16/03/2026
ကျွန်တော်တို့ W&R Construction Services Company မှ တာဝန်ယူ တည်ဆောက်ပေးခဲ့တဲ့ အင်းတကော် က ဆွမ်းစားကျောင်းဆောင်လေး ဆောက်လုပ်ပြီးစီးသွားပါပြီ
အလှူရှင် အန်တီ မိသားစု နှင့် ဆရာတော်ထံ အဆောက်အဦ အပ်နှံခဲ့ပါတယ် ခင်ဗျာ
အဆောက်အဦ ကို နှစ်သက် သဘောကျတဲ့အတွက် ကျွန်တော်တို့ WR အဖွဲ့သားများမှ များစွာဝမ်းသာ ပီတိ ဖြစ်ရပါတယ်ခင်ဗျာ
ယုံယုံကြည်ကြည် နဲ့ လုပ်ငန်းအပ်နှံပေးတဲ့ အလှူ့ရှင် ဦး နှင့်အန်တီ မိသားစု ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
အလှူ့ရှင် မိသားစု လည်း
ကျန်းမာ ချမ်းသာ ပြီး လိုအင်ဆန္ဒများလည်း ပြည့်စုံကြပါစေ
စီးပွားရေးများလည်း တိုးတက် ပါစေ
အလှူရေစက် လက်နဲ့မကွာ လှူဒါန်းနိုင်ပါစေ
သာသနာအကျိုးကို ဒီ့ထက်မက သယ်ပိုးနိုင်ပါစေ ကြောင်း
ကျွန်တော်တို့ WR အဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ🙏🙏🙏
အဆောက်အဦး ကောင်းမွန်စွာ ပြီးစီးနိုင်ရန်အတွက် အဖက်ဖက်မှ ကျရာတာဝန်တွေကို အကာင်းဆုံး လုပ်ဆောင်ပေးခဲ့ကြသော WR မှ အဖွဲ့သား တယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ
ကျေးဇူးတင်ထိုက်သူများ အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