည်။

၃. **ရုပ်ပိုင်းဆိုင်ရာ အခြေအနေများ**

- **ဖိအား**: ချယ်လင်ဂျာ နက်ရှိုင်းပိုင်းတွင် ဖိအားသည် တစ်စတုရန်းလက်မ လျှင် ၁,၀၀၀ ဘားအထိ (ပင်မရေမျက်နှာပြင်ထက် ၁,၀၀၀ ဆ ပိုမို) ရှိသည်။
- **အပူချိန်**: ရေအပူချိန်သည် ၁ မှ ၄ ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိပြီး အလွန်အေးခဲသည်။
- **အလင်းရောင်**: နေရောင်ခြည်သည် မီတာ ၂၀၀ ထက် ပိုနက်သောနေရာသို့ ရောက်ရှိမလာနိုင်သဖြင့် လုံးဝမှောင်မိုက်နေသည်။

၄. **ဇီဝမျိုးစိတ်များ**

- မာရီယာနာချောက်တွင် အလွန်ထူးခြားသော ဇီဝမျိုးစိတ်များ ရှိနေသည်။ ဖိအားမြင့်မားမှုနှင့် အလင်းရောင်မရှိသော ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော သက်ရှိများကို **အစွန်းရောက်သက်ရှိများ** (extremophiles) ဟု ခေါ်သည်။
- **ထူးခြားသောသက်ရှိများ**:
- **အမ်ဖီပေါ့ဒ်** (Amphipods): ပုစွန်နှင့်တူသော သတ္တဝါများ။
- **ဇီနိုဖိုဖိုးရား** (Xenophyophores): တစ်ဆဲလ်ပါသော အကြီးဆုံးသက်ရှိများထဲမှ တစ်မျိုး။
- **ပင်လယ်ဖဝါး** (Sea cucumbers): ပင်လယ်ကြမ်းပြင်တွင် ရှင်သန်နေသည်။
- **ဘက်တီးရီးယားများ**: ဓာတုပေါင်းစပ်မှု (chemosynthesis) ဖြစ်စဉ်ဖြင့် အာဟာရဓာတ်ရယူသည်။
- **ထူးခြားချက်**: ဤသက်ရှိများသည် မီသိန်း (methane) နှင့် ဆာလဖာ (sulfur) ကဲ့သို့သော ဓာတုပစ္စည်းများကို အသုံးပြု၍ အစာထုတ်လုပ်သည်။

၅. **စူးစမ်းလေ့လာမှုများ**

- **ပထမဆုံး စူးစမ်းမှု**: ၁၉၆၀ တွင် ဂျက်ကူးစတို (Jacques Piccard) နှင့် ဒွန်ဝေါလ်ရှ် (Don Walsh) တို့သည် ထရီအက်စတ် (Trieste) ရေငုပ်သင်္ဘောဖြင့် ချယ်လင်ဂျာ နက်ရှိုင်းပိုင်းသို့ ပထမဆုံး ဆင်းသက်ခဲ့သည်။
- **ဂျိမ်းကင်မရွန်း၏ စူးစမ်းမှု**: ၂၀၁၂ တွင် ဒါရိုက်တာ ဂျိမ်းကင်မရွန်းသည် ဒီပ်ရုံးချယ်လင်ဂျာ (Deepsea Challenger) ဖြင့် တစ်ကိုယ်တော် ဆင်းသက်ခဲ့သည်။
- **ခေတ်မီစူးစမ်းမှုများ**: ရိုဘော့များနှင့် ရေငုပ်ယာဉ်များဖြင့် သုတေသနပြုလျက်ရှိပြီး ရေအောက်ဒရုန်းများကို အသုံးပြုကာ မြေပုံရေးဆွဲခြင်းနှင့် ဇီဝမျိုးစိတ်များ လေ့လာခြင်းများ ပြုလုပ်နေသည်။
- **အဓိကရှာဖွေတွေ့ရှိမှုများ**: ပြီးခဲ့သောနှစ်များအတွင်း ရေအောက်ဓာတုဖြည့်စွမ်းရာနေရာများ (hydrothermal vents) နှင့် ထူးခြားသော ဇီဝမျိုးစိတ်များကို ရှာဖွေတွေ့ရှိခဲ့သည်။

