Company Registration Service CRS Consultant

Call Contact the business

Company Registration Service CRS Consultant ငွေကျပ်3သိန်းကျော်ဖြင့် ကုမ္ပဏီ၁ခုအမြန်ထူထောင်နိုင်ပါပြီ။ 09975126525

ကုမ္ပဏီထောင်လျှင် သိရမယ့် ရှယ်ယာ အမျိုးအစားများ...........................................အခုနောက်ပိုင်း မြန်မာနိုင်ငံက ...
07/10/2026

ကုမ္ပဏီထောင်လျှင် သိရမယ့် ရှယ်ယာ အမျိုးအစားများ...........................................
အခုနောက်ပိုင်း မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ခုလုပ်တဲ့အခါ ယခင်လိုလုပ်ငန်းလိုင်စင်သက်သက်နဲ့လုပ်ကိုင်တာမျိုးမဟုတ်တော့ပဲ တရားဝင်ကုမ္ပဏီတွေထောင်ပြီးလုပ်ကိုင်လာကြတာတွေ့ရပါတယ်။ ကုမ္ပဏီထောင်ပြီးလုပ်ကိုင်တာဟာ ကိုယ့်အတွက်အခွင့်အရေးတွေလည်းပိုတိုးလာသလို၊ အခွန်ကိစ္စစာရွက်စာတမ်းကိစ္စတွေကြောင့်လည်း ကယိကထများပါတယ်။ ကုမ္ပဏီအဖြစ်လုပ်ကိုင်ကြတဲ့အခါ တစ်ဦးတည်းပိုင်လုပ်ငန်း တွေအပြင် စပ်တူရှယ်ယာ လုပ်ငန်းတွေကိုပါ လုပ်ကိုင်လာကြတာ တွေ့ရပါတယ်။ ရှယ်ယာ ရောင်းချချင်တာဘဲ ဖြစ်ဖြစ်၊ ဝယ်ချင်တာဘဲ ဖြစ်ဖြစ် ဘာမှမလုပ်ခင်မှာ ရှယ်ယာအမျိုးအစား တွေနဲ့ တစ်ခုချင်းရဲ့ Rules and Regulation တွေကို နားလည်ထားမှ အဆင်ပြေနိုင်မှာပါ။ အခုပြောပေးမှာကတော့ Online ကနေ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ကို လျှောက်လွှာတင်တဲ့အခါ MyCO Website မှာရွေးချယ်ရတဲ့ ရှယ်ယာအမျိုးအစား (Share Class) တွေအကြောင်းပါ။
-
Share ဆိုတာ ဘာလဲ?
-
Share ဆိုတာ Company တစ်ခုရဲ့ ရင်းနှီး မြုပ်နှံမှု (သို့) ငွေအရင်းအနှီးကို အချိုးအစားအလိုက် ပိုင်ဆိုင်မှု ယူနစ်တစ်ခု ဖြစ်ပါတယ်။ အစုအစပ်ပါဝင်သူတွေ (ရှယ်ယာရှင် )တွေက Company ရဲ့ အမြတ်အစွန်းတွေကို တောင်းဆိုခံစားခွင့် ရှိယုံတင်မက Companyရဲ့ အကြွေးတွေနဲ့ အရှုံးတွေကို လည်းတာဝန်ခံရပါမယ်။ Share တွေကိုတော့ Company တွေ၊ ရှယ်ယာရှင်တွေ အပေါ်လိုက်ပြီး အမျိုးမျိုး ခွဲခြားထားပါတယ်။
-
Ordinary Share (ORD)
-
Ordinary Share ဆိုတာက တော်တော် များများ အသုံးပြုကျလေ့ရှိတဲ့ Share ပုံစံ ပါပဲ။ သူတို့မှာ Company ရဲ့ လုပ်ငန်းဆောင်တာတွေ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ရင် မဲပေးခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် ကိုသူတို့ရထားတဲ့ Share ရာခိုင်နှုန်း အလိုက် အခွင့်အရေးရကြပါတယ်။
Ordinary Share မှာ
(၁) Class A Share
(၂) Class B Share
(၃) Class C Share ဆိုပြီးပြန်ခွဲတတ်ပါတယ်။
-
Class A Share (A)
-
Class A Share ကတော့ လုပ်ငန်း ရဲ့ CEO, Chairman တွေ၊ ထိပ်သီးအရာရှိကြီး တွေကိုပေးထားတဲ့ Share ပါ။ သူ့မှာ အခြား Class Share တွေထက် Voting Right (မဲပေးပိုင်ခွင့်) တွေအများကြီး ရှိပါတယ်။ ပုံမှန်ဆိုရင် Class A Share တွေအပြင်ကို ထုတ်မရောင်းပါဘူး၊ ပြီးတော့ ရှယ်ယာရှင် အချင်းချင်းလည်း လွှဲပြောင်း ရောင်းချလို့လည်းမရပါဘူး။ အမြတ်ဝေစု ခွဲဝေရင် ဖြစ်ဖြစ် လုပ်ငန်းကို ရောင်းချပြီး ရှယ်ယာခွဲ ရင်ဘဲဖြစ်ဖြစ် Class A Share တွေကို အရင်ဆုံးပေးရပါတယ်။
-
ဥပမာ - Company တစ်ခုကအကြွေးတင်နေလို့ Share တွေထုတ်ရောင်းတာဘဲဖြစ်ဖြစ်၊ Company တစ်ခုလုံးကို ရောင်းချတာဘဲ ဖြစ်ဖြစ်လုပ်ခဲ့ရင် အကြွေးရှင်တွေကို အရင်ဆုံး အပြည့် အဝပေးချေရပါတယ်။ ပြီးရင် Class A Share ပိုင်ဆိုင်သူတွေကို ခွဲဝေပေးရပါတယ်။
-
Class B Share (B)
-
Class B Share ဆိုတာက Class A Share ထက် Voting Right နည်းပါတယ်။ အမြတ်ခွဲဝေမှုမှာလည်း Class A နဲ့ နောက်မှသာ Class B ကို ခွဲဝေပေးပါတယ်။ Class B Share တွေကိုတော့ Class A လိုမဟုတ်ဘဲ လွှဲပြောင်းလို့၊ ရောင်းချလို့ရပါတယ်။ Class B Share ပမာဏနဲ့ ဝယ်ယူထားတဲ့ အချိန်ကာလ တစ်ခုကြာလာပြီဆိုရင် Class A Share အဖြစ်သို့ ပြောင်းလဲလို့ရတတ်ပါတယ်။ (နောက်ဆုံးတစ်ချက်ကတော့ ကုမ္ပဏီ ဖွဲ့စည်းပုံစည်းမျဉ်းပေါ်မူတည်ပါတယ်)
-
Class C Share (C)
-
