AP Family အိမ် ခြံ မြေ ပြင်ဦးလွင်

  • Home
  • Myanmar
  • Maymyo
  • AP Family အိမ် ခြံ မြေ ပြင်ဦးလွင်

AP Family အိမ် ခြံ မြေ ပြင်ဦးလွင် ပြင်ဦးလွင် အိမ် ခြံ မြေ
စျေးမှန် ဈေးတန် အာမခံများ

အနီးစခန်း၊ တိုးကြီးကုန်းရွာတွင်း ၄၀x၇၀ အကျယ်၊ ထောင့်ကွက်ကို ၆၃၀ ပါးပါးညှိနဲ့..တောင်ကျွန်း-ကျွဲနွားထောက် ရွာချင်းဆက်လမ်းအ...
26/07/2025

အနီးစခန်း၊ တိုးကြီးကုန်းရွာတွင်း
၄၀x၇၀ အကျယ်၊ ထောင့်ကွက်ကို ၆၃၀ ပါးပါးညှိနဲ့..

တောင်ကျွန်း-ကျွဲနွားထောက် ရွာချင်းဆက်လမ်းအတင်
ဆိုင်ဖွင့် အသင့်နေ၊ ရေမီးလွယ်၊ ဗျူးရှယ်

09689883224

092225055 (viber)

အကျိုးဆောင်ကြီးများ သီးသန့်စျေး 😍😍😍

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေငွေပေါပေါ ရှိ...
21/05/2024

မြေကွက်ဝယ်ယူပြီးမှ အရှုပ်အရှင်းများ ဖြစ်မလာစေရန် သတိထားသင့်တဲ့ အချက် ( ၅ ) ချက်

၁။ ပိုင်ဆိုင်မှု ခိုင်မာပါစေ

ငွေပေါပေါ ရှိလို့ ဝယ်လိုက်သည်ဖြစ်စေ၊ အနှစ်နှစ်အလလ စုထားရတဲ့ ချွေးနှဲစာ ငွေလေးနဲ့ ဝယ်ယူသည်ဖြစ်စေ ဝယ်ပြီးမှတော့ လွယ်လွယ်နဲ့ ဆုံးရှုံးချင်မှာ မဟုတ်ဘူးနော်။ ဒါကြောင့် ပထမဆုံး အနေနဲ့

( က ) မိမိဝယ်ယူလိုတဲ့မြေကွက်ရဲ့ အမည်ပေါက်ဟာ ဘယ်သူလဲ၊
(ခ ) မြေပိုင်ဆိုင်မှု အထောက်အထား၊
( ဂ ) စာရွက်စာတမ်းတွေစုံ/မစုံ၊
( ဃ ) မူရင်းစစ်မှန်မှုရှိ/မရှိ၊ အရှုပ်အရှင်းကင်းမကင်း၊
( င ) မြေငှားခ ကြွေးကျန် ရှိ၊ မရှိ
( စ ) မြေပုံ/မြေရာဇဝင် နဲ့
( ဆ ) စည်ပင်သာယာ (သို့မဟုတ်) မြေစာရင်းရုံးရဲ့ နောက်ဆုံးမှတ်တမ်းမှာ ဘယ်လိုရေးသွင်းမှတ်သားထားလဲဆိုတာတွေကို တိကျရှင်းလင်းစွာ စစ်ဆေးရပါမယ်။

၂။ မြေအမျိုးအစားကို သေချာစစ်ဆေးပါ

ကိုယ်ဝယ်မယ့်မြေဟာ ဘိုးဘွားပိုင်မြေလား၊ ဂရန်မြေလား၊ မြေချမိန့်ရထားတဲ့မြေလား၊လယ်မြေလား၊ ယာမြေလား၊ မီးလောင်မြေချထားမိန့်နဲ့လား၊ ပုံစံ-၇ ရထားတဲ့မြေလား ဆိုတာ သေချာစစ်ဆေးရပါမယ်။

၃။ မြေကွက်ကို ရောင်းချသူ ဘယ်လိုပိုင်ဆိုင်ခဲ့တယ် ဆိုတာကို စစ်ဆေးပါ

မြေကွက်ပိုင်ရှင် ရောင်းချသူဟာ ကိုယ့်ရဲ့ မိတ်ဆွေရင်းကြီး ဖြစ်နေရင်တောင် သေချာစစ်ဆေးဖို့ လိုပါတယ်။ ရောင်းချသူဟာ မြေကွက်ကို အမွေရခဲ့တာလား၊ ကိုယ်တိုင်ဝယ်ယူခဲ့တာလား၊ လက်ဆောင်ရထားတာလား ဆိုတာကို သေချာစုံစမ်းဖို့ လိုပါတယ်နော်။

