Htetmyatthar

Htetmyatthar ပိုမိုကောင်းရမည်

HtetMyatThar (Myanmar) Construction Co., Ltd
22/10/2022

HtetMyatThar (Myanmar) Construction Co., Ltd

40/45 ခြံဝန်းလေးခတ်ပြီး
19/10/2022

40/45 ခြံဝန်းလေးခတ်ပြီး

အိမ်သစ်ကလေးတစ်လုံးဆောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် Page ကို Like လုပ်ထားပြီး အိမ်ဒီဇိုင်းလှလှလေးတွေကို စိတ်ကြိုက်လေ့လာကြည့်...
29/08/2022

အိမ်သစ်ကလေးတစ်လုံးဆောက်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် Page ကို Like လုပ်ထားပြီး အိမ်ဒီဇိုင်းလှလှလေးတွေကို စိတ်ကြိုက်လေ့လာကြည့်လို့ရပါတယ်။

ခေတ်မှီ ဝါးထရံအိမ်ဒီဇိုင်းလှလှလေးတွေ 🏡❤Credit to respect orignal photo🖼
25/08/2022

ခေတ်မှီ ဝါးထရံအိမ်ဒီဇိုင်းလှလှလေးတွေ 🏡❤
Credit to respect orignal photo🖼

ပြီးစီးသွားပါပြီခင်ဗျာ ရကက(၁၉)ငါးရံ့ချောင်းအသေးစိတ်သိရှိလိုပါက09885272727 -09400029429သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသ...
04/08/2022

ပြီးစီးသွားပါပြီခင်ဗျာ ရကက(၁၉)ငါးရံ့ချောင်း
အသေးစိတ်သိရှိလိုပါက
09885272727 -09400029429
သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြီးစီးသွားပါပြီခင်ဗျာ
30/07/2022

ပြီးစီးသွားပါပြီခင်ဗျာ

HtetMyatThar (Myanmar) Construction Co.,Ltd မှတာဝန်ယူတည်ဆောက်ပေးခဲ့သောအဆောက်ဦးလေးအားအိမ်ရှင်စိတ်တိုင်းကျအပ်နှံခဲ့ပါပြီခင...
20/06/2022

HtetMyatThar (Myanmar) Construction Co.,Ltd မှတာဝန်ယူတည်ဆောက်ပေးခဲ့သောအဆောက်ဦးလေးအားအိမ်ရှင်စိတ်တိုင်းကျအပ်နှံခဲ့ပါပြီခင်ဗျာ
ပြင်ဦးလွင်မြို့ /ရွှေသင်းကျေးရွာ

ကျွန်‌ေတာ်တို့ကုမ္ပဏီကိုယုံကြည်စိတ်ချစွာလက်တွဲခဲ့သောအိမ်ရှင်မိသားစုအားအထူးကျေးဇူးတင်ရှိပါသည်ခင်ဗျာ

အသေးစိတ်သိရှိလိုပါက
09885272727-09258555484
09449911661-09400029429
သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်ခင်ဗျာ။

🏘️🏘️🏘️မင်္ဂလာပါခင်ဗျာပေ60/90 ခြံဝန်းလေး အုတ်တံတိုင်းပြီးစီးသွားပါပြီခင်ဗျာ  ရကက(၁၉)ငါးရံ့ချောင်းအသေးစိတ်သိရှိလိုပါက ☎️09...
12/03/2022

🏘️🏘️🏘️မင်္ဂလာပါခင်ဗျာ
ပေ60/90 ခြံဝန်းလေး အုတ်တံတိုင်းပြီးစီးသွားပါပြီခင်ဗျာ
ရကက(၁၉)ငါးရံ့ချောင်း
အသေးစိတ်သိရှိလိုပါက
☎️09449911661
☎️09440424747
☎️09400029429
☎️09258555484
သို့ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

PAE ဖြင့် တိုက်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် ...
11/03/2022

PAE ဖြင့် တိုက်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်ကြီးများ အတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ရပါတယ်။