Class C Share ကတော့ Share တွေကို ၁နှစ်၊ ၂နှစ်လောက်ဝယ်ထားပြီး ပြန်ရောင်းချင်တဲ့ Investors တွေအတွက် ပိုအဆင်ပြေပါတယ်။ Class C Share မှာတော့ Voting Right မရှိပါဘူး ။ Class B လိုမျိုး သူရဲ့ Share တွေလို့လည်း လွှဲပြောင်း ရောင်းချလို့ရပါတယ်။
-
Preference Share (PRF)
-
Preference Share ပိုင်ဆိုင်သူများသည် ပုံမှန် အားဖြင့် Ordinary Share ပိုင်ဆိုင်သူများလို Voting Right မရှိကြပါဘူး။ Preference Share ပိုင်သူများကို Ordinary Share ပိုင်ဆိုင်သူများနဲ့အတူ လိုတဲ့ အမြတ်ကို ခွဲဝေပေးလေ့ ရှိပါတယ်။ Company ဒေဝါလီခံရရင် Company ရဲ့ ပိုင်ဆိုင်မှု (Assets ) ထဲကနေပြီး Preference ရှယ်ယာရှင်များကို ခွဲဝေပေးအပ်ရပါတယ်။အများအားဖြင့် Preference Share တွေရဲ့ အမြတ်က ပုံသေသတ်မှတ်ထားလေ့ ရှိပါတယ်။
ဥပမာ။ ။ တစ်လကို ၅သိန်းဆိုရင် လုပ်ငန်းမြတ်မြတ်ရှုံးရှုံး ၊ ၅သိန်းပေးချေပေးရပါတယ်။
-
Redeemable Share (RED)
-
Redeemable Share ဆိုတာက တော့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Share တွေကို အချိန်တစ်ခု (သို့) အခြေအနေ တစ်ခုရောက်ရင် ငွေသား(သို့) ပိုင်ဆိုင်မှုတစ်ခုအဖြစ် ပြန်လည်ရွေးနှုတ်လို့ရတဲ့ Share အမျိုးအစားတစ်ခုပါ။ Company ကလည်း ပြန်လည် ဝယ်ယူလို့ရပါတယ်။ ပုံမှန်အားဖြင့် Share မဝယ်ခင်ကတည်းက ပြန်လည်ရွေးနှုတ်လို့ ရတဲ့ အချိန်အပိုင်းအခြား (သို့) အခြေအနေတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။
Redeemable Share တွေကတော့ လုပ်ငန်းအခြေအနေနဲ့ ဝယ်ယူသူတွေပေါ်မှာ မူတည်ပြီး စည်းကမ်းတွေကိုတော့နှစ်ဦး နှစ်ဖက် ညှိုနှိုင်းပြီး သတ်မှတ်ကျပါတယ်။
-
Redeemable Preference Share (REDP)
-
Redeemable Preference Share ဆိုတာကတော့ ရှင်းပါတယ်။ Redeemable Share နဲ့ Preference Share (၂)ခုရဲ့ ဝိသေသတွေပေါင်းစပ်ထားတာဘဲ ဖြစ်ပါတယ်။ Shareholder ကတော့ Preference Share လိုဘဲ လစဉ်(သို့) နှစ်စဉ် ၊ ပုံသေငွေ ပမာဏ တစ်ခုရနေ သလို အချိန်တစ်ခုရောက် ရင် Redeemable Share လိုဘဲ ပြန်လည်ရောင်းချလို့(သို့) Company ကပြန်လည်ဝယ်ယူလို့ ရပါတယ်။
-
Management Share (MGM) နဲ့ Employee Share (EMP)
-
Management Share နဲ့ Employee Share ကတော့ လုပ်ငန်းထဲမှာလုပ်ကိုင်နေရတဲ့ဝန်ထမ်းတွေကို လုပ်သက်အချိန်တစ်ခုကြာတဲ့အခါမှာ ထုတ်ပေး (သို့မဟုတ်) ထုတ်ရောင်း တဲ့ ရှယ်ယာအမျိုးအစားပါ။ ရည်ရွယ်ချက်ကတော့ သစ္စာရှိဝန်ထမ်း တွေကို ပိုကြိုးစားအောင်/ အလုပ်မှာတည်မြဲအောင်၊ အခြားရှယ်ယာရှင်တွေရဲ့ လုပ်ငန်းအပေါ် မျှော်လင့်ချက်တွေကို နားလည်ပြီး ပူးပေါင်းဖော်ဆောင်ဖို့ မက်လုံးအနေနဲ့ ထုတ်ပေးတဲ့ရှယ်ယာအမျိုးအစားပါ။ သူလည်းပဲ အပြင်ကို ထုတ်ရောင်းခွင့်မရှိပါဘူး။
Management Share ကတော့ ကုမ္ပဏီရဲ့ မန်နေဂျာတွေ၊ ဒါရိုက်တာတွေကို ထုတ်ပေးထားတဲ့ ရှယ်ယာအမျိုးအစားဖြစ်ပြီး Employee Share ကတော့ကျန်ဝန်ထမ်းတွေကိုထုတ်ပေးတဲ့ ရှယ်ယာအမျိုးအစားပါ။ ဒီ Management Share နဲ့ Employee Share ရှယ်ယာရှင်အနေနဲ့ကတော့ ကျန်တဲ့ရှယ်ယာအမျိုးအစားတွေကို အမြတ်ခွဲဝေပြီးမှ ကျန်တဲ့ အမြတ်ကို ခွဲဝေယူရတာပါ။ (Management Share နဲ့ Employee Share ကတော့ ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအတိုင်းပဲသွားတတ်ပါတယ်)
-
Company အများစုကတော့ စတင်တဲ့အချိန်မှာ Voting Right အရင်းအနှီးနဲ့ ခွဲဝေမှု တွေတန်းတူ ဖြစ်စေဖို့ အတွက်တော့ Ordinary Share နဲ့ စတင်ကြတာဖြစ်ပါတယ်။ Share အသစ်တွေထုတ်ပေးတာကတော့ ပြောင်းလွယ်ပြင်လွယ်ပြီး မတူညီတဲ့ အခွင့်အရေးတွေလိုအပ် လာတဲ့အခါကျရင် အထက်ပါ Ordinary Share တွေကို ပြန်လည်ခွဲဝေရောင်းချ သတ်မှတ်ခြင်းဖြစ်သည်။ Company တစ်ခုက Share Class အမျိုးမျိုးခွဲခြား ထုတ်ပေးလို့ရသည့် အပြင် Shareholder တွေအနေနဲ့ လည်း Share Class တစ်ခုထက်ပိုပြီး ပိုင်ဆိုင်လိုရပါတယ်။ ဒီလိုပိုင်ဆိုင်ခြင်းအားဖြင့် မတူညီသော အခွင့်အရေးတွေ (ဥပမာ- မဲပေးခွင့် (သို့) အမြတ်များရပိုင်ခွင့် ) တွေမှာ အကျိုးအမြတ်များရရှိနိုင်ပါတယ်။

credit : 𝗕𝗮𝗹𝗮𝗻𝗰𝗲 𝗣𝗿𝗼𝗳𝗲𝘀𝘀𝗶𝗼𝗻𝗮𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

