Thiri Zaw Construction

Thiri Zaw Construction Construction & Engineering

မိတ်ဆွေတို့အတွက် တရားဝင်ဆောက်လုပ်မိန့်ရရှိပြီး ဆောက်လုပ်ထားတဲ့ Penthouse အခန်းများအကြောင်း သတင်းစကားပါးလိုပါတယ်ရှင့်။စိတ...
10/02/2026

မိတ်ဆွေတို့အတွက် တရားဝင်ဆောက်လုပ်မိန့်ရရှိပြီး ဆောက်လုပ်ထားတဲ့ Penthouse အခန်းများအကြောင်း သတင်းစကားပါးလိုပါတယ်ရှင့်။

စိတ်ကြိုက်ရွေးချယ်နိုင်တဲ့လိပ်စာတွေကတော့
* အမှတ်(၁၁၅၁)၊ဇောတိက(၁)လမ်း၊(၁၆/၄)ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။
* အမှတ်(၈၆)၊ဇေယျာလမ်း၊(၁၀)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။
* အမှတ်(၃၄၈/က+ခ)၊သီလလမ်း၊(၄)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။
* အမှတ်(၁၉)၊ရာဇသင်္ကြန်(၁)လမ်း၊(၁၁)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ် တို့ပါရှင့်။
Penthouse မို့လို့လေဝင်လေထွက်ကောင်းမွန်၊ဆူညံသံကင်းဝေး၊သီးသန့်ဆန်ပြီး လွတ်လပ်စွာနေထိုင်နိုင်သလို မြို့ပြမြင်ကွင်းကိုလည်း တဝကြီးခံစားနိုင်ပါတယ်။ မီးပြတ်မှာကိုလည်း စိတ်ပူစရာမလိုဘဲ Lift ကို ၂၄နာရီ အသုံးပြုနိုင်အောင် Inverter System တပ်ဆင်ပေးထားပါတယ်။
BCC ရရှိပြီးသားနဲ့ BCC ခွင့်ပြုမိန့်ရရှိအောင် ဆောင်ရွက်ပေးနေသော အဆောက်အဦးများလည်းဖြစ်ပါတယ်။
ကျယ်ဝန်းတဲ့ကားပါကင်ပါသလို ကားရပ်နားရန် အဆင်ပြေတဲ့ ပတ်ဝန်းကျင်ရှိတဲ့ အဆောက်အဦးများလည်း ဖြစ်ပါတယ်။
အခန်းများဟာ Developer မှ ပြင်ဆင်ထားသော အခန်းများရှိသလို ဝယ်ယူသူစိတ်ကြိုက်ပြင်ဆင်နိုင်မယ့် အခန်းများလည်း ပါဝင်ပါတယ်။
လုံခြုံရေးအစောင့်များရှိလို့ စိတ်အေးချမ်းသာစွာလည်း နေထိုင်နိုင်ပါတယ်။
Thiri Zaw Construction Co, Ltd., မှ တိုက်ခန်းများကို အရစ်ကျဝယ်ယူနိုင်သလို Payment Plan ကိုလည်း ဝယ်ယူသူအဆင်ပြေအောင် ညှိနှိုင်းပေးနေပါတယ်။ အနာဂတ်အတွက် ဘက်ပေါင်းစုံက စိတ်ချယုံကြည်ရမယ့် Penthouse တစ်ခန်းကို ရှာနေပြီဆိုရင် Thiri Zaw Construction Co, Ltd., ကိုသာ ရဲရဲကြီး ရွေးချယ်လိုက်ပါ။

📞📞📞 09-762762764, 09-257711115

Thiri Zaw Construction Co. Ltd., ရဲ့ မိတ်‌‌ေဟာင်းမိတ်သစ်များအားလုံး မင်္ဂလာပါ။Thiri Zaw Construction မှ ထပ်မံဆောက်လုပ်မယ...
02/02/2026

Thiri Zaw Construction Co. Ltd., ရဲ့ မိတ်‌‌ေဟာင်းမိတ်သစ်များအားလုံး မင်္ဂလာပါ။

Thiri Zaw Construction မှ ထပ်မံဆောက်လုပ်မယ့် Project များအကြောင်း သတင်းစကားပါးလိုပါတယ်ရှင့်။

အောက်ပါ Project များကို ထပ်မံဆောက်လုပ်သွားမှာ ဖြစ်ပါတယ်ရှင်။

* အမှတ်(၃၀၃)၊ကမ္ဘာအေးဘုရားလမ်း၊(၉)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်။

* အမှတ်(၄၂၀)မင်းခေါင်လမ်း၊(၆)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်။

* အမှတ်(၃၁/က)၊ဦးဘစံလမ်း၊ဇဝနရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်။

* အမှတ်(၁၀၂၇)၊သူရလမ်း၊(၉)ရပ်ကွက်၊တောက်ဥက္ကလာပမြို့နယ်တို့ ဖြစ်ပါတယ်ရှင့်။

Thiri Zaw Construction မှ Pre Sale အရောင်းများဖွင့်လှစ်ခဲ့ပါကလဲ ထပ်မံ၍ အသိပေးအပ်သွားပါမယ်ရှင်။

