19/08/2026
ဟိုတယ် / Resort တစ်ခုအတွက်
Construction Timeline နောက်ကျတာက “အချိန်နောက်ကျတာ” တစ်ခုတည်း မဟုတ်ပါဘူး။
Residential Project မှာ ၁ လနောက်ကျရင်
Owner အတွက် စိတ်အနှောင့်အယှက် ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် Hotel / Resort Project မှာတော့
၁ လနောက်ကျတာက Revenue ကို တိုက်ရိုက်ထိခိုက်နိုင်ပါတယ်။
ဘာကြောင့်လဲ?
Hotel တစ်ခုက ဆောက်ပြီးမှ ဝင်ငွေစရတဲ့ Business ဖြစ်ပါတယ်။
အဆောက်အဦး မပြီးသေးရင်—
• အခန်း တွေကို မဖွင့်နိုင်သေးဘူး
• Booking လက်ခံနိုင်တဲ့ Capacity မရသေးဘူး
• Staff တွေကို အပြည့်အဝ စတင်အသုံးချလို့ မရသေးဘူး
• Marketing Launch Date တွေ ရွှေ့ရနိုင်တယ်
• Peak Season ကို လွတ်သွားနိုင်တယ်
အဲ့ဒီအချိန်မှာ Contractor ဘက်ကတော့
“Project က ၁ လပဲ နောက်ကျတာပါ” လို့ ပြောနိုင်ပါတယ်။
ဒါပေမယ့် Owner ဘက်က စဉ်းစားရမှာက—
“ဒီ ၁ လအတွင်း ရနိုင်မယ့် Revenue ဘယ်လောက် ဆုံးရှုံးသွားလဲ?”
ဆိုတာပါ။
ဒါကြောင့် Hotel / Resort Project မှာ
Timeline ကို “ပြီးမယ့်ရက်” တစ်ခုအနေနဲ့ပဲ မကြည့်သင့်ပါဘူး။
Timeline = Business Plan ရဲ့ အစိတ်အပိုင်းတစ်ခု လို့ စဉ်းစားသင့်ပါတယ်။
Smart Project Owner က
“ဘယ်နေ့ပြီးမလဲ?” လို့ပဲ မမေးဘူး။
“ဒီ Date ကို ဘယ်လို System နဲ့ ထိန်းထားမလဲ?”
ဆိုတာကိုပါ စဉ်းစားပါတယ်။
Construction မှာ Timeline Reliability ဆိုတာ
ကံကောင်းလို့ အချိန်မီပြီးတာ မဟုတ်ပါဘူး။
Planning, Procurement, Resource Allocation, Site Coordination နဲ့ Progress Tracking တွေကို
စနစ်တကျ ထိန်းချုပ်ထားနိုင်မှ ရလာတဲ့ Result ဖြစ်ပါတယ်။
အဆောက်အဦးတစ်ခုကို ဆောက်တာနဲ့
Business တစ်ခုကို စတင်နိုင်အောင် ဆောက်တာ
မတူပါဘူး။
Hotel / Resort Project မှာ
Time က Cost မဟုတ်ဘူး။
Time က Revenue ဖြစ်ပါတယ်။
Ayeyar Prime Development