🏆ငွေကျပ်၂သိန်းကျော်ဖြင့် ကုမ္ပဏီပိုင်ရှင်ဖြစ်ခွင့်ကို အမြန်ရယူလိုက်ပါ🏆

🏆ကုမ္ပဏီပိုင်ရှင်လုပ်ဖို့ ဘာတွေလိုအပ်ပါသလဲ?

The specification requirement for new company registration!
1.Company Name
2.Director's NRC copy / passport copy
3.Director's biography
4.Office address
5.Share Holder

ကုမ္ပဏီအသစ် တစ်ခု စတင်တည်ထောင်ရန် လိုအပ်သောအချက်များ။
၁ ကုမ္ပဏီ နာမည်
၂ ဒါရိုက်တာ များ၏မှတ်ပုံတင်မိတ္တူ / နိုင်ငံခြားသားဖြစ်ပါက Passport မိတ္တူ
၃. ဒါရိုက်တာများ၏ အသေးစိတ်အချက်အလက
၄. ရုံးခန်းလိပ်စာ
၅. ရှယ်ယာ မတည်ငွေ

Contact us -
09975126525, 09955098556,09265753079

လစာ ၃၀ သိန်းရပြီး အကြွေးပတ်လည်ဝိုင်းနေသူနဲ့ လစာ ၈ သိန်းရပြီး သိန်းရာချီ စုမိနေသူ... ခင်ဗျား ဘယ်သူ့နေရာမှာ ရပ်တည်ချင်သလဲ။...
05/10/2026

လစာ ၃၀ သိန်းရပြီး အကြွေးပတ်လည်ဝိုင်းနေသူနဲ့ လစာ ၈ သိန်းရပြီး သိန်းရာချီ စုမိနေသူ...
ခင်ဗျား ဘယ်သူ့နေရာမှာ ရပ်တည်ချင်သလဲ။

လက်တစ်ဖက်က တန်ဖိုးကြီး ကော်ဖီခွက်ကို ကိုင်ထားပေမဲ့၊
ဖုန်းစခရင်မ်ပေါ်က ဘဏ်အကောင့်ထဲမှာ ပိုက်ဆံတစ်ပြားမှ မကျန်တော့တဲ့ အသိပေးချက်ကိုကြည့်ပြီး သက်ပြင်းချနေရတဲ့ အဖြစ်မျိုး ကြုံဖူးပါသလား။

ဝင်ငွေကောင်းနေရဲ့သားနဲ့ ဘာလို့ ပိုက်ဆံမစုမိသေးတာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို ပြတ်ပြတ်သားသား ပြောပြပေးပါမယ်။
ကိုယ်တိုင် ပင်ပင်ပန်းပန်း ရှာထားတဲ့ ပိုက်ဆံမို့လို့ နောက်ဆုံးပေါ် ဖုန်းအသစ်ကိုင်ချင်တာ၊ သူငယ်ချင်းတွေကြားမှာ အဆင့်အတန်းမီမီ သုံးစွဲပျော်ပါးချင်တာ အပြစ်မဟုတ်ပါဘူး။

အပြင်ပန်းကြည့်ရင် အောင်မြင်နေတဲ့သူတစ်ယောက်လို အများက အထင်ကြီးခံချင်တဲ့ စိတ်ဆန္ဒရှိတာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီအတုအယောင် ဂုဏ်ပကာသနတွေနောက်ကို လိုက်ရင်း ရုတ်တရက် အလုပ်ပြုတ်သွားခဲ့ရင်၊
ဒါမှမဟုတ် အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်လာခဲ့ရင် ဖြေရှင်းစရာ စုဆောင်းငွေ မရှိဘူးဆိုတဲ့ အသိက ခင်ဗျားကို တိတ်တဆိတ် ခြောက်လှန့်နေပါလိမ့်မယ်။

ဝင်ငွေကောင်းရုံနဲ့ ဘယ်တော့မှ မချမ်းသာပါဘူး။ စနစ်ကျတဲ့ ငွေကြေးစီမံခန့်ခွဲမှုမရှိရင် လက်ထဲ ပိုက်ဆံကျန်မှာ မဟုတ်ပါဘူး။ ခင်ဗျားရဲ့ ငွေတွေ ဒီလို အကြောင်းရင်းတွေကြောင့် ပျောက်ဆုံးနေတတ်ပါတယ်။

☑️ပြဿနာကို မျက်ကွယ်ပြုခြင်း
ပိုက်ဆံတွေသာ ကုန်သွားတယ်၊ ဘယ်ရောက်သွားမှန်း မသိဘူးဆိုတာ အသုံးစရိတ်ကို သေချာ မမှတ်လို့ပါ။ သုံးထားတဲ့ ငွေစာရင်းကို ပြန်ကြည့်ရမှာ လိပ်ပြာမလုံလို့ ငွေစာရင်းမလုပ်ဘဲ ရှောင်ပြေးနေတာဟာ ငှက်ကုလားအုတ် သဲထဲခေါင်းဝှက်ထားသလိုပါပဲ။ ဒါဟာ ကိုယ့်ပိုက်ဆံကို လွှင့်ပစ်နေတာနဲ့ အတူတူပါပဲ။

☑️၅ မိနစ်စာ သာယာမှုနဲ့ အနာဂတ် ၅ နှစ်ကို လဲလှယ်ခြင်း
လစာထုတ်တဲ့ရက်မှာ တစ်လလုံးစာ ဝင်ငွေကို အသောက်အစား၊ အပျော်အပါးတွေနဲ့ တစ်ညတည်း ဖြုန်းတီးပစ်တာ၊ တစ်နှစ်လုံး စုထားတဲ့ငွေကို Branded ပစ္စည်းတွေ ဝယ်ဖို့ တစ်လုံးတစ်ခဲတည်း သုံးပစ်တာတွေဟာ ခဏတာ သာယာမှုအတွက် အနာဂတ်လုံခြုံရေးကို စတေးလိုက်တာပါပဲ။