၆. **ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများ**

- **ညစ်ညမ်းမှု**: မာရီယာနာချောက်တွင်ပင် ပလတ်စတစ်အမှိုက်များ၊ ဓာတုညစ်ညမ်းမှုများကို တွေ့ရှိခဲ့သည်။ ၂၀၁၉ တွင် စူးစမ်းသူများက ပလတ်စတစ်အိတ်တစ်ခုနှင့် အခြားအမှိုက်များကို တွေ့ရှိခဲ့သည်။
- **သတ္တုတူးဖော်ရေး**: ချောက်အနီးရှိ သတ္တုဓာတ်များကို တူးဖော်ရန် စီမံကိန်းများကြောင့် ဂေဟစနစ်ထိခိုက်မည်ကို သိပ္ပံပညာရှင်များ စိုးရိမ်နေသည်။
- **ထိန်းသိမ်းရေး**: ဤနေရာသည် သိပ္ပံဆိုင်ရာ အရေးပါမှုရှိသောကြောင့် ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများ လိုအပ်သည်။

၇. **သိပ္ပံပညာနှင့် အရေးပါမှု**

- **ဇီဝဗေဒဆိုင်ရာ လေ့လာမှု**: မာရီယာနာချောက်သည် အစွန်းရောက်ပတ်ဝန်းကျင်တွင် ရှင်သန်နိုင်သော သက်ရှိများကို လေ့လာရန် အခွင့်အလမ်းပေးသည်။ ၎င်းသည် ကမ္ဘာပေါ်ရှိ အစောဆုံးသက်ရှိများ၏ ဆင့်ကဲဖြစ်စဉ်ကို နားလည်ရန် အထောက်အကူဖြစ်သည်။
- **အာကာသသုတေသန**: မာရီယာနာချောက်၏ အစွန်းရောက်ပတ်ဝန်းကျင်သည် အာကာသရှိ အခြားဂြိုဟ်များပေါ်ရှိ ပတ်ဝန်းကျင်နှင့် ဆင်တူသည်ဟု ယူဆထားပြီး၊ ဥပမာ- ဂျူပီတာ၏ လ ဖြစ်သော ယူရိုပါ (Europa) ၏ ရေအောက်သမုဒ္ဒရာများနှင့် နှိုင်းယှဉ်လေ့လာနိုင်သည်။
- **နည်းပညာဖွံ့ဖြိုးမှု**: ချောက်ကို စူးစမ်းရန်အတွက် ဖိအားခံနိုင်သော ရေငုပ်ယာဉ်များနှင့် ရိုဘော့များ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။

၈. **စိတ်ဝင်စားဖွယ်အချက်များ**

- မာရီယာနာချောက်သည် ဧဝရက်တောင်ထွတ်ထက် (၈,၈၄၈ မီတာ) ပိုမိုနက်ရှိုင်းသည်။
- ချောက်အတွင်း ဖိအားသည် လူသားတစ်ဦးအား ချက်ချင်းဖျက်ဆီးနိုင်သည်။
- ကမ္ဘာပေါ်တွင် လူသားများအနည်းငယ်သာ ဤနေရာသို့ ရောက်ရှိဖူးသည်၊ အာကာသထဲသို့ ရောက်ရှိဖူးသူထက် ပိုနည်းသည်။