၄။ စာချုပ်စာတမ်း စုံ၊ မစုံ စစ်ဆေးပါ

စာချုပ်စာတမ်း စစ်ဆေးရာမှာ
ဂရန်မြေဆိုရင်
(က) မြေချထားမိန့်မူရင်း
(ခ) ငွေသွင်းပြေစာမူရင်း
(ဂ) ဂရန်စာချုပ်မူရင်း၊ မြေပုံ/မြေရာဇဝင်
(ဃ)မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ
(ဇ) အိမ်ခွန်၊ မြေခွန်ပြေစာများ

ဘိုးဘွားပိုင်မြေဆိုရင်

(က) ဘိုးဘွားပိုင်မြေမှတ်တမ်းစာချုပ်
(ခ) မြေပုံ/မြေရာဇဝင်
(ဃ) မှတ်ပုံတင်စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများ

ပုံစံ-၇ ထုတ်ပေးထားတဲ့မြေဆိုရင်

(က) ပုံစံ-၇ မူရင်း
(ခ) မြေပုံ၊ မြေရာဇဝင်
(ဂ) ရပ်/ကျေးမှတ်တမ်း
(ဃ) စာချုပ်အဆက်ဆက်
(င) အမွေဆက်ခံပိုင်လာရင် အမွေဆက်ခံမှတ်ပုံတင်စာချုပ်
(စ) တရားရုံးအမိန့်နဲ့ပိုင်လာတာဆိုရင် စီရင်ချက်၊ ဒီဂရီ (တာဝန်ခံမိတ္တူ)
(ဆ) ကိုယ်စားချုပ်ဆိုခဲ့ဖူးတာရှိရင် GP, SP ကိုယ်စားလှယ်စာများကို စုံအောင် စစ်ဆေးရပါမယ်။

၅။ စာချုပ်ချုပ်ဆိုခြင်း

စာချုပ်စာတမ်းတွေ စစ်ဆေးပြီးရင်တော့ စရံပေးစာချုပ်( ကတိစာချုပ် ) ချုပ်ဆိုခြင်း၊ အရောင်အဝယ် ပြုလုပ်ခြင်းအား ကန့်ကွတ်လိုသူ ရှိ၊ မရှိ သတင်းစာမှာ ကြေညာခြင်း၊ သတင်းစာမှာထည့်ပြီး စောင့်ကြည့်နေစဉ်အတွင်း အရောင်းအဝယ်စာချုပ် မှတ်ပုံတင်ခြင်း၊ မြေပုံ၊ မြေရာဇဝင် ရေးသားခြင်းတို့ လုပ်ဆောင်ရပါမယ်။ ကန့်ကွတ်သူ မပေါ်လာရင်တော့ ငွေအပြည့်ချေပြီး မြေလက်ရောက် လွှဲပြောင်းယူခြင်း၊ ဝယ်ယူတဲ့မြေနဲ့ ဆိုင်တဲ့ ပိုင်ဆိုင်မှု စာရွက်စာတမ်း (မူရင်း) အားလုံး
အခွန်ဆောင်ထားသော မှတ်တမ်းမှတ်ရာများ၊ စာချုပ်စာတမ်းများ၊ ဂရန်မူရင်း (သို့) ပုံစံ-၇ မူရင်း အစရှိတဲ့ စာရွက်စာတမ်းတွေ တစ်ခါတည်းအရယူထားရပါမယ်။

အထက်ပါအဆင့်တွေအားလုံးပြီးရင်တော့ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် လက်ထဲရတာနဲ့ မိမိအမည်ပေါက်ပြောင်းလဲဖို့ လျှောက်ထားကာ ပိုင်ဆိုင်မှုကို ပိုမိုခိုင်မာအောင် ဆက်လက်လုပ်ဆောင်နိုင်ပါပြီ။

crd:

မဂ်လာ ကျက်သရေအပေါင်း ချမ်းမြခညောင်းတဲ့ နှစ်သစ်ဖြစ်ကြပါစေကြောင်း AP Family မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်
13/04/2024

မဂ်လာ ကျက်သရေအပေါင်း
ချမ်းမြခညောင်းတဲ့ နှစ်သစ်ဖြစ်ကြပါစေကြောင်း AP Family မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်

🤗🤗🤗 SOLD OUT 🤗🤗🤗✅ ပြင်ဦးလွင်မြို့_ဒီဇင်ဘာခြံနှင့်ကပ်လျက်✅ ပတ်ဝန်းကျင်မှာလဲ ဘန်ဂလို လေးတွေ၊ အိမ်လှလှလေးတွေနဲ့✅ DREAMUS AC...
04/04/2024

🤗🤗🤗 SOLD OUT 🤗🤗🤗

✅ ပြင်ဦးလွင်မြို့_ဒီဇင်ဘာခြံနှင့်ကပ်လျက်

✅ ပတ်ဝန်းကျင်မှာလဲ ဘန်ဂလို လေးတွေ၊ အိမ်လှလှလေးတွေနဲ့

✅ DREAMUS ACE RESIDENCE ထဲက
စျေးတန် နေရာကောင်းလေး

✅ View လှလှ အုတ်တံတိုင်း ၊သံပန်းအခိုင်အမာပါရှိပြီး

✅ မြေအကျယ် - ပေ (၄၀*၆၀)