☑️ဘတ်ဂျက် စည်းမျဉ်းမရှိခြင်း
ကိုယ့်အိတ်ထဲက ပိုက်ဆံဆိုတဲ့ စိတ်နဲ့ စည်းမရှိ ကမ်းမရှိ သုံးချင်တာသုံးနေရင် ဘယ်လောက်ရှာနိုင်ရှာနိုင် ဘယ်တော့မှ ပိုက်ဆံစုမိမှာ မဟုတ်ပါဘူး။

ဒီပြဿနာတွေကို ဖြေရှင်းဖို့ စနစ်ကျတဲ့ Money Manager တစ်ယောက်လို တာဝန်ယူမှုအပြည့်နဲ့ ပြောင်းလဲဖို့ လိုပါတယ်။ လက်တွေ့လုပ်ဆောင်ရမယ့် အချက်တွေကတော့ -

✔️ ကိုယ့်ကိုယ်ကိုယ် အရင်ပေးချေပါ (Pay Yourself First): လစာဝင်ဝင်ချင်း ဘာမှမသုံးခင် အနည်းဆုံး ၂၀% ကို စုကြေးအဖြစ် အရင်ဖယ်ထုတ်ပါ။ ဥပမာ - လစာ ၁၀ သိန်းရရင် ၂ သိန်းကို လုံးဝ ထုတ်သုံးလို့မရတဲ့ သီးသန့် ဘဏ်အကောင့်တစ်ခုထဲ ချက်ချင်း လွှဲထည့်လိုက်ပါ။ ကျန်တဲ့ ၈ သိန်းနဲ့မှ တစ်လစာ လောက်ငှအောင် စီမံပါ။

✔️ ဝင်ငွေ/ထွက်ငွေကို စနစ်တကျ ခြေရာခံပါ: ဘယ်နေရာမှာ ငွေယိုပေါက်ဖြစ်နေလဲဆိုတာ ရဲရဲဝံ့ဝံ့ ရှာဖွေပါ။ စာအုပ်နဲ့ ချရေးတာမျိုးထက် Notion လို နေရာမျိုးမှာ Smart Personal Money Manager Template တွေ သုံးပြီး နေ့စဉ် သုံးလိုက်တဲ့ ကော်ဖီဖိုး၊ တက္ကစီဖိုး ကအစ သေချာ မှတ်သားကြည့်ပါ။ တစ်လပြည့်လို့ ပြန်ကြည့်တဲ့အခါ မလိုအပ်ဘဲ ကုန်နေတဲ့ အသုံးစရိတ်တွေကို အထင်းသား မြင်ရပါလိမ့်မယ်။

✔️ ၂၄ နာရီ စည်းမျဉ်းကို ကျင့်သုံးပါ: အလိုဆန္ဒ (Wants) နဲ့ လိုအပ်ချက် (Needs) ကို ပြတ်ပြတ်သားသား ခွဲခြားပါ။ ဥပမာ - Social Media မှာ ကြော်ငြာတွေ့လို့ ချက်ချင်း ဝယ်ချင်စိတ်ပေါက်သွားတဲ့ ဖိနပ်အသစ်၊ အင်္ကျီအသစ် တွေကို ချက်ချင်း ဝယ်မချလိုက်ဘဲ နောက်မှဝယ်မယ်ဆိုပြီး ၂၄ နာရီတိတိ အချိန်ဆွဲထားလိုက်ပါ။ နောက်နေ့ရောက်လို့မှ တကယ်မလိုအပ်ဘူးဆိုရင် အဲ့ဒီဝယ်ချင်စိတ် အလိုလို ပျောက်သွားပါလိမ့်မယ်။

ဒီနေ့ပဲ ခင်ဗျားရဲ့ ငွေထွက်ပေါက်တွေကို သေချာ မပိတ်နိုင်ဘူးဆိုရင် နောက် ၅ နှစ်နေလည်း အကြွေးဆပ်ဖို့ သက်သက် အလုပ်လုပ်နေရပါလိမ့်မယ်။ အပြင်ပန်း အောင်မြင်မှုထက် စစ်မှန်တဲ့ ဘဝလုံခြုံမှုကို တည်ဆောက်ပါ။

5.10.2026 သတင်းစာပါတင်ဒါကြေညာများခေါ်ယူနေပါပြီCrd             #တင်ဒါ
05/10/2026

5.10.2026 သတင်းစာပါတင်ဒါကြေညာများခေါ်ယူနေပါပြီ

Crd
#တင်ဒါ

* နေ့တိုင်းဖတ်ရန် *(၁)  ပြုံးပါ။(၂)  ငြင်းခုံခြင်းအား ရှောင်ရှားပါ။(၃)  တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။(၄)  သူတစ်ဦး တစ...
02/10/2026

* နေ့တိုင်းဖတ်ရန် *

(၁) ပြုံးပါ။

(၂) ငြင်းခုံခြင်းအား ရှောင်ရှားပါ။

(၃) တစ်ဖတ်သား၏ အယူအဆကို အလေးဂရုပြုပါ။

(၄) သူတစ်ဦး တစ်ယောက်အား မှားသည်ဟု
ဘယ်တော့မှ တိုက်ရိုက်မပြောပါနှင့်။

(၅) မိမိ အမှားကို လျှင်လျှင်မြန်မြန်
လေးလေးနက်နက် ၀န်ခံပါ။

(၆) ချိုချို သာသာနှင့် စကား စ ပြောပါ။

(၇) တစ်ဖတ်သားက အလျှင်အမြန်
"အင်း" လိုက်အောင် ကြိုးစားပါ။

(၈) တစ်ဖတ်သားကို သူပြောချင်တာ ၀ အောင် ပြောပါစေ။ ( ဂရုတစိုက်နှင့် နားထောင်ပါ )

(၉) တစ်ဖတ်သားအား ပေးချင်သောအကြံသည်
သူ၏ အကြံသာ ဖြစ်သည်ဟု အထင်ရောက်ပါစေ။

(၁၀) ကိုယ်ချင်းစာတတ်အောင် ကြိုးစားပါ။

(၁၁) ရိုးသားစွာ ချီးကျူးပါ (ရက်ရက်ရောရော ရှိပါစေ)

