MBG-Qualified Structure Engineering Consultant Firm-Myanmar

MBG-Qualified Structure Engineering Consultant Firm-Myanmar ငလျင်နဲ့မုန်တိုင်းဒဏ်ကို ခံနိုင်တဲ့အဆောက်အုံဒီဇိုင်းများတွက်ချက်ပေးတဲ့ Structure Design Firm ဖြစ်ပါတယ်။

11/08/2026

ပျက်စီးပုံအဆင့်ဆင့်ကိုလေ့လာတယ် အဆုံးထိသေချာကြည့်တယ် ပေါ့ဆမိမှာစိုးရိမ်လို့ Awareness အမြဲရှိနေအောင်ကြိုးစားတယ်။ ငလျင်ကိုမတားနိုင်ပေမဲ့ ငလျင်ကြောင့်ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့တော့ ကိုယ့်တာဝန်ကျေအောင်ကြိုးစားဖြစ်တယ်။ လုံးဝမပေါ့ဘူး။ ခါယမ်းနေတဲ့ အခိုက်တန့်က ခံစားသိကို အမြဲမှတ်ထားတယ်။ အဆောက်အုံပိုင်ရှင်နဲ့ ပါဝင်ပက်သက်သူ အားလုံးလည်း မပေါ့ဖို့ တိုက်တွန်းချင်ပါတယ်။

ဒီလထဲ Structure Design လုပ်ပေးရတဲ့ ပရောဂျက်တွေဖြစ်ပါတယ်။ပြည်တွင်းပြည်ပ Structure Design Project တွေကို Team member 10 ဦ...
11/08/2026

ဒီလထဲ Structure Design လုပ်ပေးရတဲ့ ပရောဂျက်တွေဖြစ်ပါတယ်။

ပြည်တွင်းပြည်ပ Structure Design Project တွေကို Team member 10 ဦးနဲ့ အချိန်နဲ့ တပြေးညီ Quality Design တွေကို Handle လုပ်နေတာမို့ မိတ်ဆွေတို့ရဲ့ ပရောဂျက်တွေအတွက် Structure Design လိုအပ်ခဲ့ရင် 09771464430 ကို ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ငလျင်ပြင်းဒေသတွေမှာ 20'x60' မြေကွက်ထဲ ဗိသုကာစစ်စစ်နဲ့ ဒီဇိုင်းရေးဆွဲပြီး ကျနော်တို့ Firm က ငလျင်ဒဏ်ခံနိုင်ဖို့ သေချာဒီဇိ...
11/08/2026

ငလျင်ပြင်းဒေသတွေမှာ 20'x60' မြေကွက်ထဲ ဗိသုကာစစ်စစ်နဲ့ ဒီဇိုင်းရေးဆွဲပြီး ကျနော်တို့ Firm က ငလျင်ဒဏ်ခံနိုင်ဖို့ သေချာဒီဇိုင်းဆွဲထားတဲ့ ဒီ Residence လေးကို Pre-order စနစ်နဲ့ လာ​ရောက် အကောင်ထည်ဖော်ပေးပါ့မယ်။
Structure စနစ်တွေကတော့ ဗူဖေးပါပဲ။ ကြိုက်ရာရွေးရုံပါ။

၁။ငလျင်ဒဏ်ခံဖို့ အခြေခံစံနှုန်းတွေလိုက်နာထားတဲ့ သံဖရိန်ဒီဇိုင်း
၂။ငလျင်ဒဏ်ခံဖို့ အခြေခံစံနှုန်းတွေလိုက်နာထားတဲ့ အာစီဖရိန်ဒီဇိုင်း
၃။ အခြေခံလိုအပ်ချက်တွေအပြင် အရံစနစ်များ ထပ်မံဖြည့်စွက်ထားသော အထူးဒီဇိုင်း