✅ စျေးနှုန်း - (၄၅၀) သိန်း (ပိုင်ရှင်တိုက်ရိုက်(ညှိနှိုင်း)

AP Family အိမ်၊ ခြံ၊ မြေ မှ ကိုယ်တိုင်ကြည့်ရှူ စစ်ဆေးထားပြီး မြေခိုင်မာမှု(လုံးဝ) အပြည့်ရှိတဲ့ 🏡
အိမ်၊ ခြံ၊ မြေ များကိုသာ ရောင်းချပေးတာဖြစ်တာကြောင့် လူကြီးမင်းတို့အတွက် အကောင်းဆုံးဝန်ဆောင်မှုရရှိမှာဖြစ်ပါတယ် ခင်ဗျာ။

☎ဆက်​သွယ်​ရန်​​
09-2225055 ( Viber)

ိမ်ခြံမြေ_ပြင်ဦးလွင်

လူနေထိုင်ခွင့်ကျပြီး (ဂရန်လျှောက်ထားဆဲ) ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက်ဝယ်ယူချင်တဲ့ .. မိတ်ဆွေများအတွက်ပြင်ဦးလွင်မြို့ ....
03/04/2024

လူနေထိုင်ခွင့်ကျပြီး (ဂရန်လျှောက်ထားဆဲ) ပိုင်ဆိုင်မှုခိုင်မာတဲ့ မြေကွက်ဝယ်ယူချင်တဲ့ .. မိတ်ဆွေများအတွက်

ပြင်ဦးလွင်မြို့ .. ရပ်ကွက်ကြီး ၂၁ သဲဖြူချောင်း

ပေအကျယ် နဲ့ စျေးနှုန်း

80x68- ၁၀၀၀ သိန်း (ဂ-၇/ဂ-၉) (အရှေ့အရပ်လှည့်)

40x68- ၅၀၀ သိန်း

☎ 092225055

🎙 AP Family မှ ဝယ်သူစိတ်တိုင်းကျ စိတ်ချရသည့် အိမ်ခြံမြေများကိုသာ တာဝန်ယူ ရောင်းချပေးပါသည်။

နေရာကောင်းဆိုတာ .. ရောင်းပေးတဲ့သူရှိမှ ပိုင်ဆိုင်နိုင်တာပါ။ ပြင်ဦးလွင် ဂေါက်ကွင်းအနီး စန္ဒာလမ်းမေးတင်(ဂရန်မြေ)40x77 - 9...
03/04/2024

နေရာကောင်းဆိုတာ .. ရောင်းပေးတဲ့သူရှိမှ ပိုင်ဆိုင်နိုင်တာပါ။

ပြင်ဦးလွင် ဂေါက်ကွင်းအနီး စန္ဒာလမ်းမေးတင်(ဂရန်မြေ)

40x77 - 9500 သိန်း

40x80- 7500 သိန်း

ဂရန်သက်တမ်းအသစ် ဖြစ်ပါတယ်။

ပိုင်ရှင်တိုက်ရိုက် စျေး( ညှိနှိုင်း) နိုင်ပါသည်။

☎ 092225055

🎙 AP Family မှ ဝယ်သူစိတ်တိုင်းကျ စိတ်ချရသည့် အိမ်ခြံမြေများကိုသာ တာဝန်ယူ ရောင်းချပေးပါသည်။

ပိုင်ဆိုင်မှုခိုင်မာပြီး၊ နေရာကောင်း၊ အိမ်ခြေအပြည့်နဲ့ .. ပြင်ဦးလွင်မြို့ .. အောင်ချမ်းသာ (လန)ကျပြီးမြေကွက် ပေအကျယ် -  ၅...
03/04/2024

ပိုင်ဆိုင်မှုခိုင်မာပြီး၊ နေရာကောင်း၊ အိမ်ခြေအပြည့်နဲ့ ..

ပြင်ဦးလွင်မြို့ .. အောင်ချမ်းသာ (လန)ကျပြီးမြေကွက်

ပေအကျယ် - ၅၅*၆၀
စျေးနှုန်း - ၁၂၀၀ (ညှိနှိုင်း)

☎ 092225055

🎙 AP Family မှ ဝယ်သူစိတ်တိုင်းကျ စိတ်ချရသည့် အိမ်ခြံမြေများကိုသာ တာဝန်ယူ ရောင်းချပေးပါသည်။

မင်္ဂလာပါ 🙏🙏🙏ခရီးမလှမ်း အနီးစခန်းအနီး၇၀ x ၄၀ အကျယ်ကို ၃၀၀ ကျော်နဲ့ရွာမြေအစစ်မို့ ​ရေ၊ မီး အဆင်သင့်၊ဗျူးကောင်းနေရာ လမ်းလည...
03/03/2024

မင်္ဂလာပါ 🙏🙏🙏

ခရီးမလှမ်း အနီးစခန်းအနီး

၇၀ x ၄၀ အကျယ်ကို ၃၀၀ ကျော်နဲ့

ရွာမြေအစစ်မို့ ​ရေ၊ မီး အဆင်သင့်၊

ဗျူးကောင်းနေရာ လမ်းလည်းသာတဲ့

အသင့်နေ မြေစုဗူး တန်တန်လေးတွေ...