📞📞📞 09-762762764, 09-257711115

Thiri Zaw Construction Co.Ltd.,ရဲ့ မိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါThiri Zaw Construction Co.Ltd., မှ Lift ပါဝင်သော အဆင့်...
21/12/2025

Thiri Zaw Construction Co.Ltd.,ရဲ့ မိတ်ဟောင်းမိတ်သစ်များ မင်္ဂလာပါ
Thiri Zaw Construction Co.Ltd., မှ Lift ပါဝင်သော အဆင့်မြင့် အဆောက်အဦးများ ဆက်လက်ဆောက်လုပ်လျက် ရှိပါတယ်။ ဆောက်လုပ်ဆဲ အဆောက်အဦးများကတော့-
(၁) အမှတ်(၁၁၅၁)၊ဇောတိက(၁)လမ်း၊ (၁၆/၄)ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။
(၂) အမှတ်(၁၁၃၅)၊ဝေသန္တရာလမ်းနှင့်စိတ်တ္တသုခလမ်းထောင့်၊(၁၆/၄)ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်၊ရန်ကုန်မြို့။
(၃) အမှတ်(၁၉)၊ရာဇသင်္ကြန်(၁)လမ်း၊(၁၁)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
(၄) အမှတ်(၈၆)၊ဇေယျာလမ်း၊(၁၀)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
(၅) အမှတ်(၃၄၈ က+ခ)၊သီလလမ်း၊(၄)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
Non Lift များကတော့-
(၁) အမှတ်(၁၈၁/ခ + ၁၈၂/က)၊အင်းဝလမ်း၊(၆)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။
(၂) အမှတ်(၈၉၀/ခ)၊မိဂသီ(၁၈)လမ်း၊(၁၂)ရပ်ကွက်၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့။

မိတ်ဆွေများစိတ်ဝင်စားပါက Thiri Zaw Construction Co. Ltd., Marketing Team ရဲ့အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်၍ စုံစမ်းနိုင်ပါတယ်။

📞📞📞09-257711115,09-762762764

ဒီကနေ့ ကျရောက်တဲ့ တန်ဆောင်တိုင်လပြည့် မြတ်အချိန်အခါမှစတင်၍ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကုသိုလ်၊ လာဘ်လာဘများ တိုးပွားစေကြ...
04/11/2025

ဒီကနေ့ ကျရောက်တဲ့ တန်ဆောင်တိုင်လပြည့် မြတ်အချိန်အခါမှစတင်၍ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ကုသိုလ်၊ လာဘ်လာဘများ တိုးပွားစေကြဖို့ Thiri Zaw Construction Co. Ltd., မှ ဆုတောင်းပေးအပ်ပါတယ်

သီတင်းကျွတ် လပြည့်နေ့မှစ၍ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး လုံခြုံအေးချမ်းတဲ့ အိမ်လေးရဲ့ အရိပ်အောက်မှာ ကျန်းမာ၊ ချမ်းသာစွာ နေထို...
06/10/2025

သီတင်းကျွတ် လပြည့်နေ့မှစ၍ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး လုံခြုံအေးချမ်းတဲ့ အိမ်လေးရဲ့ အရိပ်အောက်မှာ ကျန်းမာ၊ ချမ်းသာစွာ နေထိုင်နိုင်ပါစေလို့ Thiri Zaw Construction မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ခင်ဗျာ။

04/10/2025

မင်္ဂလာပါခင်ဗျာ.....Thiri Zaw Construction Page အဟောင်းကို Follow ထားပြီးသား မိတ်ဟောင်းများနဲ့ မိတ်သစ်များခင်ဗျာ။

Thiri Zaw Construction ဟာ ရန်ကုန်မြို့အနှံ့အပြားမှာ ခေတ်မှီ ယုံကြည် စိတ်ချရတဲ့ အဆောက်အဦးပေါင်းများစွာကို ဂုဏ်ယူစွာဖြင့် တည်ဆောက်ပေးနေခဲ့တာ ၂၂ နှစ်ကျော်ခဲ့ပါပြီ။

စံချိန်စံညွှန်း ပြည့်ဝမှုနဲ့ အညီ အရည်အသွေးကို ဦးစားပေးပြီး “လုံခြုံစိတ်ချရမှုနဲ့ ယုံကြည်မှု” ကို ဦးစားပေးတဲ့ Thiri Zaw Construction အကြောင်းကို အခု Share ထားတဲ့ Thiri Zaw Construction ရဲ့ page အဟောင်းကို ဝင်ကြည့်ရင် သိနိုင်ပါတယ်။

ဒီ Page အသစ်မှာတော့ Thiri Zaw Construction ရဲ့ ဆောက်လုပ်ဆဲ တိုက်ခန်းတွေနဲ့ ဆက်လက်ဆောက်လုပ်မယ့် တိုက်ခန်းတွေကို ဆက်တိုက်တင်ပေးသွားမှာဖြစ်တဲ့အတွက် ၂၂ နှစ်တိုင်တိုင် စဉ်ဆက်မပြတ် ချစ်ခင်အားပေးလာကြသော ကျေးဇူးရှင် မိတ်ဟောင်းမိတ်သစ် လူကြီးမင်းများအားလုံးက Thiri Zaw Construction ရဲ့ page အသစ်ကိုပါ Like & Follow လုပ်ထားလိုက်ကြပါဦးခင်ဗျာ။

https://www.facebook.com/share/1GrB6UuZEp/?mibextid=wwXIfr

THIRIZAW CONSTRUCTION was born on 2003. We build a apartment, residence and condo.