၉. **အနာဂတ်အလားအလာ**

- **သုတေသနဆက်လက်လုပ်ဆောင်မှု**: မာရီယာနာချောက်သည် သိပ္ပံပညာရှင်များအတွက် နောက်ထပ်ထူးခြားသော ဇီဝမျိုးစိတ်များနှင့် ဘူမိဗေဒဆိုင်ရာ အချက်အလက်များကို ရှာဖွေရန် အလားအလာများစွာရှိသည်။
- **သဘာဝထိန်းသိမ်းရေး**: နိုင်ငံတကာအဖွဲ့အစည်းများသည် မာရီယာနာချောက်ကို ကာကွယ်ထိန်းသိမ်းရန် ဥပဒေများချမှတ်ရန် ကြိုးပမ်းနေသည်။

နိဂုံး

မာရီယာနာချောက်သည် ကမ္ဘာ့အနက်ရှိုင်းဆုံးနေရာတစ်ခုသာမက သိပ္ပံပညာအတွက် အဖိုးတန်သော ရတနာသိုက်တစ်ခုဖြစ်သည်။ ၎င်း၏ ထူးခြားသော ဂေဟစနစ်နှင့် အစွန်းရောက်ပတ်ဝန်းကျင်သည် လူသားများအား ကမ္ဘာ့သမုဒ္ဒရာများနှင့် အာကာသဆိုင်ရာ နားလည်မှုအသစ်များကို ပေးအပ်နိုင်သည်။ သို့သော် ၎င်းကို ထိန်းသိမ်းရန်နှင့် ညစ်ညမ်းမှုများမှ ကာကွယ်ရန် အရေးကြီးသည်။

Credit # သူရိန် (23/05/2025)


🎯 Survey Engineer တစ်ယောက်အဖြစ် Professional Career တည်ဆောက်ချင်ပါသလား?📢 TMO Engineering မှ  #မနက်ဖန်ဖွင့် လှစ်မည့်🧲 Eng...
25/05/2026

🎯 Survey Engineer တစ်ယောက်အဖြစ် Professional Career တည်ဆောက်ချင်ပါသလား?
📢 TMO Engineering မှ #မနက်ဖန်ဖွင့် လှစ်မည့်
🧲 Engineering Survey Training Batch-56 ကို အခုပဲ အပ်နှံလိုက်ပါ။⚡🤗🥰
📚 ယနေ့ခေတ် Modern Surveying လုပ်ငန်းများကို စိတ်ပါဝင်စား၍ အသက်မွေးဝမ်းကြောင်းပညာရပ်အဖြစ် တတ်မြောက်လိုသူများ ၊ တိုးတက်ပြောင်းလဲလာတဲ့ Survey Advance Technology နည်းပညာရပ်တွေကိုစဥ်ဆက်အပြတ် သင်ကြား တတ်မြောက်လိုသူများအတွက် တက်ထားသင့်တဲ့ လုပ်ငန်းခွင်အသုံးပြု ပညာရပ် ဖြစ်သည်။