ဆိုပြီး ၃ မျိုး ရွေးခြယ်အပ်နှံနိုင်ပါတယ်။ အားလုံးက Bore-Strip foundation ဖြစ်ပါမယ်။ ငလျင်ဒဏ်ခံအောင် ပြင်ဆင်ထားတာက အဓိကပါ။ ငွေတတ်နိုင်ရင် နံပတ်၃ ကဲ့သို့ အရံစနစ်တွေအားဖြည့်ထားတာကို အပ်နှံနိုင်ပါတယ်။ ကျနော်တို့ရဲ့ အ​တွေ့ကြုံနဲ့ ကျွမ်းကျင်မှုကို အသုံးပြုပြီး ငလျင်ဒဏ်ခံဒီဇိုင်း တွက်ချက်ထားပါတယ်။ တည်ဆောက်ချိန်လဲ ကိုယ်တိုင်အသေးစိပ် အရေးကြီးတာတွေကို ကြီးကြပ်ပါမယ်။

ငလျင်ဒဏ်ခံနိုင်ရည်သာမက ခေတ်မီလူနေမှုဘဝအတွက်
မာစတာအိပ်ခန်း၃ ခန်း၊ ရိုးရိုးအိပ်ခန်း ၁ခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ မီးဖိုခန်း၊ ဘုရားခန်းတိုနဲ့ Roof top မှာ အပန်းဖြေနေရာပါရှိပါမယ်။ ကား ၂ စင်းရပ်လို့ရပါမယ်။ Solar တပ်ဆင်ပါ့မယ်။ ဗိသုကာပညာရှင် ကိုယ်တိုင် သေချာ ပုံထုတ်ထားပါတယ်။ ရေမီးစနစ်များ ရေမီးအင်ဂျင်နီယာနဲ့ ရေးဆွဲထားပါတယ်။

လိုအပ်တာတွေအားလုံး သက်ဆိုင်ရာ ကျွမ်းကျင်သူ​တွေအသီးသီး အချိန်သေချာယူပြီး အသေးစိပ် ညှိနှိုငိးထားတဲ့ Design ကို Pre-order လက်ခံပြီး လူကြီးမင်းတို့ မြေမှာ လာဆောက်ပေးမှာပါ။ ဒီဇိုင်းပြင်လို့မရပါဘူး။ ဒီဇိုင်းပြင်ချင်ရင် အချိန်နဲ့ ဒီဇိုင်းခ ပေးရပါမယ်။

အကြမ်းထည်တစ်ဖြတ်သာ စာချုပ်ချုပ်ဆိုပါ့မယ်။

အသေးစိပ် အချက်အလက်များနဲ့ မကြာမီ Pre-order Residence ကို Launch လုပ်ပါ့မယ်ခင်ဗျာ။

09 771464430

One of our Project.
02/08/2026

One of our Project.

02/08/2026

အဆောက်အုံ QC စစ်တဲ့ အကြောင်းလေးတွေ ခေတ်စားလာတော့ အနှစ်သာရ အရပိုအရေးကြီးတာလေးတစ်ခု အတွေ့ကြုံနဲ့ သီအိုရီအခြေခံပြီး ဖြည့်ပေးချင်ပါတယ်။

အဆောက်အုံတစ်လုံးကို နည်းစနစ်မှန်စွာ တည်ဆောက်ရေးအတွက် အခင်းအကျင်းတစ်ခုလုံးကို စနစ်အမှန် လေးခင်းကျင်းဖို့ ပထမ အရေးကြီးပါတယ်၊ အဆောက်အုံအမျိုးအစား အရွယ်အစား တို့ပေါ်မူတည်ပြီး ဒီဇိုင်းပိုင်း၊ ကန်ထရိုက်တာရွေးခြယ်မှု၊ လုပ်ငန်းကန်ထရိုက်စနစ် စတာတွေ မှန်ကန်တည့်မတ်ပြီးမှ အဲ့ဒါတွေကို မှန်ကန်ကြောင်း QC စစ်ဆေးရတာမျိုးဖြစ်ပါတယ်၊

ရှေ့လုပ်ငန်းစဉ်တွေ ဖြစ်သလို လုပ်ထားပြီး QC ငှားရင် QC လည်းရူးသွားနိုင်သလို ကိုယ်မျှော်မှန်းသလို ရလဒ်လည်း မထွက်ပါဘူး၊

