Royal Power Construction & Engineering Co.,ltd.

Royal Power Construction & Engineering Co.,ltd. လူကြီးမင်းတို့ရဲ့ အိမ်မက်ထဲက အဆောက်အအုံတွေကို အရည်အသွေးပြည့်မီစွာ လက်တွေ့အကောင်အထည်ဖော်ပေးနေတဲ့ ယုံကြည်စိတ်ချရသော ဆောက်လုပ်ရေးလုပ်ငန်း။

27/09/2026

ဒီအိမ်လေး ဘယ်လောက်ကုန်ကျထားပြီး ဘာပစ္စည်းတွေ သုံးထားလဲ သိချင်ရင် ဝင်ကြည့်သွားကြပါနော်😍😍😍

24/09/2026

အကြမ်ထည်မှာလဲ အလှတရားဆိုတာရှိပါတယ် အကြမ်းထည်ရဲ့အလှတရားကို တူတူ ခံစားကြည့်ရအောင်😍😍😍

08/09/2026

40x60 ပေါ်မှာ အမိုက်စားကြီးတစ်လံုးလာပါမယ်😊😊😊

06/09/2026

လူချင်းမတွေ့ဖူးပေမယ့် လိုင်းပေါ်ကနေ ယုံကြည်စွာ အပ်နှံပေးလို့ ကျေးဇူးတင်ပါတယ်

28/08/2026

အိမ်တစ်လုံးဆိုတာ ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ပဲ ပြီးပြည့်စုံတာမဟုတ်ဘဲ အိမ်ရှင်ရဲ့ နေထိုင်မှုပုံစံ၊ အရသာနဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကိုပါ ထည့်သွင်းတည်ဆောက်ရတာပါ။

အခုတော့ Final Touch လေးတွေပြီးရင်
✨ အိမ်ရှင်ထံ လက်လွှဲအပ်နှံဖို့ အဆင်သင့်ဖြစ်ပါပြီ။

Another project, another story completed. ❤️

🏡 အိမ်တစ်လုံး လှပဖို့ဆိုတာ အရောင်လှရုံနဲ့ မလုံလောက်ပါဘူး။ အချိုးအစားနဲ့ ဒီဇိုင်းက အဓိကပါ။ဒီအိမ်လေးက စစ်ကိုင်း မြို့ပေါ်မ...
26/08/2026

🏡 အိမ်တစ်လုံး လှပဖို့ဆိုတာ အရောင်လှရုံနဲ့ မလုံလောက်ပါဘူး။ အချိုးအစားနဲ့ ဒီဇိုင်းက အဓိကပါ။

ဒီအိမ်လေးက စစ်ကိုင်း မြို့ပေါ်မှာ ဆောက် လုပ်နေတဲ့အိမ်လေး ဖြစ်ပါတယ်

ဒီအိမ်လေးကို ကြည့်ရင် ရိုးရှင်းပြီး ခေတ်မမီတော့ဘူးဆိုတာမရှိတဲ့ Modern Neo-Classical စတိုင်ကို တွေ့ရပါမယ်။

အဖြူနဲ့ မီးခိုးရောင်ကို အခြေခံပြီး အနက်ရောင် Arched Windows (ခုံးကွေးပြတင်းပေါက်) တွေ၊ သံပန်း Balcony တွေနဲ့ တွဲဖက်ထားတော့ ဥရောပဆန်ဆန် သပ်ရပ်ပြီး Premium ကျတဲ့ ခံစားချက်ကို အပြည့်အဝ ရစေပါတယ်။ 🌿

ကျွန်တော်အကြိုက်ဆုံးကတော့ နေရာမကျယ်တဲ့ မြေကွက်ကို ကြီးမားခန့်ညားသွားအောင် ဖန်တီးထားနိုင်တာပါ။

ပြတင်းပေါက်တွေဘေးက Pilasters (ဒေါင်လိုက်တိုင်တု) လေးတွေက အဆောက်အအုံကို ပိုမြင့်သွားသယောင် ထင်ရစေပါတယ်။

ဒါ့အပြင် အောက်ထပ်မှာ ဆိုင်ခန်း၊ အပေါ်မှာ နေအိမ်နဲ့ Rooftop အထိ ပါဝင်လို့ နေရာအသုံးချမှုကလည်း အရမ်းမိုက်ပါတယ်။

အထူးသဖြင့် ညဘက် အတွင်းမီးအဝါရောင်လေးတွေ ထွန်းလိုက်ရင် ပိုပြီး နွေးထွေးဆွဲဆောင်မှုရှိလာမှာ အသေအချာပါပဲ။ 💡
လှပတဲ့အဆောက်အအုံဆိုတာ အလှဆင်တာတွေ ရှုပ်နေဖို့မလိုဘဲ အချိုးအစားမှန်မှန်နဲ့ Design လုပ်ထားတာဆိုတာ ဒီအိမ်လေးက သက်သေပါပဲ။ 🏗️✨
ဒီဒီဇိုင်းလေးကိုရော ဘယ်လိုမြင်လဲ၊ သဘောကျရဲ့လား? 👇

