Htetmyatthar စာမျက်နှာ

Htetmyatthar စာမျက်နှာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htetmyatthar စာမျက်နှာ, Maymyo.

03/03/2022
 #ဒီနေ့ သုသာန်ကိုရောက် ပါတယ်။ဆွေနီးမျိုးစပ် ကလေးတစ်ယောက်ဆုံးသွားတယ်။အသက် ၂၀ကျော်၊ ကျန်းမာသန်စွမ်း နေလျက်ကဆွဲကြိုးချ သေသွ...
19/02/2022

#ဒီနေ့ သုသာန်ကိုရောက် ပါတယ်။

ဆွေနီးမျိုးစပ် ကလေး
တစ်ယောက်
ဆုံးသွားတယ်။

အသက် ၂၀ကျော်၊
ကျန်းမာသန်စွမ်း နေလျက်က
ဆွဲကြိုးချ သေသွားပါတယ်။

လင်မယား ရန်ဖြစ်ပြီး
မိန်းမ အိမ်ပေါ်က ဆင်းသွားချိန်၊
သားလေးကို အဖွားဆီ ပို့ ခဲ့ပြီး
အိမ်မှာ တစ်ယောက်တည်း
ဖြစ်သွားခဲ့သတဲ့။

သူ့အပူ သောက သူသာ သိမှာမို့
သူ့ အတိတ်ကံ ကြောင့်လို့သာ
ဖြေသိမ့် ရပါတော့တယ်။

နာရေးမချမီ ရေစက်ချ
အမျွဝေတာ့
သူ့ အမေရဲ့သားလေးရေ အမေ့နား
လာခဲ့၊
သာဓုခေါ်နော် သားလေးလို့
ဆိုလိုက်ချိန်
ကျွန်မ ရင်ထဲ ဆို့ နင့် သွားတယ်။

သုသာန်မှာ ခေါင်းတိုင်က
ထွက်လာတဲ့ မီးခိုးတွေ
ကုန်ဆုံး သွားချိန်
ဘဝတစ်ခုဟာ အပြီးသတ် သွားတယ်။

ကျွန်မတို့ ချစ်သော မိဘ ၊ ခင်ပွန်း၊
သား၊သမီး၊ မောင်နှမ၊ ဆွေမျိုး ၊မိတ်ဆွေ
ချစ်သူ အားလုံး
ဒီလမ်းကို သွားရမှာ သိသိကြီးနဲ့
ကျွန်မတို့ ဘာတွေ လုပ်နေကြသလဲ။

ရန်ဖြစ် ကြတယ်၊
စိတ်ကောက် ကြတယ်၊
မာန ပြိုင်ကြတယ်၊

ဓန ပြိုင်ကြတယ်၊
ကဲ့ရဲ့ ကြတယ်၊
စွပ်စွဲ ကြတယ်၊
ရှုံ့ချ ကြတယ်၊

ပစ်ပယ် ကြတယ်၊
အနိုင်ယူ ကြတယ်၊
စွန့်ပစ် ကြတယ်။

အမျိုးမျိုးသော
စိတ်မိုက် တွေနဲ့
မောဟတွေ လောဘတွေ
ဒေါသတွေနဲ့
ချစ်တဲ့ သူတွေကို ဂရုစိုက်ပေးဖို့
မေ့လျော့ နေကြတယ်။

မေ့လျော့ နေပုံက
သူတို့ဟာ တစ်သက်လုံး ရှိနေမယ့်
အလား။

တကယ်လို့ မနက်ဖြန်
သူတို့ သေမယ်ဆိုတာ သိရင်
ဒီနေ့
သူ့ကို တင်းတင်းကျပ်ကျပ်
ဖက်ထားပြီး ချစ်တဲ့ စကား
ဆိုမိကြမယ် မလား။

နင်.. ဘာတွေ
လုပ်ချင်လဲ ဟင် လို့
သူ့ ဆန္ဒအားလုံး ဖြည့်ဆည်း
ပေးကြမယ် မလား။

ဒါပေမယ့် ...
သူဟာ အကြာကြီး
မသေဘဲ ရှိဦးမယ်လို့ ထင်ပြီး
မေ့မေ့ လျော့လျော့ပဲ
နေမိကြတယ်။