🔰 သင်ကြားရမည့် ဘာသာရပ် @ Courses ..........
~~~~~~~
✅ Introduction of Land GPS
✅ Basic Auto Level Surveying
✅ Traingulation Method of Digital Theodolite
✅ Introduction to Total Station Process
✅ Outdoor Practical Setting Out Measurement
✅ Topographic Map of Survey Drawing
✅ Introduction to Auto CAD Civil 3D With Total Station တို့ကို အတွေ့အကြုံရင့်ကျက်တဲ့ ဆရာတွေဦးဆောင်ပြီး လက်တွေ့ကျကျသင်ကြားမှာ ဖြစ်တဲ့အတွက် အခုပဲသင်တန်းအပ်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

⌛ Time Table ______
🗓 Saturday & Sunday ( Special Class)
📌Opening Date (23-May-2026)📌
Duration - 1 Month
⏱ 9:00 am ~ 4:00 pm Hours
💰Class Fees - 580,000 Ks
🚫 SPECIAL Class Fees - 380,000 KS 📮
🎓 သင်တန်းပြီးဆုံးပြီး📏 Attending & Assign Test အောင်မြင်ပြီးမြောက်ပါက သင်တန်းသားတစ်ဦးချင်း" Successfully Certified "🖼 ထုတ်ပေးသွားပါမည် ။
📣 သင်တန်းသား ( 10 ) ဦးသာလက်ခံပါမည်။📛
🎓 Theory + Practical ပေါင်းစပ်သင်ကြားပေးပြီး
လုပ်ငန်းခွင်ဝင်နိုင်သည်အထိ လက်တွေ့ကျကျ Training ပေးပါသည်။

📍 Training Center – TMO Survey Engineering
📞 09 43190378
📞 09 772432269
🏢 NO.12, သုခလမ်း ၊, Insein GTI ကျောင်း အနီး ၊ဖေါ့ကန်မှတ်တိုင်ရှေ့လမ်းမှဝင်ပါ, ၊ ရန်ကုန်အင်းစိန်TMOသင် တန်းကျောင်း ။ 🌐 www.tmo-survey.com.mm📏
🔥 “From Basics to Professional, We Build Your Surveying Career.”










17/05/2026

🙇အားလုံး မင်္ဂလာပါ 🙇 😊 🎋☄🎋☄🎋☄🎋
" အားလုံး ရွှင်​လန်းချမ်း​မြေ့ပါ​စေ "

Professional Construction Survey Engineering
⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️⬆️

SALE , SERVICE ,RENTAL ,TECHNICAL TRAINING❗ 🔲👷🏻 👷👷‍♂️👷🏻‍♀️ 📚📚📚 💻💻💻 📐📏

🏠 Service & Sales Distribution _
Zaw Lynn Aung
☎ 09 799190901
☎ 09 420775197 (Hot Line)
🌐 www.tmo-survey.com.mm

🔜 TMO Engineering Survey & Distribution Group
🏬 No ; 12 , Thu Kha Street ,
Insein GTI near , Insein Township ,
Yangon , Insein Office , MYANMAR .

📢 ?Built your future with us ❗❗

17/05/2026
အားလုံး မင်္ဂလာပါ ခင်ဗျာ 🙇  သင်တန်းဖွင့်ရန် ၆ ရက်သာလိုတော့ပြီ"👷‍♀️😘      #ဘယ်တော့ဖွင့်မလဲ့လို့မေးမေးနေကြတဲ့သူများအတွက်  ...
16/05/2026

အားလုံး မင်္ဂလာပါ ခင်ဗျာ 🙇
သင်တန်းဖွင့်ရန် ၆ ရက်သာလိုတော့ပြီ"👷‍♀️😘 #ဘယ်တော့ဖွင့်မလဲ့လို့မေးမေးနေကြတဲ့သူများအတွက် 👀 #အခုပဲအပ်လိုက်ပါ 👷👷‍♀️🧲♦ ်တန်း_field_study_activities 💥🌈📚

💁 Weekenday🔹 Sat & Sunday Special Class 🌐

⚡ လက်တွေ့လုပ်ငန်းခွင်တွင်ဝင်ရောက်လုပ်ကိုင် နေသည့် " Construction Survey"လုပ်ငန်းခွင်များအတွက် " Quality Surveyor " များစွာမွေးထုတ်ပေးနေသော Insein TMO, သင်တနိးကျောင်း မှ Engineering Survey Training Course ဖြစ်ပါတယ် ⚡📣📣📣 💥💡 လက်လွတ်မခံသင့်သော အခွင့်အရေးမို့ ဆုံးရုံးမခံကြပါနှင့် 👉 ကြိုတင်စာရင်းပေးအပ်📩နှံနိုင်ပါပြီ‼ ✔▫▫▫▫

📚 _ BATCH - 56 🔰💻 ကို ( May_ 2026) 📛 စနေနေ့ 🗓 တွင် TMO Engineering Survey Co, မှ ဦးစီး သင်ကြားပို့ချ ဖွင့်လှစ်သွားမှာဖြစ်ပါသည် 👷‍♂️👷

📚Surveying ကိုစိတ်ပါဝင်စား၍စတင်လေ့လာလိုသူများ ယနေ့ခေတ် Survey လုပ်ငန်းများ၏ တိုးတက်ပြောင်းလဲလာသောနည်းပညာများကို စဉ်ဆက်မပြတ်လေ့လာ ၍ ကိုယ်တိုင်ကျွမ်းကျင်သော" Professional Surveyor " အဖြစ် အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ တက်ရောက် ထားသင့်သော သင်တန်းဖြစ်သည်။✔

👷👷 #ဘယ်သူတွေတက်ရောက်သင့်သလဲ ?
