26/08/2026
"Mini Condo ဝယ်တာထက် လုံးချင်းအိမ်ဆောက်တာက ပိုတန်တယ်ဆိုတာ လူအများစု မသိသေးဘူး။"
အခုခေတ်မှာ သိန်းထောင်ချီအကုန်ခံပြီး Mini Condo ဝယ်မယ့်အစား ကိုယ်ပိုင်မြေကွက်လေးရှိရင် ဖြစ်ဖြစ်၊ မြေဝယ်ပြီး ဆောက်ရင်ဖြစ်ဖြစ် ရေရှည်မှာ ဘာလို့ပိုတန်လဲ သိလား?
✅ကိုယ်ပိုင်မြေပိုင်ဆိုင်မှု - Mini Condo က အခန်းပဲပိုင်တာဖြစ်ပြီး လုံးချင်းကတော့ မြေကော အိမ်ကော ရာသက်ပန် ကိုယ်ပိုင်ဖြစ်သွားတာပါ။
✅Maintenance ကြေး မရှိဘူး - လစဉ် Condo ကြေးတွေ၊ အထွေထွေကုန်ကျစရိတ်တွေ ပေးနေရမယ့်အစား ကိုယ့်အိမ်ကိုယ် စိတ်ကြိုက် စီမံခန့်ခွဲလို့ရတယ်။
✅တန်ဖိုးတက်တာချင်း မတူဘူး - အဆောက်အဦးက ဟောင်းနွမ်းသွားနိုင်ပေမယ့် "မြေ" ရဲ့ တန်ဖိုးကတော့ အမြဲတက်နေမှာပါ။
ဒါကြောင့် ဘတ်ဂျက်ချင်းတူရင်တောင် လုံးချင်းအိမ်ဆောက်တာက ရေရှည်အတွက် ပိုပြီး စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။
တချို့က အိမ်ဆောက်ရမှာ ပျာယာခတ်ပြီး လူပင်ပန်းမှာစိုးလို့ အခန်းအသင့်လိုက်ဝယ်တတ်ကြပါတယ်။ ဒါပေမယ့် စာရင်းသေချာတွက်ကြည့်ရင် လုံးချင်းဆောက်တာက ပိုတန်နေတတ်ပါတယ်။
ဘာလို့လဲဆိုတော့...
၁။ စိတ်ကြိုက် Design ရတယ် - ကွန်ဒိုလို ပုံစံတူအခန်းတွေထဲမှာ နေရတာမျိုးမဟုတ်ဘဲ ကိုယ့်မိသားစုရဲ့ Lifestyle အတိုင်း Design ကို စိတ်ကြိုက် ဖန်တီးလို့ရတယ်။
၂။ လွတ်လပ်မှု ရှိတယ် - ဘေးအိမ်၊ အပေါ်အိမ်တွေရဲ့ ဆူညံသံတွေ၊ ပတ်ဝန်းကျင် အနှောင့်အယှက်တွေကနေ ကင်းဝေးပြီး ကိုယ်ပိုင် privacy အပြည့် ရပါတယ်။
၃။ စိတ်ကြိုက်ချဲ့ထွင်နိုင်တယ် - နောင်ပြင်ချင်ရင်ပဲဖြစ်ဖြစ်၊ အထပ်တိုးချင်ရင်ပဲဖြစ်ဖြစ် ကိုယ့်သဘောအတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ်။
စိတ်ပတ်လက်ပတ်နဲ့ ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု တည်ဆောက်ချင်ရင်တော့ လုံးချင်းအိမ်ဆောက်တာက အကောင်းဆုံး ရွေးချယ်မှုပါပဲ။
အိမ်ဆောက်ဖို့ အစီအစဉ်ရှိလို့ ဘတ်ဂျက်နဲ့ Design ကို သေချာတိုင်ပင်ချင်တယ်ဆိုရင်တော့ ကျွန်မတို့ဖိုးလမင်းကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်.......
ဆောက်လုပ်ရေး နှင့် အိမ်ပုံစံ ဒီဇိုင်းရေးဆွဲခြင်း
ဝန်ဆောင်မှုများ လိုအပ်ပါက
Page CB သို့ လည်းကောင်း၊
☎️ 09 20 20 694 သို့ လည်းကောင်း
ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်