17/08/2026

၁၅' x ၂၇' အကျယ် မြေနေရာပေါ်မှာ တည်ဆောက်နေတဲ့ (၃) ထပ် RC တိုက်

ပရောဂျက်ရဲ့ Plinth Beam (မြေညီထုပ်) သံဆင်ခြင်း လုပ်ငန်းစဉ်ဖြစ်ပါတယ်။

နေရာကျဉ်းပေမယ့် အဆောက်အအုံ ခိုင်ခံ့မှုကို သေချာ တွက်ချက် တည်ဆောက်ပေးထားပါသည်-

* SMRF Design: ငလျင်ဒဏ် ခံနိုင်ရည်ရှိအောင် Special Moment Resisting Frame စနစ် အသုံးပြုထားခြင်း
* High-Strength Steel: Main သံချောင်းများကို High-strength ဖြစ်သည့် HRB 500 Grade သံချောင်းများသာ သုံးစွဲထားခြင်း
* Double Stirrups: Plinth Beam သံကွင်းများကို 10 mm (၂) ကွင်းထပ် စနစ်ဖြင့် ချည်နှောင်ထား၍ Shear Strength (ဖြတ်အား ခံနိုင်ရည်) ကို ပိုမို ကောင်းမွန်စေခြင်း
* Quality Concrete: စံချိန်မီ Grade 30 (G30) ကွန်ကရစ် အသုံးပြုထားခြင်း
အဆောက်အအုံ ဒီဇိုင်းနှင့် တည်ဆောက်ရေးဆိုင်ရာ ဝန်ဆောင်မှုများအတွက် စိတ်ချယုံကြည်စွာ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

14/08/2026

57 လမ်း Site မှာ Soil Test စတင်ပြုလုပ်နေပါပြီ 🏗️

အိမ်တစ်လုံးရဲ့ ခိုင်ခံ့မှုက အပေါ်ပိုင်း Structure တင်မကဘဲ မြေသားအခြေအနေနဲ့ Foundation ကနေ စတင်ပါတယ်။

ဒါကြောင့် 57 လမ်း Site မှာ အိမ်ဆောက်လုပ်ရေးမစတင်ခင် မြေသားအခြေအနေ၊ ခံနိုင်ရည်နဲ့ Foundation Design အတွက် လိုအပ်တဲ့အချက်အလက်တွေ ရရှိနိုင်ဖို့ Soil Test ပြုလုပ်နေပါတယ်။

မြေကိုသိပြီးမှ Foundation ကို မှန်ကန်စွာ Design လုပ်မယ်။
Foundation မှန်ကန်မှ အိမ်ရဲ့ ရေရှည်ခိုင်ခံ့မှုနဲ့ လုံခြုံမှုကို ပိုမိုကောင်းမွန်စွာ အာမခံနိုင်မှာ ဖြစ်ပါတယ်။ 🏠💪

57 လမ်း Site — Soil Test Process 👷‍♂️
Royal Power Construction

#57လမ်း

27/07/2026

၃ ထပ်တိုက်ဆိုတော့ Foundation ခိုင်မာရေးက အဓိကပဲ မဟုတ်လား 💯 15' x 30' မြေကွက်လေးပေါ်က အိမ်မက်အသစ်တစ်ခုအတွက် စနစ်တကျ မြေတူးလုပ်ငန်းများ စတင်နေပါပြီ 👷‍♂️Structure ပိုင်းကို အဓိကထားပြီး အကောင်းဆုံး တာဝန်ယူ ဆောက်လုပ်ပေးနေပါတယ် 🤝

"မြေကြီးတွေနဲ့ နပန်းလုံးနေရတဲ့ နေ့တစ်နေ့Steel Structure 3 ထပ် အဆောက်အဦးလေးအတွက်အလုပ်တာဝန်တွေ စတင်ပါပြီ။ 👷‍♂️💪"       မ်လ...
26/07/2026

"မြေကြီးတွေနဲ့ နပန်းလုံးနေရတဲ့ နေ့တစ်နေ့

Steel Structure 3 ထပ် အဆောက်အဦးလေးအတွက်အလုပ်တာဝန်တွေ စတင်ပါပြီ။ 👷‍♂️💪"
မ်လှလှလေးဆောက်ကြမယ်

Address

Between 61b Street, 112a×113 Street
Mandalay

Telephone

+959954415070

Website

Alerts

Be the first to know and let us send you an email when Royal Power Construction & Engineering Co.,ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Royal Power Construction & Engineering Co.,ltd.:

Shortcuts

Share