(၁၂) တိုက်ရိုက် သြဇာပေးမည့် အစား
လိုရင်းကိစ္စပြီးစီး စေမည့် မေးခွန်းများ မေးပါ။

(၁၃) တစ်ဖတ်သားကို အပြစ်မပြောမီ
သင်၏ အမှားများကို ဖော်ပြပါ။

(၁၄) သင်လုပ်စေချင်သော အလုပ်ကို တစ်ဖက်သားအား
၀မ်းမြောက် ၀မ်းသာစွာနှင့် လုပ်ချင်အောင် ခိုင်းပါ။



29/09/2026

သင့်မှာ အိပ်စရာနေရာရယ် ၊
ဝတ်စရာအဝတ်တွေရယ် ၊ နောက်နေ့အတွက်
စားစရာတွေလည်း ရှိနေသေးရင် ၊

" သင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ
၇၅% ထက် ချမ်းသာ နေပါသေးတယ် "

သင့် ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလည်း
ရှိပြီးတော့ ကိုယ်သွားချင်တဲ့ နေရာကို
သွားလို့ ရနေသေးတယ်ဆိုရင် ၊

" သင်က ကမ္ဘာ့လူဦးရေထဲက ၁၈% သော
ကြွယ်ဝတဲ့ လူတွေ စာရင်းထဲမှာ ပါနေပါပြီ "

သင်က ဒီနေ့ အသက်ရှင်နေတယ်၊
ကျန်းမာနေတယ် ဆိုရင် ၊

" မကျန်းမာကြလို့ ဒီအပတ်ထဲမှာ
သေဆုံးကြတော့မယ့် လူသန်းပေါင်းများစွာထက် အများကြီး ကံကောင်းနေပါသေးတယ် "

ကျွန်တော် အခုရေးနေတဲ့စာကို
သင်ဖတ်နိုင် နေသေးတယ်ဆိုရင် ၊

" မျက်စိ မမြင်ရလို့ ဒီစာကို မဖတ်နိုင်ကြတဲ့
သူတွေနဲ့ စာသင်ကြားခွင့် မရကြလို့
စာမဖတ်တတ်ကြတဲ့ လူသားပေါင်း
သန်း(၃၀၀၀) ထက် သင်အများကြီး
ကံကောင်း နေပါသေးတယ် "

" ဘဝဆိုတာ ကိုယ့်မှာမရှိတဲ့ အရာတွေကို
Complain တက်ပြီး စိတ်ပျက်ဝမ်းနည်း နေဖို့မဟုတ်ဘူး။"

" ကိုယ့်မှာရှိနေတာကို တန်ဖိုးထားပြီး
နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့
ဖြတ်သန်းတာကိုမှ ဘဝလို့ခေါ်တာပါ"

Crd

SME လုပ်ငန်းတွေအတွက် မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) က ဘာလို့အရေးကြီးတာလဲ။စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားခ...
28/09/2026

SME လုပ်ငန်းတွေအတွက် မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) က ဘာလို့အရေးကြီးတာလဲ။

စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားခြင်းက ပျော်ဖို့ကောင်းတဲ့အချက်တွေ အများကြီးရှိပေမယ့် မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) ကတော့ သိပ်ပျော်ဖို့ကောင်းတဲ့အထဲ မပါပါဘူး

ဒါပေမယ့် မှတ်တမ်းသိမ်းဆည်းခြင်းက ကိုယ့်လုပ်ငန်းအတွက် လုပ်ပေးနိုင်တဲ့ အကောင်းဆုံးလုပ်ပေးနိုင်တဲ့ အရာတွေထဲက တစ်ခုပါ

ရေရှည်အတွက် ဘဝကို ပိုလွယ်ကူစေတဲ့ရုံသာမက စီးပွားရေးလုပ်ငန်းနဲ့ ပက်သက်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ကူညီပေးနိုင်ပါတယ်

အဓိကအချက်များ

မှတ်တမ်းသိမ်းဆည်းခြင်းက ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကို ပိုမိုကောင်းမွန်စွာလည်ပတ်စေနိုင်ပါတယ်။
တစ်ချို့မှတ်တမ်းတွေက ဥပဒေအရ သိမ်းဆည်းထားဖို့ လိုပါတယ်။
ကောင်းမွန်တဲ့ မှတ်တမ်းတွေက ကိုယ့်ရဲ့လုပ်ငန်းကို ကာကွယ်ပေးနိုင်ပါတယ်။
အလားအလာရှိတဲ့ မိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ချေးငွေထုတ်ပေးသူများက စိတ်ချရတဲ့မှတ်တမ်းများကို ကြည့်ချင်ကြပါတယ်။
မှတ်တမ်းသိမ်းဆည်းခြင်း (Record keeping) ဆိုတာ ဘာလဲ။

မှတ်တမ်းသိမ်းဆည်းခြင်းမှာ အဆင့်ဆင့်ရှိပါတယ်။

လုပ်ငန်းရဲ့ လုပ်ဆောင်ချက်နဲ့ ပက်သက်တဲ့ အချက်အလက်၊ အထောက်အထားများကို သိမ်းဆည်းခြင်း
အသုံးဝင်လာစေရန် အသေးစိတ် မှတ်တမ်းတင်ခြင်း
အထောက်အထားများကို ဖိုင်တွဲအလိုက် သိမ်းဆည်းခြင်း
လုပ်ငန်းအတွက် အခြေခံမှတ်တမ်းသိမ်းဆည်းခြင်း တည်ဆောက်ပုံအကြောင်း ဒီမှာလေ့လာပါ။

ဒါက ဘာလို့အရေးကြီးတာလဲ။

မှတ်တမ်းသိမ်းဆည်းခြင်းက ဘယ်လိုလုပ်ငန်းအတွက်မဆို အတော်လေး အရေးပါ ပါတယ်။ တစ်ချို့ကိစ္စတွေအတွက်ဆိုရင် မှတ်တမ်းသိမ်းဆည်းဖို့အတွက် ဥပဒေအရလိုအပ်ပါတယ်။

ပိုကောင်းမွန်သော လုပ်ငန်းဖြစ်စေခြင်း

ကောင်းမွန်တဲ့မှတ်တမ်းတွေက လုပ်ငန်းကို လည်ပတ်ဖို့ ကူညီပေးတဲ့အပြင် မှန်ကန်တဲ့အချက်အလက်များအားဖြင့် ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ချနိုင်စေပါတယ်။ ဥပမာ –