✅ ရွာမြေအစစ်မို့

အခြားနည်းလျှောက်ရန်မလို၊

မီးတိုင်ရွာရေပေးရေးပိုက်လိုင်း ခြံရှေ့၊

အိမ်ဆောက်က အိမ်နံပါတ်ကျမည့် မြေ။

🏘🏞 ခြံကွက်တည်နေရာ

အနီးစခန်း၊ တိုးကြီးကုန်းရွာ၊

The View ၊ ချမ်းမြေ့ရိပ်သာလမ်းနဲ့

ရွာလယ်လမ်းမကြီးအနီး၊

ရွာတွင်းလမ်းမေးတင်။

🔛 မန္တလေး-လားရှိူးလမ်းမကြီးပေါ်ရှိ

အနီးစခန်းမီးပွိုင့်ကနေ

အနီးစခန်းဘူတာလမ်းမကြီးအတိုင်း ဝင်ရပြီး

လူနေအိမ်များ၊ ဆိုင်များ

တဆက်တည်းရှိနေတဲ့ နေရာ။

🏘🏡 ခြံအကျယ်နှင့် စျေးနှုန်း

ခြံ (၁) ၄၀ x ၇၀ လမ်းမမေးတင် ထောင့်ကွက် (၆၃၀ညှိ)
ခြံ (၂) ၇၀ x၄၀ ဘေးလမ်း အတင် ( ၃၅၀ ညှိ)

📕စာချုပ် ချုပ်ဆိုပေးမှု 📕

ဝယ်ယူသူအမည်ပေါက် အာမခံရရှိစေရန်

ကျေးရွာဥက္ကဌရှေ့မှောက်တွင် တရား

လွှတ်တော်ရှေ့နေနှင့် ချုပ်ဆိုပေးပါမည်။

💰ဝယ်ယူ ပေးချေမှု 💰

၃ လအတွင်း အရစ်ကျ ၄ ရစ် ပေးချေနိုင်မည့်

အခွင့်အရေး

📌 အကျိုးဆောင်များအတွက် သီးသန့် အပိတ်စျေး 😍😍😍

☎ 092225055 (viber/telegram)

☎ 09689883224

ိမ်ခြံမြေ_ပြင်ဦးလွင်

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေက...
27/02/2024

မြေဝယ်မကျဆိုသည်မှာ… (မြေကို ဝယ်ခြင်းဆိုသည်ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်သည်)

🔹 မြေဝယ်မကျဆိုသည်မှာ တွေ့တဲ့ခြံမြေကို ပေါချောင်ကောင်းစျေးတွေနဲ့ရတဲ့မြေတိုင်းကတော့ 100% အာမမခံနိုင်ပါဘူး

🔹 ရင်းနှီးမြုပ်နှံသင့်တဲ့ခြံမြေများရှိသလို လုံးဝမဝယ်သင့်တဲ့ ခြံမြေမျိုးလည်းများစွာရှိပါသည်။ မြေပိုင်ဆိုင်မှုစာချုပ်စာတမ်းအမျိုးမျိုးနှင့် အရှုပ်ရှင်းအမျိုးမျိုးရှိပါသည်။ ဝယ်ထားသောခြံသည် ပိုင်ဆိုင်မှု့ခိုင်မာ၍ နောင်တစ်ချိန်မှာ အချက်ချာကျနိုင်သော နေရာဖြစ်ရမည်။ မြေအရောင်းဝယ်မှာ မြေကိုဝယ်ခြင်းဆိုသည် ထက် မြေ၏ပိုင်ဆိုင်မှုကို ဝယ်ယူခြင်းဖြစ်ပါသည်။

🔹 ဂရံမြေ 🔹
လူတိုင်း မြေဝယ်မည်ဆုံးဖြတ်ပါက ဂရံမြေကိုသာ ပိုသဘောကျနှစ်သက်ကြသည်။ အရောင်းဝယ်လွယ်
ကူသည်။ လူတိုင်းနှစ်သက်သောမြေ (သစ်တောဂရံမြေ၊ စိုက်ပျိုးဂရံမြေ၊ စက်မှုဇုံဂရံမြေ၊ လူနေထိုင်အိမ်
ဂရံမြေ) အမျိုးမျိုးရှိသည်။