ဒါကြောင့် လုပ်ငန်းအပ်နှံသူက ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး မှန်ကန်စွာ ခင်းကျင်းထားပါ။ အဲ့ဒါကို QA (Quality Assurance) လို့ခေါ်ဆိုနိုင်ပြီး ကိုယ်ခင်းကျင်းထားတဲ့အတိုင်း မှန်ကန်စေဖို့ QC Quality Control Engineer ငှားရမ်းစစ်ဆေးစေရပါတယ်၊

အရည်သွေးကောင်းတစ်ခုရဖို့ Quality ရဖို့ဆိုတာ အဆင့် ၁ QA နဲ့ အဆင့် ၂ QC ဆိုပြီး ၂ဆင့်ကို မဖြစ်မနေ ဖြတ်သန်းမှသာ လုံခြုံစိတ်ချရသော ဘေးကင်းသော အရည်သွေးပြည့်မှီသော အဆောက်အုံကို ပိုင်ဆိုင်ရရှိမှာဖြစ်ပါတယ်၊

ကျနော်တို့ ကို QC ငှားတာမျိုး ဆိုရင်

ဒီဇိုင်းကို အရည်ချင်းပြည့်မီသော Professional နဲ့ မလုပ်ထားရင် ၊ အရည်ချင်းပြည့်ဝသော ကန်ထရိုက်တာမဟုတ်ရင်၊ အငြင်းပွားဖွယ် ကန်ထရိုက်စနစ်တွေ နဲ့ စာချုပ်ထားရင် QC လက်ခံပြီး စစ်မပေးပါဘူး၊ အာရုံနောက်ရလို့ပါ။ လက်ရှောင်ဖြစ်ပါတယ်။ အဆောက်အုံပိုင်ရှင်တွေဆိုရင်လည်း နှလုံးရောဂါပါ ရလုနီးနီး စိတ်ပင်ပန်းကြရတတ်ပါတယ်။

အဆောက်အုံ QC စစ်တဲ့ အကြောင်းလေးတွေ ခေတ်စားလာတော့ အနှစ်သာရ အရပိုအရေးကြီးတာလေးတစ်ခု အတွေ့ကြုံနဲ့ သီအိုရီအခြေခံပြီး ဖြည့်ပေ...
01/08/2026

ကျနော်တို့ Structure Firm ကိုလုပ်ငန်းအပ်တာတွေက ရှိပြီးသား Network တွေကလာတာများပါတယ်။ Page ကနေတွေ့ပြီးလာအပ်ရင်းနဲ့ မိတ်ဆွေဖြစ်သွားပြီး Design တွေထပ်အပ်တာ၊ လုပ်ငန်းတွေ ဆက်သွားတာလည်းရှိပါတယ်။ ကိုယ့်ကို မျှော်လင့်ထားသလောက် ကိုယ်ကလည်း ပြန်ပေးနိုင်ဖို့ ကြိုးစားရင်းပဲ Network တည်ဆောက်သွားဖြစ်ပါတယ်။ ကျနော်တို့က အတွေ့ကြုံကောင်းတွေရှိပြီး ကိုယ့်လုပ်ငန်းမှာလည်း ကျွမ်းကျင်ပိုင်နိုင်ကြတဲ့ Professional တွေဖြစ်ပါတယ်။ လိုအပ်ရင် ဆက်သွယ်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။

အချိန်မီ Design Delivery လုပ်ပေးထားတဲ့ပရောဂျက်တွေပါ။ ကျနော်တို့ Structure Team က လူအင်အားတောင့်တောင့်နဲ့ Smart work flow...
25/07/2026

အချိန်မီ Design Delivery လုပ်ပေးထားတဲ့ပရောဂျက်တွေပါ။ ကျနော်တို့ Structure Team က လူအင်အားတောင့်တောင့်နဲ့ Smart work flow တွေနဲ့ ပရောဂျက်တွေကို မြန်မြန် Deliver လုပ်ပေးနိုင်ပါကြောင်း အသိပေးပါရစေ။

