15/11/2025
ကျနော်ဖတ်ထားတဲ့ ကျန်းမာရေး ဆိုင်ရာ ဗဟုသုတ ( ၁ )
Mgyattha - Nov 15
အသီးဖျော်ရည်တွေ လုပ်သောက်မယ်ဆိုရင် ငှက်ပျော်သီးမထည့်နဲ့ လိုပြောရင် အံ့အားသင့်သွားမလား ။ ဥပမာဗျာ ပန်းသီးဖျော်ရည် လုပ်သောက်မယ် အာဟာရပိုရှိသွားအောင် ငှက်ပျောသီးထည့်ဖို့ မစဉ်းစားလိုက်ပါနဲ့ ။ အဲ့ဒိဖျော်ရည်ကအာဟာရတန်ဖိုး ဘာမှ ကျန်တော့မှာ မဟုတ်ပါဘူး ။
ကျနော်တို့က မှတ်ဉာဏ်ပိုကောင်းအောင် ၊ ရောင်ရမ်းမှုတွေ လျှော့ချအောင် နဲ့ သွေလည်ပတ်စီးဆင်းမှု ပိုကောင်းအောင် အသီးဖျော်ရည်တွေကို သောက်တယ်ဗျာ။ အသီးဖျော်ရည်တွေမှာ ဖလာဗနော်လို့ ခေါ်တဲ့ သဘာဝဒြပ်ပေါင်း တစ်မျိုးက ကျနော်တို့ကို အထောက်အကူပေးတယ်။ ငှက်ပျော်သီး နဲ့ တွဲလိုက်ပြီ ဆိုရင်တော့ အဲ့ဒိ ဖလာဗနော်တွေကို ငှက်ပျောသီးက စုတ်ပစ်လိုက်တော့ ကျနော်တို့လိုတဲ့ အကျိုးအာနိသင်တွေ မရတော့ဘူးပေါ့ဗျာ ။ ပြောချင်တာက လက်ဖက်ရည်သောက်တယ်။ ရေနွေးကြမ်းသောက်တယ် ဖလာဗနော် ၁၀၀ ကျော် ရတယ် ။ ကော်ဖီသောက်လည်း ဖလာဗနော် ၁၀၀ ကျော်ရတယ်။ ပန်းသီးတစ်လုံးဆိုရင် ၅၀ လောက်ရတယ်။ ချောကလက် အနက်၁၀၀ ဂရမ်ကို စားရင်၂၀၀ ကျော်ရတယ်။ အဲ့ဒါတွေ စားသောက်ပြီး ၂ နာရီအတွင်း ငှက်ပျော်သီးမစားဘူး ဆိုရင် ကျနော်တို့ လိုချင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေရမယ် ။ လူတစ်ယောက်က ကျန်းမာဖို့ဆိုရင် တစ်ရက်ကို ဖလာဗနော် ၄၀၀ ကနေ ၆၀၀ မီလီဂရမ် အတွင်း စားသင့်တယ်လို့ အမေရိကန် ကျန်းမာရေး ဌာနက လမ်းညွှန်ထားတယ်။
အဲ့တော့ဗျာ ငှက်ပျောသီးကလည်း ကျန်းမာရေးဆိုင်ရာအကျိုးဇူးတွေ အများကြီး ရှိတယ်ဆိုပေမဲ့ အခြားသစ်သီးဖျော်ရည်တွေနဲ့ ရောပြီး မစားတာပိုကောင်းတယ်လို့ ဖတ်ထားတာတွေကို ပြန်ပြောပြတာပါဗျာ ။