🔹 သစ်တော ဂရံမြေ 🔹
သစ်တောရုံးမှ ထုတ်ပေးသော ဂရံမြေဖြစ်ပြီး မိသားစု တစ်အိမ်စာဆောက်လုပ်ခွင့်မှအပ အခြားစီးပွား
ရေးပြုလုပ်ရန် (သို့) ခြံပိုင်း၍ရောင်းဝယ်ရန် မလွယ်ကူပါ။ ခွင့်ပြုချက် အဆင့်ဆင့်လျှောက်တင်ရပါမည်။

🔹 စိုက်ပျိုး ဂရံမြေ 🔹
အစိုးရမှ တိုက်ရိုက်ထုတ်ပေးသော ဂရံ (စလစ်) မြေအငှားစာချုပ်ဖြစ်ပြီး လူနေထိုင်ခွင့်၊ အရောင်းဝယ်ပြုလုပ်ခွင့်၊ အကွက်ရိုက်ရောင်းချခြင်း လုံးဝပြုလုပ်ရန်မသင့်။ ထို့သို့ပြုမည်ဆိုပါက အစိုးရမှ အချိန်မရွေးပြန်သိမ်းနိုင်သည်။

🔹 စက်မှုဇုံဂရံမြေ 🔹
က(၃၀)ဖြင့် ခွင့်ပြုချက်ကျပြီး စက်မှုလုပ်ငန်းမှအပ (3)ခ ပါရင် လူနေအိမ်ဆောက်နေထိုင်၍ ရသည်။

🔹 လူနေထိုင်အိမ်ဂရံ 🔹
ထို ဂရံ မှသာလျှင် လူနေရန် အိမ်ဆောက်လုပ်ရန် ဥပဒေအရသော်၄င်း၊ အရောင်းဝယ်ပြုရန်သော်၄င်း လုံးဝကင်းရှင်းသည် စည်ပင်မှ ထုတ်ပေးသော စာအုပ်စိမ်းဖြင့် ဂရံမြေ ဝယ်ယူမည်ဆိုပါက ဝယ်ယူသူမှ စစ်ဆေးရမည်၊ မခိုင်မာသော ဂရံ မြေများလည်းရှိသည့်နည်းတူ အရောင်းဝယ်ပြုလုပ်ရာ အရှုပ်ရှင်းများ
များသော ဂရံ မြေ များလည်းရှိသည်။(မှတ်ချက်-ဂရံမြေများသည် အစိုးရစီမံကိန်း နှင့် မလွတ်ကင်းပါကသိမ်းယူနိုင်ပါသည် ပြည်သူရွေးချယ်ထားတဲ့ အစိုးရဖြစ်ပါက လျော်ကြေး ပြန်ရပါသည်)

🔹 ပါမစ်မြေ🔹
ဂရံ ပြောင်းလျှောက်မည်ဆိုပါက လွယ်ကူပြီးခိုင်မာမှု့ ရှိသောမြေပါ သို့သာ် ပါမစ်မြေ ဝယ်ယူမည်ဆိုပါက အကောင်းဆုံးရှေ့နေငှားရမ်းပြီးစီစစ်ပါ စရံချပြီးသတင်းစာတွင်ကြေငြာထည့်ထားပါ ပါမစ်မြေသည်
အရင် အိုးအိမ်ရုံးမှ ထုတ်ပေးသော ပိုင်ဆိုင်မှုစာရွက်စာတမ်း အိမ်ထောင်စုစာရင်းကဲ့သို့ မိသားစုဓာတ်ပုံနှင့်တကွ မြေပိုင်ဆိုင်မှုစာချုပ် တွဲလျက်ပါရှိရပါမည်။(မှတ်ချက်-ပါမစ်မြေသည် အတုပေါများသည်)

🔹 ပြေစာ(စလစ်) 🔹
ပြေစာ စလစ်ဖြင့် ပြသနိုင်သောမြေ များသည်အများအားဖြင့် ပိုင်ဆိုင်မှုခိုင်မာပါသည် သို့သော် စည်ပင်
ဧရိယာအပြင်ဘက်မှ မြေမျိုးများဖြစ်ပြီး မြို့မြေဧရိယာအတွင်းဖြစ်နေပါက ဂရံအထိလျှောက်နိုင်ပါသည်။
▪Gပြေစာ(စလစ်) ▪R/G ပြေစာ(စလစ်) ▪L ပြေစာ (စလစ်) ▪စ/ ပြေစာ (စလစ်) ▪ပုံစံ(5) ပြေစာ (စလစ်)▪ ရွာမြေ ပြေစာ(စလစ်) ▪R4 ပြေစာ(စလစ်)တို့ဖြစ်သည်။

🔹 G ပြေစာ (စလစ်) 🔹
အရောင်းဝယ် အတွက် စိတ်ချရပြီး( ခြံမြေ) ဟုခေါ်ဝေါ် ကြသည် အရှုပ်ရှင်း အနည်းငယ်သာရှိမည် (အမွေဆိုင်) အိမ်ဆောက်လုပ်လူနေထိုင်နိုင်သည် သို့သာ် ဥပဒေအရ ပိုမိုတရားဝင်လိုလျှင် (သ/အ)
လျှောက်လွှာတင်ပြီး အိမ်ဆောက်လုပ် လူနေထိုင်နိုင်ပါသည်။