ဗြုန်းကနဲ သေချိန်မှ
ငါဘာလေး လုပ်မပေးလိုက်ရလေခြင်း လို့
နောင်တ ကြီးစွာဖြစ်ကြ
ရတယ်။

သောက ရောက်ရတယ်။

ငါဟာ .. ဘယ်အချိန်မဆို
သေနိုင်တယ်။

ငါဟာ .. ဘယ်နေရာမဆို
သေနိုင်တယ်။

ငါဟာ .. ဘယ်ပုံစံနဲ့ မဆို
သေနိုင်တယ်။

မနက်ဖြန် ဆိုရင်ရော
ကိုယ်ချစ်ရတဲ့ သူက
မနက်ဖြန်
သေမယ် ဆိုရင်ရော။

ကိုယ် ကိုယ်တိုင်
မနက်ဖြန်
သေမယ် ဆိုရင်ရော။

ဒီလို တွေးမိလာတဲ့ အခါ
သားသမီး ၊မိဘ၊ ဇနီး ခင်ပွန်း
ဆွေမျိုး၊ မိတ်ဆွေ ၊ ချစ်သူ
အရာရာ ဖြည့်ဆည်း ပေးဖို့၊
ကြင်နာ ဖေးမ ပေးဖို့၊
ခွင့်လွှတ်ပြီး နားလည်ပေးဖို့
အဆင်သင့်
ဖြစ်သွားပါတယ်။

မာနတွေ သိက္ခာတွေ
ပကာသနတွေ
ခနဖယ် ထားပြီး

ရှင် နေစဉ် ကာလ
စိတ်ချမ်းသာအောင် ထားပေးဖို့
ချစ်ခင်ကြင်နာ ပေးဖို့
မမေ့လျော့ကြ ပါနဲ့။

သူ ဆိုတာ သေပြီးရင်
တစ်သက်လုံး
မ တွေ့ရတော့ဘူး လေ။

အိမ်မက်မှာ တွေ့ချင် ရင်တောင် ၊
တွေ့ခွင့် မရတော့တာ မျိုးပါ။

တစ်နေ့ ...
ဘယ်သူက အရင်သေမှာ
မသိ လေတော့
သူ သေရင်
သည်းအူ ပြတ်မတတ် မ ခံစားရအောင်

သူလည်း ရုပ်နဲ့ နာမ်
တစ်ချိန် ပျက်စီးမယ်။

ငါလည်း ရုပ်နဲ့ နာမ်
တစ်ချိန် ပျက်သုဉ်းမယ်။

သူ့ သက်တမ်း ရှိသလောက်ပဲ
နေရမယ်။

စသည့်...
မရဏာနုဿတိလေး
ညအိပ့်ခါနီးတိုင်း ဆင်ခြင်ပြီး

ကိုယ်တိုင်လည်း သေတတ်အောင် ၊
သူ သေရင်လည်း ကျန် နေတတ်အောင်
လေ့ကျင့်ကြဖို့ လိုပါတယ်။

ဒီတော့ ...
မသေခင် မေတ္တာထား
ချစ်ခင် ပေးကြပါ။

ပျော်ရွှင် လွတ်လပ်စွာ
နေထိုင် သွားကြပါ။

ရှားရှားပါးပါး
လူ့ ဘဝ ရစဉ် ခဏမှာ
လူတွေသာ ကြုံလို့ ရတဲ့
တရားဓမ္မ အနှစ်သာရ ကို
ရှာဖွေ ကျင့်ကြံ သွားကြပါ။

သေရင် ခွဲခွာ နိုင်ဖို့လည်း
အသင့် ပြင်ထားပေးပါ။

ချစ်နိုင်သမျှ ချစ်ပေးပါ။

#ကြယ်ကိုးပွင့်ကကြိုး စာအုပ်မှ
#မူရင်းရေးသားသူကိုလည်းဂါရဝပြုပါသည် ၊၊

ှပြန်လည်ကူးယူမျှဝေပါသည်၊၊

တထပ်အိမ်ဒီဇိုင်းလေးတွေပါ
02/11/2021

တထပ်အိမ်ဒီဇိုင်းလေးတွေပါ

01/11/2021
HtetMyatThar (Myanmar) Construction Co.,Ltd
09/10/2021

HtetMyatThar (Myanmar) Construction Co.,Ltd

Address

Maymyo

Website

Alerts

Be the first to know and let us send you an email when Htetmyatthar စာမျက်နှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share