အမြတ်ရနိုင်တဲ့၊ အမြတ်မရနိုင်တဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုများကို ခွဲခြားပေးခြင်း
မသိသာသော ကုန်ကျစရိတ်များကို မြင်သာစေခြင်း
ငွေသားစီးဆင်းမှု ပိုမိုရှင်းလင်းခြင်း
လိမ်လည်မှုနှင့် အမှားများကို မြင်သာစေခြင်း
လုပ်ငန်းရဲ့ အားသာချက်နဲ့ အားနည်းချက်ကို ဖော်ပြပေးခြင်း
လုပ်ငန်းအတွက် အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများကို ဖော်ပြပေးခြင်း
ကောင်းမွန်တဲ့ မှတ်တမ်းမှာ အသေးစိတ်အချက်အလက်များ (ဥပမာ – လမ်းစရိတ်၊ အပိုလုပ်အားခများ) ပါဝင်မှာဖြစ်ပြီး လုပ်ငန်းကို မသေချာမှုတွေနဲ့ မဟုတ်ပဲ အချက်အလက်များအပေါ်မူတည်ပြီး လည်ပတ်စေနိုင်ပါလိမ့်မယ်။

အချက်အလက်တွေက ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်များကို ချစေနိုင်ပြီး လုပ်ငန်းကိုလည်း ဆက်လက်ရပ်တည်နိုင်ရုံသာမက အမြတ်ရအောင်လည်း ကူညီပေးနိုင်ပါတယ်။

ဥပဒေအရ လိုအပ်ခြင်း

အခွန်လိုအပ်ချက်အတွက် မှတ်တမ်းသိမ်းဆည်းခြင်းက အရေးကြီးပါတယ်။ လုပ်ငန်းတွေက အခွန်ဆောင်ဖို့အတွက် မှတ်တမ်းများကို သိမ်းဆည်းထားဖို့ လိုပါတယ်။ တစ်ချို့စာရွက်စာတမ်းတွေက ရာသက်ပန်သိမ်းထားရနိုင်သလို တစ်ချို့ကလည်း ၁၂ နှစ်လောက်အထိ သိမ်းထားရတာမျိုးလည်း ရှိပါတယ်။

ကုမ္ပဏီစာရင်းသွင်းခြင်း၊ ကုမ္ပဏီဖွဲ့စည်းပုံနှင့် ဘုတ်အဖွဲ့အစည်းအဝေး မှတ်တမ်းများနှင့် ဆုံးဖြတ်ချက်များ အစရှိတဲ့ အဓိကမှတ်တမ်းများကို သိမ်းဆည်းဖို့ အစိုးရက သတ်မှတ်ထားပါတယ်။

လုပ်ငန်းကို ကာကွယ်ခြင်း

ဥပဒေအရ လိုအပ်ချက်ဆိုတာထက် အိမ်၊မြေငှားစာချုပ်၊ ပစ္စည်းပေးသွင်းသူနဲ့ ဖောက်သည်များရဲ့ သဘောတူညီချက် စာချုပ်များ၊ အလုပ်ခန့်စာချုပ်များနဲ့ ကုမ္ပဏီရှိစာရွက်စာတမ်းများ အစရှိတဲ့ မှတ်တမ်းများသိမ်းဆည်းခြင်းက ကိုယ့်ရဲ့လုပ်ငန်းကို ကာကွယ်ရာမှာ အရေးကြီးပါတယ်။

အငြင်းပွားမှုတစ်စုံတစ်ရာဖြစ်လာတဲ့အခါ ဒီစာရွက်စာတမ်းတွေထဲကအတိုင်း လုပ်ဆောင်နိုင်ဖို့ လိုတဲ့အပြင် အထောက်အထားပြနိုင်ဖို့လည်း လိုပါတယ်။

မိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ချေးငွေထုတ်ပေးသူများကို ဆွဲဆောင်နိုင်ခြင်း

ကောင်းမွန်တဲ့ မှတ်တမ်းတွေက ဘဏ်များ၊ အသေးစားငွေချေးလုပ်ငန်းများ (MFIs) အပါအဝင် စိတ်ချရတဲ့ မိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ချေးငွေထုတ်ပေးသူများကို ဆွဲဆောင်နိုင်ပါတယ်။

အလားအလာရှိတဲ့ မိတ်ဖက်များ၊ ရင်းနှီးမြှုပ်နှံသူများနဲ့ ချေးငွေထုတ်ပေးသူများက ဒီအထောက်အထား မှတ်တမ်းတွေကို ကြည့်ပြီး လုပ်ငန်းက ကောင်းစွာလည်ပတ်နေတယ်ဆိုတာကို သေချာချင်ကြပါတယ်။ ကောင်းမွန်တဲ့မှတ်တမ်းရှိခြင်းက ကုမ္ပဏီကကောင်းမွန်စွာ လည်ပတ်နေတယ်ဆိုတာကို သိသာစေပါတယ်။

ဘယ်လိုမှတ်တမ်းတွေကို သိမ်းဆည်းသင့်လဲ။

သိမ်းထားတာသင့်တဲ့ သိသာတဲ့မှတ်တမ်းကတော့ ငွေလွဲပြောင်းမှတ်တမ်းပါ။ ကိုယ့်ရဲ့လုပ်ငန်းက တစ်စုံတစ်ခု ရောင်းချတာဖြစ်ဖြစ် ဝယ်ယူတာဖြစ်ဖြစ် အချိန်တိုင်း မှတ်တမ်းတင်ထားတဲ့ ငွေတောင်းခံလွှာ (Invoice) သို့မဟုတ် ငွေလက်ခံဖြတ်ပိုင်း (Receipt) ရှိနေရပါမယ်။

အခြားသိမ်းဆည်းထားသင့်တဲ့ စာရွက်စာတမ်းတွေကတော့

အိမ်ငှား၊ မြေငှားစာချုပ်
အလုပ်ခန့်စာချုပ်
လုပ်ခလစာမှတ်တမ်းများနှင့် ငွေလက်ခံဖြတ်ပိုင်းများ
လုပ်ငန်းအရ ဆက်သွယ်ခြင်းများ (ဥပမာ – အီးမေးလ်)
ဘုတ်အဖွဲ့ အစည်းအဝေးမှတ်တမ်းများ

မှတ်တမ်းသိမ်းဆည်းခြင်းက ငြီးငွေ့ဖို့ကောင်းချင်ကောင်းနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုဖြစ်ဖို့အတွက် အခြေခံပါ။

လုပ်ငန်းက အသစ်ဖြစ်စေ၊ နှစ်ချီလည်ပတ်နေပြီးသားဖြစ်စေ မှတ်တမ်းသိမ်းဆည်းခြင်းကို စတင်ပြုလုပ်ဖို့အတွက် ဒီနေ့ထက် ပိုကောင်းတဲ့နေ့ မရှိပါဘူး။ ဒါကြောင့် အခုပဲ စလုပ်လိုက်ရအောင်။