ဲ့_အရှည်အခေါ်အဝေါ်ကတော့

" Plinth Area Estimate " ( PAE ) ဖြစ်ပါတယ်။

ိုတာကတော့ ..... အများလက်ခံထားတာက
အဆောက်အဦဆောက်လုပ်ရာမှာ မိမိဆောက်မည့်
အဆောက်အဦရဲ့ အကြယ်အဝန်း တိကြသော ဧရိယာပေါ်မှာ ကုန်ကျစရိတ်ကို ခန့်မှန်းသတ်မှတ်ပြီး တွက်ချက်၍ အိမ်ရှင်နဲ့ ကန်ထရိုက် ကြားမှာ နာလည်မှုယူကြပြီး ညှိနှိုင်တွက်ချက် ဆောက်ကြတာဖြစ်ပါတယ်

☆ ဆောက်မည့် ခုနှစ်အလိုက် သတ်မှတ်စျေးနှုန်း
☆ ပါဝင်တည်ဆောက်မည့် ပစ္စည်းအပေါ် စျေးနှုန်း
☆ မျှတတဲ့ စျေးနဲ့ ဆောက်လုပ်ကြတာဖြစ်ပါတယ် ။

===================================

PAE စနစ်နဲ့ ဆောက်ကြရာဝယ်
အိမ်ရှင်တွေ အတွက် အလွန် အလုပ်ရှုပ် ခေါင်းစားရတဲ့
မှန်းထားတာထက်ပို တတ်တဲ့ အလုပ်ကို
ကြိုတင်တွက်ချက်ပြီး အဆောက်အဦး
တစ်ခုလုံးပြီးအောင် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား မှာ

- မြေတူး လုပ်သားများ
- ပန်းရံ ခရွေး လုပ်သားများ
- လက်သမား အကြမ်း/အချော လုပ်သားများ
- မီးသမား လုပ်သားများ
- ဆေးသမား လုပ်သားများ
- ရေပိုက်သမား လုပ်သားများ
- ကြွေပြားသမား လုပ်သားများ
- သံပန်းသမား လုပ်သားများ
- ခေါင်မိုးသမား လုပ်သားများ ... စသဖြင့်
အဆောက်အဦးတစ်ခုအပေါ် တတ်ကျွမ်း
လုပ်သားကြီးများကို စုပေါင်းပြီး ကန်ထရိုက်များမှ
တာဝန်ယူ ဆောက်လုပ်ပေးသော စနစ်လို့
အလွယ်တကူ နားလည် ကြရန်ဖြစ်ပါတယ် ။
==============================

PAE စနစ်နဲ့ ဆောက်လုပ်တဲ့အခါ
ဆောက်လုပ်မည့် အိမ်ရဲ့ အကျယ်အဝန်းဧရိယာ ကို
PAE Rate နဲ့ မြှောက်၍ စာချုပ်ချုပ်ဆိုပြီး
ဆောက်လုပ်ကြတာပါဘဲ ။

အဲ့လို PAE Rate နဲ့ တွက်ချက်တယ်ဆိုတာကတော့
အလွယ်တကူ နားလည် ထားရမှာကတော့
တည်ဆောက်မည့် အဆောက်အဦးရဲ့ ဧရိယာကို
#တစ်ပေပတ်လည် #ကျသင့်စျေးနှုန်းနဲ့ #မြှောက်ပြီး
- ငွေပေးငွေယူ လုပ်ကြခြင်းပါဘဲ ။

ငွေပေး ငွေယူ လုပ်ကြပြီး ဆောက်လုပ်ခြင်းအတွက်
အသုံးပြုမည့် ....
- သံ အမျိုးအစား
- ဆေး အမျိုးအစား
- ကြွေပြာ အမျိုးအစား
- ဘိလပ်မြေ အမျိုးအစား
- ဝါယာကြိုး အမျိုးအစား
- တံခါး ကြီးခွေ အမျိုးအစား
- အလူမီနီယံ အမျိုးအစား စသဖြင့် ....
ပါဝင်ထည့်သွင်း တည်ဆောက်မည့် ပစ္စည်းများကို
တိတိကျကျ ဆွေးနွေးတိုင်ပင် ညှိနှိုင်း၍
အ ဆောက်အဦး တည်ဆောက်ကြတာ ဖြစ်ပါတယ် ။
==============================

ရေ မီး ဆေး ပစ္စည်း လက်ခ အပြီအစီး
ပါဝင်ပစ္စည်းများ စျေး သတ်မှတ်ပြီးရင်
ကုန်ကျစရိတ် တွက်နည်းကတော့.....

