21/07/2026
မြန်မာ နိုင်ငံ က ရွှေကျောင်းပြောင်ပြောင်
ဝမ်းခေါင်ခေါင်ဘဝများ (Asset Rich, Cash Poor)
ကို ကိုယ် တယောက်ထဲ အမြင် ပါ။
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေး
အကျပ်အတည်းထဲမှာ
အိမ်ခြံမြေစျေးကွက် ဖောင်းပွမှုကြောင့်
"အပြင်ပန်း ဝေဝေဆာဆာ၊
အတွင်းမှာ သောကကမ္ဘာ"
ဖြစ်နေရတဲ့ လူတန်းစားတစ်ရပ်
ပေါ်ပေါက်လာပါတယ်။
လုပ်ငန်းအသစ်တွေ စတင်ဖို့
အခွင့်အလမ်း နည်းတာကြောင့်
ငွေရှိသူတွေ စီးပွါးရေး လုပ်ငန်း တွေဟာ
အိမ်ခြံမြေဘက်ကိုပဲ အလုအယက်
ဝင်ရောက် လာ ပါ တယ်။
သဘာဝ အတိုင်း ရောင်းအား နဲ ရင်
ဝယ်လိုအား များ မယ်။ ဝယ်လိုအား
များ ရင် အပြိုင် အဆိုင် ဈေး တိုး ပြီး
ဝယ် မယ်။ ပေါ့
The Dilemma of Selling
(ရောင်းဖို့ မရဲ၊ မလှုပ်ရဲတဲ့ အခြေအနေ)
မျိုး ပါ။
မိမိအိမ်ကို ဒေါ်လာ ၂ သန်း၊ ၃ သန်း တန်ဖိုးနဲ့
ရောင်းလိုက်ရင်တောင် ငွေသားကိုင်ထားဖို့
မရဲကြပါဘူး။
တခြားနေရာမှာ နေစရာ ပြန်ဝယ်ရင်လည်း
ဒီစျေးတွေပဲမို့လို့ ပိတ်မိ (Stuck) နေကြရပါတယ်။
The Silent Suffering ကြိတ်မှိတ် ခံစားနေရတဲ့
သောက မျိုး ပေါ့။
အပြင်ပန်းမှာ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးထဲမှာ
နေထိုင်ပေမယ့် နေ့စဉ် တလူလူတက်နေတဲ့
ကုန်စျေးနှုန်းတွေကို မျက်လုံးပြူးပြီး
ကြည့်နေကြရပါတယ်။
ဝင်ငွေမရှိလို့ စိတ်ပင်ပန်းရတာတစ်မျိုး၊
အသက်အရွယ်ရလာလို့ ကြီးမားလှတဲ့
ကျန်းမာရေးစရိတ်
(Medical Costs) တွေအတွက်
စိုးရိမ်ရတာတစ်ဖုံနဲ့
စိတ်သောက ရောက်နေကြရရှာပါတယ်။
ဟန်ပြသူဌေးတွေရဲ့ ပွန်ဇီလိမ်လည်မှုများ
(The Ponzi Schemes & Fake Wealth)
က လဲ ရှိပါသေး တယ်။
ငွေကြေးကျပ်တည်းပြီး အကျပ်ရိုက်နေတဲ့
အခြေအနေတွေကို အခွင့်ကောင်းယူပြီး
"သူဌေးလိုလို၊ လူချမ်းသာယောင်ဆောင်"
ထားတဲ့ သူဌေးပေါက်စတွေရဲ့ ရန် က လဲ
မသေး ပါ။ အလိမ်ခံ ရ တာ ကို
မကြာခန ကြား နေ ရ ပါ တယ်။
The Illusion of Success (အောင်မြင်မှု
အယောင်ပြခြင်း) မျိူး နဲ့ လိမ် ကြ တာ ပါ။
လူမှုကွန်ရက်ပေါ်မှာ ကားအကောင်းစားတွေ၊
ငွေထုပ်တွေ ခရီး သွား တာ တွေ
ပြပြီး အပြင်ပန်းမှာ အောင်မြင်နေတဲ့
စားသောက်ဆိုင်ကြီးတွေ၊ လုပ်ငန်းကြီးတွေကို
အသုံးချကာ လူတွေကို ယုံကြည်အောင်
အရင်လုပ်ပါတယ်။
The Trap of High Returns
(အမြတ်အစွန်း အဆမတန် ပေးခြင်း)
မျိုး နဲ့ မြှူဆွယ် ကြ တာ ပါ။
ဘဏ်တိုးနှုန်းထက် အများကြီးသာတဲ့
အတိုးနှုန်းတွေကို
မက်လုံးပေးပြီး ရင်းနှီးမြှုပ်နှံသူ
တွေကို ဆွဲဆောင်ပါတယ်။
How the Scam Works
(လိမ်လည်မှု လည်ပတ်ပုံ)
က တော့ သိတဲ့ အတိုင်း
စီးပွားရေးလုပ်ငန်းကရတဲ့
အမြတ်နဲ့ ပေးတာမဟုတ်ဘဲ
"နောက်လူ့ငွေနဲ့ ရှေ့လူကို
အတိုးပေး" တဲ့
စနစ်ကို သုံးပါတယ်။
၁ နှစ်လောက်တော့ အတိုး
မှန်မှန်ပေးပြီး ယုံကြည်မှု
တည်ဆောက်ပါတယ်။
နောက်ထပ် ရင်းနှီးမြှုပ်နှံမယ့်
လူသစ်မလာတော့တဲ့အခါ
ဒါမှမဟုတ် သိန်းသောင်းချီတဲ့
ငွေပမာဏ ရသွားတဲ့အခါ
ပိုင်ရှင်တွေ က လုပ်ငန်း တွေ
ဆိုင်တွေကို ပစ်ထားခဲ့ပြီး
ထွက်ပြေးပါတော့တယ်။
ရင်းနှီးမြှုပ်နှံထားသူတွေခမျာ
သိန်းပေါင်း ရာ၊ ထောင်၊
သောင်းချီပြီး ဘဝပျက်အောင်
ဆုံးရှုံးသွားကြရပါတယ်။
English Proverb: လေး တခု ရှိ ပါ တယ်
"If it sounds too good to be true, it probably is."
(တကယ်လို့ တစ်ခုခုက ဖြစ်နိုင်ခြေထက် ပိုပြီး
ကောင်းလွန်းနေရင် အဲဒါ လိမ်လည်မှု ဖြစ်ဖို့ များပါတယ်။)တဲ့