အကြိုက်ဆုံးစကားစုတစ်ချို့ (24.9.2021)🐋ငါးကြီးကြီး လိုချင်ရင်       ပင်လယ်ထဲကို သွားပါ ။         ဒါပေမယ့် •••      မုန်တိ...
25/09/2026

အကြိုက်ဆုံးစကားစုတစ်ချို့ (24.9.2021)

🐋ငါးကြီးကြီး လိုချင်ရင်
ပင်လယ်ထဲကို သွားပါ ။
ဒါပေမယ့် •••
မုန်တိုင်းတော့ ရှိပါလိမ့်မယ် ။

🐦 ဘဝကို ကြက်တူရွေးလို မနေဘဲ
🦅 သိန်းငှက်လို ကျင့်ကြံပါ
🐦 ကြက်တူရွေးက စကားတတ်ပေမဲ့
မြင့်မပျံနိူင်ဘူး

🦅 သိန်းငှက်က နူတ်ဆိတ်ပေမဲ့
မိုးထိအောင် ပျံနိူင်တယ် ။

🚣‍♂️ ကြိုးစားတဲ့ လူတိုင်းက •••
မအောင်မြင်ပါဘူး
ဒါပေမယ့် •••
အောင်မြင်နေတဲ့ သူတိုင်းက •••
ကြိုးစားခဲ့ကြပါတယ် ။

🚶 လမ်းပျောက်နေလို့
စိတ်ဓာတ်မကျပါနဲ့ •••
ကိုယ်လျှောက်မယ့် လမ်းက
ကိုယ်တိုင်ဘဲ ဖောက်ရမှာပါ ။

🔹 လူ့ သက်တမ်းက •••
အကန့်သတ်ရှိတာ မှန်ပါတယ်
ဒါပေမဲ့ သင့်ကြိုးစားမှု့ ရလဒ်ကတော့ အကန့်သတ် မရှိပါဘူး ။

အစိတ်စိတ် ကွဲနေတဲ့
ဖန်ကွဲစက ပြောတယ် ဖြစ်ပြီးမှ
နောင်တရနေရင် အလကားဘဲ ။

🖊️ဘောပင်က ပြောတယ်
မှင်ကုန်ရင် လွင့်ပစ်လိုက်ပါတဲ့
မင်းအတွက် အသုံးမဝင်တာကို
သိမ်းမထားပါနဲ့တဲ့

တံခါးပေါက်က ပြောတယ် •••
ငါ့ကို ဖွင့်ပီး
မင်းအောင်မြင်မှု့ လမ်းကြောင်းကို
ရောက်အောင် သွားတဲ့ ။

💡 မီးသီးကပြောတယ် •••
ဘဝကို တောက်ပအောင် လုပ်ပါတဲ့ ။

ပြတင်းပေါက်က မြင်ရတဲ့
လမင်းက ပြောတယ်
ရည်မှန်းချက်ကို မြင့်မြင့်ထားတဲ့

📆 ပြက္ခဒိန်ကပြောတယ်
ကုန်လွန်သွားတဲ့ ရက်စွဲတွေက
နောက်ပြန်လှည့်လို့ မရဘူး

📙 စာအုပ်တွေကပြောတယ်
ဗဟုသုတကို ဝယ်လို့မရဘူး
ဖတ်ပြီး မှတ်လို့ဘဲ ရတယ် ။

🗡️ ဓားတစ်လက်က ပြောတယ်
မသုံးဘဲထားရင်
တုံးသွား လိမ့်မယ်တဲ့ ••

⌚ နာရီလေးက ပြောတယ် •••
အချိန်ဆိုတာနောက်ပြန်မရနိူင်ဘူး။

🥛 ရေသန့်ဘူးက ပြောတယ်
စိတ်ကိုကြည်လင်အောင်ထား
ဘဝကို သန့်ရှင်းအောင်နေတဲ့ ။

💵 ပိုက်ဆံလေးက ပြောတယ် •••
များများ သုံးချင်ရင်များများရှာတဲ့။ 👌

Credit. ......

⁉️⁉️ဈေးရောင်းကောင်းဖို့ အတွက် ဘာတွေဖြည့်ဆည်းထားရမလဲ???⭐⭐ဈေးရောင်းကောင်းချင်ရင် အရောင်းသမားတစ်ယောက်ဟာ အရည်အချင်း(skills)၊...
23/09/2026

⁉️⁉️ဈေးရောင်းကောင်းဖို့ အတွက် ဘာတွေဖြည့်ဆည်းထားရမလဲ???

⭐⭐ဈေးရောင်းကောင်းချင်ရင် အရောင်းသမားတစ်ယောက်ဟာ အရည်အချင်း(skills)၊အသိပညာ ဗဟုသုတ (knowledge)၊စိတ်နေသဘောထား (Mindset)ဒီသုံးခုလုံး ပေါင်းနိုင်တဲ့အခါမှသာ ထိပ်တန်းရလဒ်ကောင်းတွေရတဲ့ အရောင်းသမားတွေ ဖြစ်လာမှာဖြစ်ပါတယ်။

✅အရည်အချင်းSkill

🔹ပြောဆိုဆက်ဆံရေး(communication Skills)

🔹အလားအလာရှိတဲ့ ဝယ်သူတွေရှာဖွေခြင်း(prospecting Network ing)

🔹ရှင်းလင်းတင်ပြဆွဲဆောင်နိုင်ခြင်း(presentation Skills)

🔹ငြင်းဆန်မှုတွေကိုကျော်လွှားနိုင်ခြင်း(Handling Objections)

🔹ညှိနှိုင်းခြင်း(Negotiation)

🔹အရောင်းအဝယ်ဖြစ်သွားအောင်ပြုလုပ်ခြင်း (sale Closing Getting Deal)

🔹ရေရှည်ဆက်ဆံရေး တည်ဆောက်ခြင်း (building Relationship)

🔹ဝယ်သူတွေအပေါ်နားလည်နိုင်စွမ်း (Understanding The Customer )


✅ဗဟုသုတအနေနဲ့ဆိုရင်

🔹ဈေးကွက်အကြောင်း(The Market (s)

🔹ထုတ်ကုန်အကြောင်း (The Product)

🔹ပြိုင်ဘက်တွေအကြောင်း(The Competitors)

🔹ကိုယ့်ဝယ်သူတွေအကြောင်း(The Customers& Partners)