လိုအပ်ရင် 09771464430 ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

ငလျင်နဲ့မုန်တိုင်းဒဏ်ခံ အဆောက်အုံခိုင်ခံ့မှုဒီဇိုင်းမျိုးစုံ တွက်ချက်ပေးပါတယ်။ တွက်ချက်ပေးခဲ့ဖူးတဲ့ အဆောက်အုံ ဒီဇိုင်းတွ...
09/07/2026

ငလျင်နဲ့မုန်တိုင်းဒဏ်ခံ အဆောက်အုံခိုင်ခံ့မှုဒီဇိုင်းမျိုးစုံ တွက်ချက်ပေးပါတယ်။
တွက်ချက်ပေးခဲ့ဖူးတဲ့ အဆောက်အုံ ဒီဇိုင်းတွေကို ဖော်ပြပေးထားပါတယ်။

လုပ်ငန်းအတွေ့ကြုံ ၁၅ နှစ်နီးပါးနဲ့ ပြည်တွင်း ပြည်ပ ပရောဂျက်မျိုးစုံကို တွက်ချက်ဖူးတဲ့ အတွေ့ကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ Qualified Structure Engineering Consultant Firm ဖြစ်ပါတယ်၊

အာခီတက်တွေနဲ့ တွဲလုပ်ရတဲ့လုပ်ငန်းတွေ၊ Main Con တွေ၊ Engineer တွေနဲ့ တွဲလုပ်ရတဲ့ လုပ်ငန်းတွေ Client တွေ တိုက်ရိုက်ချိတ်ဆက် အပ်နှံတဲ့ လုပ်ငန်းတွေ စသဖြင့် မတူညီတဲ့ ပုံစံမျိုးစုံနဲ့ တွဲဖက်ဆောင်ရွက်ဖူးတာမို့ မိတ်ဆွေက ဆောက်လုပ်ရေး လုပ်ငန်းထဲက Stakeholders ထဲကတစ်ဦးဖြစ်ပြီး Structure ပါတနာ ကောင်းရှာနေတယ်ဆိုရင် ဆက်သွယ်နိုင်ပါတယ်။ ကျနော်တို့ရဲ့ Professionalism ကို စမ်း​ကြည့်နိုင်ပါတယ်။

ရန်ကုန်နဲ့ MDY မှာ Site Survey လာနိုင်ပါတယ်။

Optimum Design ကို အချိန်မြန်မြန် သင့်လျော်တဲ့ နှုန်းနဲ့ Workflow ကောင်း​​ကောင်းနဲ့ ဆောင်ရွက်ပေးနိုင်ပါတယ်။

Design Team အင်အား 10 ဦးနဲ့ Run နေတာမို့ နိုင်နိုင်နင်းနင်းနဲ့ ဆောင်ရွက်ပေးနိုင်ကြောင်းလည်း အသိပေးအပ်ပါတယ်။

လိုအပ်လို့ဆက်သွယ်မယ်ဆိုရင် Page ph ကဖြစ်စေ။ မက်ဆေ့က ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

+959962057342

ငလျင်မရှိတဲ့ နိုင်ငံတစ်ခုအတွက် လုပ်ပေးရတဲ့ပရောဂျက်တစ်ခုပါ Architectural Requirements တွေကိုဦးစေားပေးရပါတယ်။ Flat Column...
30/06/2026

ငလျင်မရှိတဲ့ နိုင်ငံတစ်ခုအတွက် လုပ်ပေးရတဲ့ပရောဂျက်တစ်ခုပါ

Architectural Requirements တွေကိုဦးစေားပေးရပါတယ်။

Flat Column တွေနဲ့ Transfer Slab တွေနဲ့ပါ။

မြန်မာနိုင်ငံထဲက မည်သည့်မြို့ကမဆို အဆောက်အုံ ခိုင်ခံ့မှု ဒီဇိုင်းတွေ အပ်နှံပါတယ်။

Address

62 Street
Mandalay
.

Website

Alerts

Be the first to know and let us send you an email when MBG-Qualified Structure Engineering Consultant Firm-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share