=================================
📌 &
📌 ုပ်ငန်းခွင်များအတွက်နိုင်ငံရပ်ခြားတွင်အလုပ်လုပ်လိုသူများ
📌 ိုင်အခွင်အလမ်းများအတွက်နိုင်ငံခြားတွင်အလုပ်လုပ်လိုသူများ
📌 ်ယောက်အဖြစ်ရပ်တည်လိုသူများ
📌 #ဘူမိဗေဒကျောင်းသားများတက္ကသိုလ်မှဘွဲ့တစ်ခုခုရရှိပြီးSurveyingအလုပ်ကိုစိတ်၀င်စားသောသူများ
📌 ုပ်ငနိးခွင်ဝင်ရောက်ရန်ပြင်ဆင်နေသောကျောင်းပြီးစညီကိုများ
📌 Civil Engineer များသာမက Surveyစိတ်ပါဝင်စားသူများ၊ အတွက် အသက်မွေးဝမ်းကျောင်းပညာရပ် 📌 ုပ်ကိုစိတိပါဝင်စားသူများ
📌 ်ယောက်အဖြင့်ရပ်တည်လိုသူများ
📌 QC / QS ,Project Manager, များ တက်ရောက်နိုင်ပါတယ်...~~~~~~~~~~~~~~~~~~

💢🗜 Technology Sunway § Sokkia Total Station စက်ကြီးများဖြငိ့ သင်ကြားပို့ချပေးမှာဖြစ်ပါတယ်၊

📌 COURSES OUTLINE ⤵⤵⤵
====================________
➡ GPS Basic & Application Of GPS
➡ Literature Preview on Basic Surveying
➡ Introduction to Total Station, Data Processing
& Mapping
➡ Outdoor Pratical Setting Out
➡ Introduction to Land Development Software
& Mapping With Total Station
➡ Introduction to DGPS
👷စက်ကိုင်တွယ်ပုံ တစ်ဆင့်ခြင်း နည်းစနှစ်တကျ အသုံးပြုတိုင်းတာ ပုံထုတ် တဲ့အဆင့်ထိသင်ပေးပါမည်၊

‌👍Remark ; တစိဦးချင်းတတ်မြောက်💢 အောင် သင်ကြားပေးနိုင်ရန် သင်တနိးသား ဦးရေကန့်သတ်ထားပါသည်။
👍သင်တနိးပြီးဆုံးအောင် တက်ရောက်ပါက "🖼 Certificate " လက်မှတ်ပေးအပ်သွားပါမည်၊

📌 သင်ကြားမည့်ဆရာ
============== ===
💢 လုပ်ငန်းခွင်အတွေ့အကြုံရှိ ဆရာများမှ အတွေ့အကြုံများနှငိ့ ပေါင်းစပ်ပြီး အသေးစိပ် သင်ကြားပို့ချပေးသွားမည်ဖြစိပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည် ။🙇

Section- A ℹ
============
💠 Duration- 5 Weeks ( One Months CALSS)
⏰ Time – 9:00 AM - 4 :00 PM
🔋 Fees - 580000 Kyats (EarlyBirdDis% ၂-သိန်း)
📆 Starting Date – May_ 23_Sat _May Intake 2026
💻📐☑🌐





▶ သင်တန်းလက်ခံဌါန......📎📎📎
📱📞 09 772432269
📱📞 09 43190378 တို့တွင်👍 ကြိုတင်စာရင်းပေးအပ်နှံနိုင်ပါပြီ 📝

🌐🌐 www.tmo-survey.com.mm
🏠 သင်တန်း Address – No.12 , သုခလမ်း , Insein GTI အနီး , ဖေါ့ကန် KBZ Bank ဘက်ခြမ်းမှဝင်ပါရန်,
🔅ရန်ကုန် အင်းစိန် သင်တန်းကျောင်း🔅

🚌 YBS -( 39 , 131 , 40 , 65 , 78 , 94 , 88 ,77 , 15 )စီးလာပါက Insein GTI ကျော် ဖေါ့ကနိ ကားမှတ်တိုင် ဆင်းပေးပါရန်။ သုခလမ်းသွယ်ထဲ့သို့ သုံးမိနစ်လမ်းလျောက်ဝင်လာပါ!

💁Build your future with TMO!!! 🙇🙇🙇ကျေးဇူးတင်ပါတယ်။🙇🙇🙇
////////// /////////// //////////// /////////// //////////

Vertical Plummet Laser တစေ့တစောင်း~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ဆောက်လုပ်ရေး Building HighRise Structure လုပ်ငန်းများ...
14/05/2026

Vertical Plummet Laser တစေ့တစောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆောက်လုပ်ရေး Building HighRise Structure လုပ်ငန်းများတွင် Alignment Errors အမှားအများစုဟာ Vertical Data ကနေ စတင်ပါတယ် ⚠️

Precise Survey Instruments မှာ ရရှိနိုင်တဲ့ Geo Sunway_ 100 Laser Plummet အသစ်နဲ့ မိတ်ဆွေတို့ Survey လုပ်ငန်းခွင် ဆိုက် တိုင်းတာတိကျမှုကို အဆင့်မြှင့်တင် လိုက်ပါ။

အကျိူးသက်ရောက်မူများ......
1. Fast and accurate alignment
2. Upward & downward laser beams
3.Reduces site errors
4. Saves time during setup
5. Reliable performance on demanding projects.

၁။ မြန်ဆန်ပြီး တိကျတဲ့ ချိန်ညှိမှု
၂။ အပေါ်နှင့်အောက် လေဆာရောင်ခြည်များ