🔹နည်းပညာအသစ်တွေအကြောင်း(New Trends and Technology)

✅စိတ်နေသဘောထားအနေနဲ့

🔹ရိုယ်တိုင်ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နိုင်စွမ်းအား

🔹အကောင်းမြင်စိတ်ထား

🔹သင်ယူလေ့လာခြင်းကို စိတ်အားထက်သန်မှုရှိခြင်း

🔹ရည်ရွယ်ချက်၊ ရည်မှန်းချက် ဦးစားပေးတဲ့ စိတ်ဓာတ်

🔹ကျင့်ဝတ်များကို လေးစားလိုက်နာခြင်း

🔹စိတ်ရှည်ခြင်း

🔹ကိုယ်ကိုယ်ကိုယ် ယုံကြည်မှု၊လေးစားမှုရှိခြင်း

🔹အကူအညီပေးချင်စိတ်ရှိခြင်း

🔹အသင်းအဖွဲ့ စိတ်ထားနဲ့ အလုပ်လုပ်နိုင်ခြင်းတွေ လိုအပ်ပါတယ်။

#ကိုယ်ပိုင်စီးပွား

စိတ်ကူးအိုင်ဒီယာတွေရောင်းကြမယ် ------------------------------------------------------ကျွန်တော်တို့ ကျား၊မ ခွဲခြားမှာမရှိ...
22/09/2026

စိတ်ကူးအိုင်ဒီယာတွေရောင်းကြမယ်
------------------------------------------------------

ကျွန်တော်တို့ ကျား၊မ ခွဲခြားမှာမရှိခြင်းတို့၊ Minimalism ဆိုတဲ့ ဘဝမှာ နည်းလေကောင်းလေ ခြိုးခြံ‌ခြွေတာ တင်းတိမ်ရောင်ရဲ မှုရှိရှိနေထိုင်တဲ့ ဘဝ နေထိုင်နည်း စိတ်ကူးအိုင်ဒီယာတွေ၊ သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထားတတ်ဖို့ တွေ ၊တိရစ္ဆာန်တွေကိုချစ်တတ်ဖို့၊ ထိန်းသိမ်းစောင့်ရှောက်ဖို့ အစရှိတာတွေဟာ လူမှုအသိုင်းအဝိုင်းမှာ ပြောင်းလဲဖို့ လိုလားတဲ့ အကြောင်းတရားတွေဖြစ်ပါတယ်။

ဒါတွေက လူတွေလက်ခံလာအောင်၊ ကျင့်သုံးနေထိုင်လာအောင် လုပ်ခြင်းဟာလည်း ရောင်းချခြင်းတစ်မျိုးဖြစ်ပါတယ်။

နောက်ဥပမာတစ်ခုအနေနဲ့ စွန့်စားတီထွင်ခြင်း တည်ထောင်ကြသူဖြစ်တဲ့ enterpreneurတွေဟာ ရင်းနှီးမြှပ်နှံ မည့်သူတွေကို သူတို့ရဲ့ စိတ်ကူး အိုင်ဒီယာတွအပေါ်မှာ ယုံကြည်မှာရှိလာအောင် တည်ဆောက်ဖို့ လိုသလို ကိုယ်တိုင်ရဲ့ စိတ်အားတ
ထက်သန်မှု ကျွမ်းကျင်မှု၊ ဇွဲလုံလ စိတ်ခွန်အား လဲကျရင်တောင် ပြန်ထနိုင်မဲ့ အရည်အသွေးတွေပေါ်မှာ ယုံကြည်မှုရှိအောင် လုပ်ရပါတယ်။

ဒါတွေကို ယုံကြည်မှသာ ကိုယ့်လုပ်ငန်းအပေါ်မှ ရင်းနှီးမြှပ်နံကြမှာ ဖြစ်ပါတယ်။

" #မိသားစုဘတ်ဂျက်(budget )💵💵💵💵💵💵မြတ်စွာဘုရားဆွဲပြထားတဲ့မိသားစုဘတ်ဂျက်ဆိုတာ ကြားဖူးကြလိမ့်မယ် လိုက်နာဖို့ပဲလိုတယ်နော်..မိ...
22/09/2026

" #မိသားစုဘတ်ဂျက်(budget )
💵💵💵💵💵💵

မြတ်စွာဘုရားဆွဲပြထားတဲ့
မိသားစုဘတ်ဂျက်ဆိုတာ ကြားဖူးကြလိမ့်မယ် လိုက်နာဖို့ပဲလိုတယ်နော်..

မိသားစုဘတ်ဂျက်ဆိုတာ
ကိုယ့်ရဲ့ဝင်ငွေကို ၄ပုံ ပုံကြည့်လိုက်
ကိုယ်ပိုင်တဲ့ပစ္စည်းကို ၄ပုံ ပုံကြည့်လိုက်ပါတဲ့

၁ပုံက နေ့စဉ်သုံးတဲ့အသုံးစရိတ်ထဲထည့်သုံး
၂ပုံနဲ့အလုပ်လုပ် အရင်းအနှီးလုပ်ငန်းမှာသုံး
ကျန်တဲ့၁ပုံကိုတော့ emergency အရေးပေါ်အနေနဲ့ သိမ်းထားပါလို့ဆိုတယ်..

အဲ့အတိုင်း လိုက်နာကြသလား မလိုက်နာကြဘူးလား ကြည့်ကြပေါ့နော်.
မိသားစုဘဝမှာနေတဲ့ အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာ
ကိုယ့်ပစ္စည်းကိုယ့်ဝင်ငွေကို အဲ့သလို၄ပုံပုံပြီး လုပ်ပါတယ်

အဲ့အတိုင်းလိုက်နာပြီး လုပ်ကြမယ်ဆိုရင်
ကြွေးလည်းတင်စရာအကြောင်းမရှိတော့ဘူး..
ဆုတ်ယုတ်ပျက်ပြားစရာအကြောင်းလည်း မရှိတော့ဘူး နော်..
ဒါဟာ မြတ်စွာဘုရားရဲ့အဆုံးအမတွေ
စီးပွားရေးနဲ့ပတ်သက်ပြီး ဆုံးမထားတာတွေ နော်..

#ပါချုပ်ဆရာတော်ကြီး

Credit to
စေတနာမေတ္တာအရင်းခံဖြင့်

Address

Kinwon Street, No (1236) , North Dagon Tsp
Dagon
123123

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959975126525

Website

Alerts

Be the first to know and let us send you an email when Company Registration Service CRS Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Company Registration Service CRS Consultant:

Shortcuts

Share