🔹 R/G ပြေစာ(စလစ်) 🔹
လယ်မှ ပုံစုံပြောင်းထားသော မြေဖြစ်ပြီး စိုက်ပျိုးခွင့် မိသားစုနေအိမ်အတွက်(လယ်အိမ်)ပြောင်းလျှောက်ပြီး G ပြေစာ(စလစ်) သို့မဟုတ် (က.၃၀) အဖြစ်ပြောင်းလျှောက်နိုင်သော မြေ ဖြစ်သည်။

🔹 L ပြေစာ (စလစ်) 🔹
သစ်တောမှ မြေအငှား ဂရံ (သို့)ယာယီခွင့်ပြုချက် ချပေးသောမြေဖြစ်ပြီး (အခြား)ပြောင်းလျှောက်ခွင့် မှာရရင်ရ မရရင် မရပါ ဝယ်မည်ဆိုပါက ဌာနဆိုင်ရာသို့ အကြောင်းကြား၍ လုပ်သင့် သည့်အရာများညွန်ကြားချက် အတိုင်းလိုက်နာ၍ ပြောင်းလွဲရပါမည် အကွက်ရိုက် ရောင်းချခွင့် မရှိပါကြောင်း။

🔹 စ/ ပြေစာ (စလစ်) 🔹
အရောင်းဝယ် မပြုလုပ်လျင်ပိုကောင်းမည် အစိုးရမှတိုက်ရိုက်ချပေးသော စိုက်ပျိုးဂရံ(သို့ဟုတ်)ပြေစာ
စလစ်ဖြစ်ပြီး စိုက်ပျိုးရန်အတွက် သီးသန့်သာဖြစ်၍ တစ်မိသားစုမှအပ အခြားအိမ်များဆောက်လုပ်ခွင့်
မရှိပါ အခြားမြေသို့ ပုံစံပြောင်းလျှောက်၍မရပါ အလွန်ခက်ခဲမည် အရှုပ်ရှင်းများစွာရှင်းရမည် အကွက်
ရိုက် ရာင်းချခြင်းမရှိပါ အစိုးရမှ အလွယ်တကူ ပြန်လည်သိမ်းယူ နိုင်ပါသည်။

🔹 ပုံစံ(5) ပြေစာ 🔹
ထိုမြေသည် လယ်ပျက်ဖြစ်ပြီး အခြားမြေသို့ စီးပွားရေး စက်မှု့ဇုံ လူနေအိမ် အကွက်ရိုက်ရောင်းခြင်း စသည့် အရာများတွက် ခွင့်ပြုချက် လျှောက်၍ ပြုလုပ်နိုင်ပါသည် လယ်ပျက်ဖြစ်၍ ရွာတိုးချဲ့ခြင်း မြို့ဧရိယာတိုးချဲ့ခြင်း စသည့် အရာများပြုလုပ်နိုင်သည်။ (အရှုပ်ရှင်း မရှိပါ/ အဓိက မြေစာရင်းရုံးပါ)

🔹 ရွာမြေ ပြေစာ (စလစ်) 🔹
မြေ အမျိုးစားတွင် ခိုင်မာမှုရှိပြီး Google Map တွင်လည်း Singnal ပြသမည် Singnal မပြ
သသော်လည်း R4(သို့မဟုတ်)G မြေ ဖြစ်နေပါက ရွာမြေ ခြံမြေအမျိုးစားတွင် ထည့်သွင်းနိုင်ပါသည် အစိုးရ စီမံကိန်းရှိသော်လည်း မပယ်ဖျက်နိုင် စက်မှုဇုံလည်း ဝင်လာ၍ မရ နိုင်၊ ပြန်သိမ်းယူမည့် စိုးရိမ် မှု့မျိုး အရှင်းမရှိပါ။

🔹 R4 ပြေစာ(စလစ်) 🔹
ထိုမြေမျိုးသည်လည်း လယ်ပျက် ဖြစ်ပြီး ရွာဧရိယာအတွင်းပါနေပါက ရွာမြေ ဟု ခေါ်ဝေါ် နိုင်ပါသည်
အစိုးရမဖျက်သိမ်းပါ လူနေခွင့်ရှိပါသည် အမည်ပေါက်ဖြင့် ပြောင်းလျှောက်၍ အခြား မြေအမျိုးစားသို့
ပြောင်းလျှောက်ရန် လွယ်ကူပါသည် လယ်ဧရိယာ အတွင်းတွင် မပါဝင်ရန်သာလိုသည်လယ်မြေပေ
မယ့် အရောင်းဝယ်ပြုလုပ်ရာတွင် လွယ်ကူပါသည် R1,R2, R3လယ်များသာ အရောင်းဝယ်မပြုလုပ်ရန်
သတိထားရပါမည် လမ်းမဘေးမျိုး ဆိုပါက R3 မြေမျိုး ဖြစ်နေလည်း R4(သို့) ပုံစံ(5)သို့ ပြောင်းလျှောက်နိုင်သည် တစ်ခုသိထားရမည်မှာ မြန်မာနိုင်ငံတွင် လယ်မြေသည်အများဆုံး ဖြစ်ပြီး မြို့နယ်
(ရပ်ကွက်) တိုးချဲ့ခြင်းလုပ်ငန်းမှာ လယ်မြေကိုသာ အသုံးများဆုံးဖြစ်ပါသည်။