ဒီနေ့မှာကျရောက်တဲ့ ဗုဒ္ဓဘာသာဝင် အားလုံးတို့ရဲ့ အထွဋ်အမြတ်ထားရာ “ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ ကဆုန်လပြည့် ဗုဒ္ဓနေ့”ကစလို့ ...
10/05/2025

ဒီနေ့မှာကျရောက်တဲ့ ဗုဒ္ဓဘာသာဝင် အားလုံးတို့ရဲ့ အထွဋ်အမြတ်ထားရာ “ဖွား ပွင့် ဟော စံ ဗျာဒိတ်ခံ ကဆုန်လပြည့် ဗုဒ္ဓနေ့”ကစလို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံး စိတ်၏ကျန်းမာခြင်း၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေကြောင်း သီရိဇော်ဆောက်လုပ်ရေးမိသားစုက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် 😊

19/03/2025
တန်ဆောင်တိုင်လပြည့်နေ့တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်...
15/11/2024

တန်ဆောင်တိုင်လပြည့်နေ့

တန်ဆောင်မုန်း လပြည့်နေ့သည် သီတင်းကျွတ်လပြည့်နေ့ ကဲ့သို့ပင် ဗုဒ္ဓဘာသာနွယ်ဝင်တို့၏ နေ့ထူးနေ့မြတ် တစ်နေ့ပင် ဖြစ်သည်။ အကြောင်းမှာ တန်ဆောင်မုန်း လပြည့်နေ့၌ ကျင်းပလေ့ ရှိသော တန်ဆောင်တိုင်ပွဲတော်သည် ဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်သည့် ပွဲတော် ဖြစ်သကဲ့သို့ ကထိန်သင်္ကန်း ကပ်လှူခွင့်ရသော နောက်ဆုံးနေ့ ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
တန်ဆောင်မုန်းလ၌ ကျင်းပမြဲဖြစ်သော ထင်ရှားသည့် ပွဲတော်တခုမှာ ကထိန်သင်္ကန်း ဆက်ကပ် လှူဒါန်းခြင်းပင် ဖြစ်သည်။ ဤတွင် 'ကထိန်' ဟူသည် 'ကထိန' ဟူသော ပါဠိဝေါဟာရမှ ဆင်းသက်လာခြင်း ဖြစ်သည်ဟု သိရသည်။ ကထိန်၏ အဓိပ္ပာယ်မှာ 'မြဲမြံခြင်း၊ ခိုင်ခံ့ခြင်း' ဖြစ်၍ ရဟန်းတော်များသည် မြဲမြံ ခိုင်ခံ့သည့် အကျိုးထူးငါးပါးကို ရရှိသောကြောင့် 'ကထိန်' ဟု ခေါ်ဆိုရခြင်း ဖြစ်သည်ဟု ဆိုကြသည်။
ဤသို့ထူးမြတ်သောနေ့ကောင်းနေ့မြတ်မှစပြီး (၇)ရက်သားသမီးအပေါင်းကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများပြည့်ဝကျပါစေကြောင်း သီရိဇော်ဆောက်လုပ်ရေးမိသားစုမှ ဆုမွန်းကောင်းတောင်းပေးလိုက်ရပါသည်။

သီတင်းကျွတ်လပြည့်နေ့သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ မြတ်...
17/10/2024

သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင်ယုံကြည်သူတို့အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြသည်။
မြတ်စွာဘုရားဆင်း သက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင်းမိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြသည်။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်ပြည်၌ မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သားကိုအကြောင်း ပြု၍ ကုသလာဓမ္မာ အကုသလာဓမ္မာ၊ အဗျာကတာဓမ္မာအစရှိသည်ဖြင့် အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်သီတင်းကျွတ်လပြည့်နေ့တွင် တာဝတိံသာ၌ပဝါရဏာပြု၍ လူ့ပြည်သို့ သက်ဆင်းတော်မူသည်ကိုအကြောင်း ပြုလျက် ထိုနေ့ကို အဘိဓမ္မာနေ့ဟူ၍ ခေါ်ဆိုသမုတ်ကာအဘိဓမ္မာ ပူဇော်ပွဲကျင်းပလေသည်။
ထိုသို့ထူးခြားသောနေ့ထူးနေ့မြတ်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအပေါင်းတို့ စိတ်၏ ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါစေကြောင်း သီရိဇော်ဆောက်လုပ်ရေးမိသားစုမှ
ဆုမွန်ကောင်းတောင်းပေးလိုက်ရပါသည်။

Address

No. 312, War Yar Lat 3 Street, 9 Quarter
Mayangone
11061

Website

Alerts

Be the first to know and let us send you an email when Thiri Zaw Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share