YESC Kungyangon Office

  • Home
  • YESC Kungyangon Office

YESC Kungyangon Office Electricity

01/04/2023

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
***************************************
၁။ နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် နိုင်ငံတော်ဓာတ်အားစနစ်အတွင်းရှိ ရေအားလျပ်စစ်စက်ရုံကြီးများ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုလျှော့ကျလျှက်ရှိခြင်း၊ ၂၄ နာရီပတ်လုံးဓာတ်အား ထုတ်လုပ်ပေးနိုင်သည့် စုစုပေါင်း (၂၄၈)မဂ္ဂါဝပ်ရှိသောဘီလူးချောင်း ၁/၂/၃ ရေအား လျှပ်စစ်စက်ရုံ များမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်ပေးနိုင်သည့် မဟာဓာတ်အားလိုင်းများအကြိမ်ကြိမ် ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် ကာလရှည်ကြာစွာ နိုင်ငံတော်ဓာတ်အားစနစ်သို့ လျှပ်စစ်ဓာတ်အား လုံးဝမရရှိခြင်း၊ နေ့/ည အပူချိန်မြင့်တက်လာသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းအများပြည်သူဝန်အားသုံးစွဲမှု ၂၅၀ မဂ္ဂါဝပ်ခန့် တိုးမြင့်လာခြင်းတို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှု မလုံလောက်သဖြင့် အများပြည်သူသို့ အလှည့်ကျ ဝန်အားထိန်းညှိ ဓာတ်အား ဖြန့် ဖြူးပေးလျက်ရှိပါသည်။
၂။ ၂၇/၃/၂၀၂၃ နေ့ တွင် ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်းမှ
တာဝါတိုင်(၂)တိုင်ဖေါက်ခွဲဖျက်ဆီးခံရသဖြင့် မော်လမြိုင် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှနိုင်ငံတော်ဓာတ်အားစနစ်သို့ (၈၀) မဂ္ဂါဝပ် ၂၄ နာရီပတ်လုံးဓာတ်အားပို့လွှတ်နိုင်မှုမရှိဘဲ အများပြည်သူဓာတ်အား ဖြန့်ဖြူးမှုကို ထိခိုက်စေလျက်ရှိပါသည်။
၃။ လုံခြုံရေးအခြေအနေအရတာဝါတိုင်များ ပြုပြင်ခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိပြီး ခန့်မှန်း ပြုပြင်ချိန် တစ်ပတ်ခန့်ကြာမြင်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားထုတ်လုပ်မှုနှင့် သုံးစွဲမှုမမျှတချိန်တွင် အရေးပေါ်ဝန်အားလျော့ထိန်းညှိမှုများ ဆောင်ရွက် နေရပါသဖြင့် ယာယီဝန်အားလျော့ချရခြင်းများအပေါ် နားလည်ပေးနိုင်ပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မိဘပြည်သူများထံသို့ လေးစားစွာအသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

14/03/2023
28/02/2023

အများပြည်သူအုပ်စုအတွင်းဓာတ်အားသုံးစွဲနေသောစီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များသို့ အသိပေးပန်ကြားချက်
+++++++++++++++++++++++++++++
၁။​(၂၀၂၂-၂၀၂၃) ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများကို မတ်လ၊ (၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ မတ်လ(၁) ရက်နေ့မှ ၂၀ ရက်နေ့အတွင်းတက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ညပိုင်းစာကြည့်နိုင်ရေးအတွက် ဓာတ်အားတိုးတက်ဖြန့်ဖြူးနိုင်ရန်ဓာတ်အားထုတ်လုပ်မှုတိုးမြှင့်ရေးကိုလျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ စီမံ ဆောင်ရွက်လျှက်ရှိပါသည်။
၂။​တက္ကသိုလ်ဝင်စာမေးပွဲကာလတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများ ညပိုင်းစာကြည့်ချိန် အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် သုံးစွဲမှု မမျှတပါက ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အများပြည်သူအုပ်စုအတိုင်းဓာတ်အားသုံးစွဲနေသော ရပ်ကွက်/ကျေးရွာအတွင်းရှိ စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများအား (၁.၃.၂၀၂၃) မှ (၂၀.၃.၂၀၂၃)နေ့အထိ ညနေ(၅)နာရီမှ (၁၀)နာရီအထိ ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ခြင်းမပြုကြပါရန် အသိပေးပန်ကြား အပ်ပါသည်။
၃။​ကန့်သတ်ချိန်အတွင်း ဌာနမှဖြန့်ဖြူးသည့်လျှပ်စစ်ဓာတ်အားဖြင့် လုပ်ငန်းဆောင်ရွက်ကြောင်း စစ်ဆေးတွေ့ရှိရပါက အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