🔹 ဘိုးဘွားပိုင်မြေ 🔹
မျက်မြင်အထောက်ထား တွေ့ရန် အလွန်ခက်ခဲပါသည်။`Moderator´ မိမိ မမြင်ဘူး မတွေ့ဘူးတာလည်း ဖြစ်နိုင်ပါတယ်။
ဘိုးဘွားပိုင်မြေသည် ကတ္တီပါအသားဖြင့် ပိတ်ပေါ်တွင်စာလုံးများအား အပ်ချည်ဖြင့် ထွင်းထားသော
စာချုပ်စာတမ်း အမျိုးစားဖြစ်သည် ခိုင်မာမှု့က ဂရံ မြေထက် အဆများစွာသာသည် ခေတ်အဆက်ဆက် အမွှေ ဆက်ခံခွင့်ရှိပြီး အရောင်းဝယ် ပြုလုပ်ရာ၌ အမွေစား အမွေခံ အရှုပ်ရှင်းရှိသည်။

🔹 အရှုပ်ရှင်းဆိုသည်မှာ 🔹
မြေပိုင်ရှင်မှာ အမွေဆိုင် ရှိခြင်း ပေါင်နှံထားခြင်း အစိုးရစီမံကိန်းနှင့် မလွတ်ကင်းခြင်း၊ သစ်တောမြေ
များအား ပိုင်းရောင်းခြင်း၊ အစိုးရမှ တိုက်ရိုက်ချပေးသော စိုက်ပျိုးမြေများရောင်းချခြင်းများ ဖြစ်ပါတယ်။ မြေဝယ်ယူမည်ဆိုပါက ထိုအရာများနှင့် မသက်ဆိုင်သော မြေများကိုမှ အရှုပ်ရှင်းကင်းသည်ဟု ဆိုရပါမည်။

🔹 မြေဝယ်ယူမည်ဆိုပါက 🔹
မြေပိုင်ရှင်၏ စာချုပ်စာတန်း သမိုင်းကောက်ကြောင်းအားစုံစမ်းပါ အမွေဆိုင်များရှိပါက ထိုသူများအား
ရောင်းရန် သဘောတူကြောင်း မိမိရှေ့နေ အရှေ့တွင် ခံဝန်လက်မှတ်ရေးထိုးခိုင်းပါ ပေါင်နှံထားခြင်း ရှိမရှိ အားစစ်ဆေးပါ ဘဏ် (သို့မဟုတ်) ရပ်ကွက်အုပ်ချုပ်ရေးမှုးသို့ စစ်ဆေးနိုင်ပါသည်။ သစ်တောမြေ ဟုတ် မဟုတ်ကို ပြေစာ(စလစ်)တွင် စစ်ဆေးနိုင်ပါသည် သစ်တောမြေဆိုပါက မြေဦးပိုင်မှာ L စာလုံးပါမည်။

မြေဝယ်မကျ ခိုင်မာသည့် မြေများ ရှာဖွေ ဝယ်ယူနိုင်ကြပါစေ



Credit. သိမှတ်ဖွယ်ရာဥပဒေရေးရာအဖြာဖြာ

ရွာမြေရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင်လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။ပ...
13/02/2024

ရွာမြေ
ရွာမြေဆိုသည်မှာ ခေတ်ကာလအဆက်ဆက်တွင်
လူအများနေထိုင်ရန် သီးသန့်သတ်မှတ်ထားသော မြေအမျိုးအစားများထဲမှ တစ်မျိုးဖြစ်ပါသည်။

ပါမစ် ဂရန် တို့ကဲသို့ စာရွက်စာတမ်းအနေနှင့်သီးခြားပုံသေသတ်မှတ်ထားခြင်းမရှိသော်လည်း ရှေးအစဉ်အဆက်က ဘိုးဘွားများလက်ထက်မှ သတ်မှတ်လာခဲ့သောနယ်နိမိတ်အတိုင်း မျိုးဆက် တဆက်ပြီးတဆက် နေထိုင်လာခဲ့ကြပြီး စာချုပ်အနေနှင့် အရောင်းအ၀ယ်ပြုလုပ်လေ့ရှိကြပါသည်။

