28/07/2026
ဝါဆိုလပြည့်နေ့(ဓမ္မစကြာအခါတော်နေ့ )
ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။
ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်၊ လထွက် အချိန်၌ ပဉ်စဝဂ်ဂီငါးဦးတို့အား ဘုရားအဖြစ်သို့ ဟောကြားတော်မူခဲ့ပါသည်။
မြန်မာ့ရိုးရာ (၁၂ လ) ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်.
-ဂေါတမမြတ်စွာဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း
-ဂေါတမမြတ်စွာဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း
-ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း
-တရားဦးဓမ္မစကြာကို ဟောကြားတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း
-ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကိုပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း
-ဘုရားအဖြစ် ၀နျခံတောျမူသောနေ့ဖွဈ၍ ထူးခြားခြင်း
-တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း
-သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း
-ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း
-ဧဟိဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း
အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င်သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများကပ်လှူခြင်း၊ ဝါဆိုသင်္ကန်းလှူဒါန်းခြင်း၊ ဝါဆိုဖယောင်းတိုင်များ
ကပ်လှုခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့ကို ဆင်နွှဲပြုလုပ်ကြပါသည်။
ယနေ့ကျရောက်သော (သာသနာနှစ်-၂၅၇၀ ကောဇာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ဝါဆိုလပြည့်၊ ဗုဒ္ဓဟူးနေ့)တွင် ကမ္ဘာသူကမ္ဘာသားများအားလုံးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပြီး ကုသိုလ်ကောင်းမှုများ ပြုနိုင်ပါစေကြောင်း Mandalay Summit မိသားစုဝင်များမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။🙏 #ဝါဆိုလပြည့် #မန်းလေးဆန်းမစ်