၃။ ဆိုက်အမှားများကို လျှော့ချပေးသည်
၄။ တိုငိးတာစဥ် အချိန်ကုန်သက်သာစေသည်
၅။ Building ပရောဂျက်များတွက် ယုံကြည်စိတ်ချရသော Accurency ရရှိနိုင်သည်

ဓာတ်လှေကားရိုးတံများမှ ကော်လံချိန်ညှိမှုအထိ၊ Sunway Geo _ 100 သည် အမှားများကို လျှော့ချပေးပြီး ပရောဂျက်တိုင်းတွက် လျှင်မြန် တိကျမူ ကို ကူညီပေးသည်။

Survey ပညာရပ် ဗဟုသုတတွေ ပိုမိုတိုးပွါးကြပါစေ၊







TMO Engineering Survey Practitioner သင်တန်းမှကြိုဆိုပါတယ် ✨🌠🎉     🏗🏢 Bridging the Gap between, Theory and  Practical 🚧 C...
13/05/2026

TMO Engineering Survey Practitioner သင်တန်းမှကြိုဆိုပါတယ် ✨🌠🎉
🏗🏢 Bridging the Gap between, Theory and Practical 🚧 Construction အဆောက်အဦး၊ လမ်း၊ တံတား၊ Project Building အဆင့်မြင့် ပုံထုတ် လွယ်ကူစွာတိုင်းတာနိုင့်သည့် "EASY Station " SUNWAY ဖြင့် လုပ်ငန်းခွင် " Surveying USER" များအား မိတ်ဆက်ပေးပါရစေ၊

🗜Sunway Easy Station for Projects " Today,.. Incredible Learning Session Learn to...
# EDM
# Topo & Contour Survey of Boundary Survey
# Sunway Theodolite ( VA / HA) # Transit Calculate

🧲 Sunway Technologist of Total Station _
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Total Station မှာ Occupied ထိုင်တာ ဘယ်လိုမျိုးခေါ်တာလဲ?
# မြောက်အရပ်ကို Azim နှင့် ကပ်ပြီ ရင်ဆုံး TS ကိုထိုင်ရပါမယ်
# မြောက်အရပ်တွေတာနဲ့ X,Y ရနေပါပြီ, lat §Log သိတာနဲ့ အနီးအနားမှာရှိတဲ့ အဆောက်အဦး မြေပြင်တိုငိးတာမူ ဆကိလက်ပြုလုပ်ပါမည် Cotouring တွေပြုလုပ်ပါမည်၊

📎📎📎📣
🏗🏭🏭 Construction Surveying တိုင်တာပုံထုတ် လမ်း/တံတား တိုင်းတာရေး၊ စီမံကိန်းများ၊ မြေပြင်အိမ်ယာစီမံကိန် Project လုပ်ငန်းခွင်များ၊ Dam ဆည်မြောင်း ရေသွားလာစီးဆင်းမူ တိုင်းတာပုံထုတ် လုပ်ငန်းလုပ်ရပ်များအတွက်💥 Sunway Precision Technology ♻ Total Stataion " ATS - 120 R Model " မှ တာဝ​န်ယူပရစေ 📐

🌐 TMO Engineering Civil 3D _သင်တန်းသူ သင်တန်း သားများကို 📚💻Introduction သင်ကြားမူ ဗဟုသုတ တစ်ခုအနေနဲ့ အကျည်းချူပ် Sharing for User Method သင်ကြားပေးတဲ့ သဘောပါ၊ 👍

🙇 လိုအပ်တာရှိရင်လည်း ဖြည့်စွက် ပေးကြဖို့ 👷‍♀️👷
👷အားလုံးလုပ်ငန်းခွင်များတွင်အောင်ပွဲဆင်နိုင်ကြပါစေ 🏆

🖥 မှန်ကုန်⏰ သော သက်မွေးဝမ်းကျောင်း ပညာရပ်ဘဝ တစ်သက်တာ အတွက် သင်ယူပါ⏳


# Survey Future for Life

📌 📌
TMO Engineering Survey Training Group
☎ 09 43190378 (Hot Line)
☎ 09 772432269

🏢 NO. 12 ၊ သုခလမ်း၊ Insein GTI ကျောင်းအနီး ၊
ဖေါ့ကန် ကားမှတ်တိုင် ရှေ့တည့်တည့် မှဝင်ပါ၊ 🚦🚥
ရန်ကုန် အင်းစိန် TMO သင်တန်းကျောင်း
🌐www.tmo-survey.com.mm

////////// //////////// ///////////// ///////////// //////

11/05/2026



Applied📏 Surveying Course📚 📐 April Batch _ 55/ 2026____ Survey FieldWork Study 🔰🔰🔰
AI Technology ကိုရောက်နေပြီ သင်တန်းတက်ဖို့စဥ်းစားနေရင် ကျန်ခဲ့လိမ့်မယ်၊ သင့်အတွက်နောက်မကျပါစေနဲ့🤗

♦ DAY _ 7 > Pratical Field Work
♦ One by One တိသေချာစွာသင်ယူ 🔹TotalStation Theory နည်းစနှစ်အသုံးပြုတိုင်းတာမူလေ့ကျင့်မူ 🔹
~~~~~~~~~~~~~~~~~~~~~~..........``````````````````
ဘဝ ရဲ့ သက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအနေနဲ့
သင်တန်း သားတွေ အားလုံး ////////////
👷 ကြီုးစားအားထုတ် သင်ယူနေမူ
👷 ရယူလိုစိတ်ပြင်းပြမူ
👷 ထိမိတဲ့ လုပ်ငန်းသုံး တိုင်းတာမူတွေ လေ့ကျင့်မူ
👷 ရေးဖြေ Text Exam 50 % ပိုက်သာဂိုရ သီအိုရီတွေနှင့်အတူ လက်တွေ့ သင်ကြား လေ့လာအားထုတ် ဖြေဆိုမူ 📄📜📄📑📚