ရွာနှင့်ဆက်စပ်လျက်ရှိသော ဧရိယာများမှာ တခါတလေတွင် လယ်မြေများဖြစ်နေတတ်ပြီး ကျွဲနွားလွှတ်ကျောင်းရန် ချန်လှပ်ထားသော စားကျက်မြေများလည်း ဖြစ်နေတတ်ပါသည်။ ဥယျာဉ်ခြံမြေများလည်း တဆက်တစပ်တည်းတည်ရှိနေသည်ကို တွေ့မြင်ရဖူးပါသည်။

ရွာမြေကို ၀ယ်ယူရာတွင်သတိထားစရာအချက်အလက်များမှာ
********************************************************************

(၁) ရွာမြေဖြစ်ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှုး၊ အနီးအပါးတွင်နေထိုင်သောရွာခံလူကြီးများ၊ ပါတ်၀န်းကျင်ရှိ ရွာမြေတွင်နေထိုင်လာခဲ့သော နယ်ခံ လူထုများ အားမေးမြန်းစုံစမ်းပြီး နေရာနှင့်တကွ ဟုတ်မဟုတ် သေသေချာချာ သတိပြု၀ယ်ယူသင့်ပါသည်။

(၂) အချို့ မြေကွက်ရောင်းချသူများမှ လယ်မြေအား ရွာမြေ၊ ဘိုးဘွားပိုင်မြေသဖွယ် စိတ်ပိုင်းရောင်းချတတ်ပါသည်။ ထိုမြေကွက်များကို ၀ယ်ယူမိသူများမှာ အိမ်ရာဆောက်လုပ်ခွင့်မရ၊ အမည်ပေါက်လဲပြောင်းလဲမရသဖြင့် အခက်အခဲကြုံ ငွေလဲဆုံးရူံးခဲ့ကြရသည်ကိုကြားသိခဲ့ဖူးပါသည်။

(၃) အချို့ကျူးကျော်နေထိုင်သူများမှာ သက်တမ်းရှည်ကြာစွာနေထိုင်ခဲ့သဖြင့် ရွာမြေဖြစ်သယောင်နှင့်ရောင်းချသော်လည်း အမှန်တကယ်မှာ လယ်မြေတွင်ဆောက်လုပ်ထားသော အိမ်ကလေးများသာ ဖြစ်နေတတ်ပါသည်။

(၄) ရွာမြေ ရောင်းချရန် ကမ်းလှမ်းလာခြင်းကို သေချာစွာစီစစ်ရာမှ ဘုန်းတော်ကြီးကျောင်းနယ်နိမိတ်ဧရိယာတွင် နေထိုင်နေကြသောကျူးကျော်အိမ်များ ဖြစ်နေသည်ကို ကြုံတွေ့ခဲ့ပါသည်။

(၅) ရွာမြေကို၀ယ်ယူပြီးပါက ခြံခတ်ရန် အလွန်အရေးကြီးပါသည်။ ဧရိယာသတ်မှတ်ချက်မှာ ပါမစ် ဂရန် တို့ကဲ့သို့ အတိအကျ မရှိတတ်ပဲခန့်မှန်းသာ အဆင့်ဆင့်ရောင်းချခဲ့ခြင်းသို့မဟုတ် ခန့်မှန်းဖြင့်သာ နေထိုင်ခဲ့ခြင်းတို့ကြောင့် ရွာခံများပင် တိကျစွာသိရန် ခက်ခဲခြင်းများကြုံတွေ့ရတတ်ပါသည်။ ခြံမခတ်ပဲ ထားမိပါက နောင်နှစ်ပေါင်းများစွာမှ အရူပ်အရှင်းများရင်ဆိုင်ရတတ်ပါသည်။ အချို့သော သူများက သစ်ပင်များစိုက်ပျိုးခြင်း ဝါးပင်များဖြင့်စိုပ်ပျိုးပြီး ဧရိယာကို ပိုမိုကျော်လွန်အောင် ဆောင်ရွက်တတ်ခြင်းတို့ကြောင်းပိုင်ဆိုင်မှုအငြင်းမပွားရလေအောင် စတင်၀ယ်ယူစဉ်ကတည်းက ခြံခတ်ထားသင့်ပါသည်။ လူတိုင်းမဟုတ်ပါ ရိုးသားသော နယ်ခံများစွာရှိပါသည်။

(၆) ရွာမြေများသည် ဧရိယာအမျိုးမျိုးဖြင့်ရှိနေနိုင်ပါသည်။ 50'x60' / 45'x90'/ 60'x120' စသည်ဖြင့် ပြန်လည်စိတ်ပိုင်းရောင်းချသော သူများ၏ ဆန္ဒအတိုင်း ဧရိယာသတ်မှတ်ချက်အတိုင်း၀ယ်ယူရန်သာဖြစ်ပါသည်။
Credit-TH Law Firm

Address

ရေချမ်းအိုး
Maymyo

Website

Alerts

Be the first to know and let us send you an email when AP Family အိမ် ခြံ မြေ ပြင်ဦးလွင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share