28/01/2023
28/01/2023

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
၁။ နိုင်ငံတော်ဓာတ်အားစနစ်အတွင်း ဓာတ်အားပို့လွှတ်ပေးထားသော 230 kV သပြေဝ - မြင်းခြံ (သံမဏိ) ဓာတ်အားလိုင်းအား ယနေ့ (၂၈.၁.၂၀၂၃) ရက်နေ့ (၀၉:၀၀) နာရီ မှ (၁၄:၀၀)နာရီအချိန်အထိ အရေးပေါ် ကြွေသီးလဲလှယ်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည်ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပို့လွှတ်ပေးနိုင်မှု (200)MW ခန့် လျော့နည်းနေမည်ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ဓာတ်အားပို့လွှတ်ပေးနိုင်မှု လျော့နည်းနေချိန်၌ ဓာတ်အားစနစ် တည်ငြိမ်မှုရှိစေရန်အတွက် အရေးပေါ်ဝန်အားလျှော့ခြင်းလုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရေးကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

09/01/2023

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ဓာတ်ငွေ့ပို့လွှတ်နေသော ရတနာကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းမှ Compressor များ ယနေ့ (၉.၁.၂၀၂၃)ရက်နေ့၊(၀၃:၀၀)နာရီအချိန်ခန့်တွင် အရေးပေါ် ရပ်တန့်ပြုပြင်ရပြီး ရတနာဓာတ်ငွေ့ ပို့လွှတ်မှုအရေးပေါ်
ရပ်တန့်ရမှု (Totally Shut Down )ဖြစ်ပေါ်သွားပါသဖြင့် ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းနေလျက်ရှိပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါအရေးပေါ် ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားထုတ်လုပ်ပို့လွှတ်နိုင်မှု လျော့နည်းလျက်ရှိပါကြောင်း နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများ လျှော့နည်းနေခြင်းကြောင့် အရေးပေါ်ဝန်အားလျှော့ထိန်းညှိခြင်းများ အချိန်ပိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များနှင့် မြို့နယ်၊ နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများရှိမည်ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေးကို အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများ ထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

02/01/2023

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများသို့ ပို့လွှတ်ထားသော ဓာတ်ငွေ့ပိုက်လိုင်းအား အရေးပေါ်ထိန်းသိမ်း
ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဖြူးချောင်းရေအားလျှပ်စစ်ဓာတ်
အားပေးစက်ရုံ အပါအဝင် အခြားရေအား လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ အများပြည်သူများလျှပ်စစ်ဓာတ်အားလုံလောက်စွာ ရရှိစေရေးအတွက် လျှပ်စစ်
ဓာတ်အား တိုးမြှင့်ထုတ်လုပ်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစား
စွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

18/12/2022

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း
++++++++++++++++++++++++++++++++++
မြန်မာနိုင်ငံ၏ ပထမဆုံးသော ၅၀၀ ကေဗွီ ကံကောင်း(မိတ္ထီလာ) - စပါးကြွယ်(တောင်ငူ) ဓာတ်အားလိုင်းတည်ဆောက်ခြင်းအား ဓာတ်အားစနစ်ပိုမိုတည်ငြိမ်မှုရှိစေရန်နှင့် မြန်မာပြည် မြောက်ပိုင်းမှ လျှပ်စစ်ဓာတ်အားများကို တောင်ပိုင်းသို့ ပြည့်ဝစွာသယ်ဆောင်ပို့လွှတ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျှက်ရှိရာ အဆိုပါ ဓာတ်အားလိုင်းအပြီးသတ်ချိတ်ဆက်ခြင်းလုပ်ငန်းများကို ယနေ့(၁၈-၁၂-၂၀၂၂)ရက်နေ့၊ (၀၆:၀၀)နာရီမှ (၁၉:၀၀)နာရီအထိ ဆောင်ရွက်နေပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းဆောင်ရွက်နေချိန်အတွင်း အချို့သောဓာတ်အားလိုင်းများအား ယာယီ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်ရမည် ဖြစ်ပါသဖြင့် ဝန်အားလျှော့ထိန်းညှိခြင်းများ ဆောင်ရွက်ရမည် ဖြစ်ပါသောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ နေရာအချို့တို့တွင် ယာယီ ဓာတ်အားပြတ်တောက်မှုများရှိမည် ဖြစ်ပါကြောင်းနှင့် အရေးကြီးနေရာများ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရေး အလေးထား ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

15/12/2022

ကွမ်းခြံကုန်းမြို့နယ်အတွင်းလျှပ်စစ်မီးသုံးစွဲသူမိဘပြည်သူများသို့အသိပေးအကြောင်းကြားခြင်း
230KVလှိုင်သာယာခွဲရုံမှဝန်အားလျော့သဖြင့်(15.12.2022) (20:05)အချိန်တွင် ကွမ်းခြံကုန်းတစ်မြို့နယ်လုံးဓာတ်အားပြတ်တောက်နေမည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။
ခန့်မှန်းကြာချိန်မှာ(1:00)မှ((2:00)အတွင်းဖြစ်ပါသည်။

Address

BoJokeStreet

Telephone

+959697500190

Website

Alerts

Be the first to know and let us send you an email when YESC Kungyangon Office posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Contractor?

Share