🗒 New Batch April သင်တန်းသား အား Survey TotalStation,Theodolite Surveyအား နေပူထဲ့ ကြီုးလေ့လာသင်ယူ နေမူအား ဝမ်းသာအားရမိပါတယ် ၊ 📐📏
✅✅✅
👤 အတွေ့အကြုံရှိ ဆရာများနှင့် အတူ လေ့လာလေ့ကျင့် လုပ်ငန်းခွင့် Construction Building, Road and Bridge, Solar Pannel Instal ၊ Mining Eng Surveying အသုံးပြု စာတွေ့ လက်တွေ့ သင်တန်း 👍

🏗🏭🚧🏣 Construction Survey နယ်ပယ်မှာ သက်မွေးဝမ်းကြောင်းပြုဖို့ရွယ်ရွှည်ထား​​​ပြီး လုပ်ငန်းခွင်လိုအပ်ချက် စာတွေ့လက်တွေ့ သင်ကြားပေးတာကြောင့် အဆင်ပြေချောမွှေစွာ လုပ်ငန်းခွင်ဝင်ရောက်နိုင်ရန် သင်တန်းရှိပါတယ် ၊ 👷👷

🔰 Batch - 55 /2026 _ April New Intake .
♦♦ Welcome from "May New Batch- 56 " ♦♦
👉 Register NOW 🧲 ENROLL NOW 👈