ဥပမာ.....

တစ်ပေပတ်လည်ကို ၃၀၀၀၀/- ကျပ် ဆိုပါစို့
အဆောက်အဦးက
မျက်နှာပွင့် ပေ ၂၀ × နောက်အရှည် ပေ ၄၀ ရှိမည်ဆိုပါက
ခန့်မှန်း ကုန်ကျ ငွေ ကျပ် သိန်း ( ၂၄၀ )
သိန်း ( နှစ်ရာ လေးဆယ် )ကျမှာ ဖြစ်တယ် ။

□ PAE တစ်ပေပတ်လည် ၃၅၀၀၀ ကျပ် ဖြင့်
ဆောက်ပေးမည့် သူ နှင့်
□ PAE တစ်ပေပတ်လည် ၃၀၀၀၀ ကျပ် ဖြင့်
ဆောက်လုပ်ပေးမည့် သူတို့ကြား

စျေး သက်သာသွားပေမယ့် ထည့်ဝင်အသုံးပြုမည့်
ပစ္စည်းများမှာ ဘယ်လိုမှ မတူညီနိုင်ပါ ။
-------------------------------------------------------------------
တချို့ အဆောက်အဦးတွေမှာ
အမိုး မိုးခြင်းနဲ့ ပတ်သက်ပြီးတာ့
- သွပ်မိုး 4 Angel , WAVE Design အထူ/အပါး
- Parapet design ထည့်မှာလား
- Slab အမိုး မိုးကြမှာလား
- အုတ်ကြွပ်မိုး မိုးကြမှာလား
အုတ်ကြွပ် က စျေးမြင့်လို့ သိပ်မမိုးကြပါဘူး
- ရိုးရိုးအိမ်သာ , ဘိုအိမ်သာ
ဘို အိမ်သာမှာ ရှစ်သောင်း ၊ တစ်သိန်း ၊ နှစ်သိန်း
စသဖြင့် စျေးနှုန်အမျိုးမျိုးရှိပါတယ်
☆ ဒီအပေါ်မှာ စျေးက
အလွန့် အလွန်ကွာသွားတတ်ပါသေးတယ် ။
----------------------------------------------------------------
အိမ်ရှင်ဘက်မှ မူလတည်ဆောက်မည့် ဒီဇိုင်းမှာ
မပါဝင်တဲ့ နောက်တိုး .....
ပစ္စည်းများထပ်ထည့်ခြင်း
အခန်းများတိုးချဲ့ခြင်း
စသည့် အပေါ်မှာ နောက်တိုး စာချုပ် ချုပ်ဆိုကြရမှာ
ဖြစ်ပါတယ် ။
-----------------------------------------------------------------

#ငွေပေးငွေယူ စနစ်ကတော့ များသောအားဖြင့်

အဆောက်အဦးဆောက်တော့မည်ဆိုလျှင်
- စာချုပ်ချုပ်ဆိုသည့်နေမှာ စရံ ပေးကြရပါတယ်
- ပန္နက် ဖောင်တေးရှင်း foundation မစခင် တရစ်
ထပ်ပေးရပါတယ်
- မြေညီထပ် တိုင်ထောင် စလပ်လောင်
မပြုလုပ်ခင်မှာ တရစ် ထပ်ပေးရပါတယ်

ကန်ထရိုက်နှင့် အိမ်ရှင်ကြား ညှိနှုင်း တွက်ချက်ပြီး
လုပ်ကြရတာဖြစ်ပါတယ် ။
--------------------------------------------------
လူတိုင်း နားလည်နိုင်သည့် စကားလုံးများဖြင့်
လိုရင်းတိုရှင်း ရေးသာ တင်ပြလိုက်ရပါသည် ...

Myanmar Engr Group
ဆောက်လုပ်ရေးနည်းပညာ
Crd...

10/03/2022

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Htetmyatthar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share