////////// //////// //////// ////////////.
@ Fundamental of Leveling
@ Essential Theodolite
@ SiteFieldwork TotalStation Useing Method
@ Layout Marking
@ Leveling ground level
@ Method of surveying instrument

. 📚 Learning Is Never Ending 👷



#ပုံမှန်Surveyတန်းခွဲသစ်

▪▪✅
သင်တန်းလက်ခံဖုန်း 🔽🔽
TMO Engineering Applied Survey Training
☎📲 09 772432269
☎📱 09 43190378
ရန်ကုန် အင်းစိန် TMO သင်တန်းကျောင်း
🌐 www.tko-survey.com.mm
🔹➖➖➖➖➖➖➖➖➖➖➖➖➖➖➖🔸

Engineering Survey နည်းပညာပြန်လည်ဝေဌမူ/////////////////////////////////////// ///////////////--/////////Construction Sur...
10/05/2026

Engineering Survey နည်းပညာပြန်လည်ဝေဌမူ
/////////////////////////////////////// ///////////////--/////////
Construction Survey လုပ်ငန်းခွင်များအတွက် လက်တွေအသုံးပြု အခြေခံကျကျ Survey တိုင်းနည်း လေးတွေပါ ၊
Classification of Surveying
======================
Leveling
Leveling Survey
Traingulation
Traversing
Contuor Map
Topographic Map....,etcs.........

ဆောက်လုပ်ရေး လမ်း တံတား အဆောက်အဦး လုပ်ငန်းခွင် အသီးသီးတွင် Survey တိုင်းနေရတဲ့ Senior တွေကတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ပါခည ။
Survey နှင့်ပတ်သက်တဲ့ ဗဟုသုတ ပိုမိုတိုးပွားရယူနိုင်ကြပါစေ ။

ZLA ( TMO)
# Credit to မူရင်း post ပိုင်ရှင်

Address

No:18, Thu Kha Street , Phaw Kan Qtr, Insein Township
Yangon Division

Alerts

Be the first to know and let us send you an email when Sunway Surveying/Geographic Instruments Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Sunway Surveying/Geographic Instruments Myanmar:

Share