Takaken Hamamatsu 不動産

Takaken Hamamatsu 不動産 📍Hamamatsu, Iwata, Fukuroi, and Kakegawa areas.
ဂျပန်ရောက်မြန်မာလူမျိုးများအတွက် စိတ်အချရဆုံး အိမ်ငှားဝန်ဆောင်မှု

16/09/2026
Hello...Hamamatsu မှာ နေတဲ့သူတွေ၊ Hamamatsu ကို လာလည်မယ့်သူတွေအတွက် စားကြည့်သင့်တဲ့ နာမည်ကြီးစားစရာလေးတွေကို ဒီနေ့ မျှဝေ...
16/09/2026

Hello...
Hamamatsu မှာ နေတဲ့သူတွေ၊ Hamamatsu ကို လာလည်မယ့်သူတွေအတွက် စားကြည့်သင့်တဲ့ နာမည်ကြီးစားစရာလေးတွေကို ဒီနေ့ မျှဝေပေးချင်ပါတယ်ရှင်

① Unagi / ငါးရှဉ့်🐟

Hamamatsu ဆိုရင် Unagi ကို မဖြစ်မနေ ပြောရမယ်ထင်ပါတယ်။
အထူးသဖြင့် Lake Hamana (浜名湖) နဲ့ ဆက်စပ်ပြီး နာမည်ကြီးတဲ့ ဒေသအစားအစာတစ်ခုပါ။ Hamamatsu မှာလည်း Unagi ဆိုင်တွေ အများကြီးရှိလို့ ငါးရှဉ့်ကြိုက်တဲ့သူတွေ စားကြည့်သင့်ပါတယ်။

② Hamamatsu Gyoza🥟

Hamamatsu Gyoza ကလည်း Hamamatsu ရဲ့ နာမည်ကြီးအစားအစာတစ်ခုပါ။
အများအားဖြင့် ဟင်းသီးဟင်းရွက်ကို အသားနဲ့ရောပြီး ထည့်ထားတာကြောင့် စားရတာ အရသာပေါ့ပေါ့ပါးပါးနဲ့ စားလို့တော်တော်ကောင်းပါတယ်။
ဆိုင်တွေမှာ Gyoza တွေကို ပန်းကန်ပတ်လည်စီထားပြီး အလယ်မှာ もやし (ပဲပင်ပေါက်) ထည့်ပေးတာကလည်း Hamamatsu Gyoza ရဲ့ ထူးခြားတဲ့ပုံစံလေးပါနော်

③ Unagi Pie🥧

Unagi Pie ကတော့ Hamamatsu ရဲ့ နာမည်ကြီး souvenir မုန့် တစ်မျိုးပါ။
နာမည်မှာ Unagi ပါလို့ “ငါးရှဉ့်အရသာလား?” လို့ ထင်နိုင်ပေမယ့် တကယ်တော့ ချိုချို၊ ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတဲ့ pastry မုန့် မျိုးလေးပါ။
Hamamatsu ကနေ ပြန်တဲ့အခါ မိတ်ဆွေ၊ မိသားစုတွေအတွက် လက်ဆောင်ဝယ်သွားကြတာလည်း များပါတယ်။

④ Mikkabi Mikan🍊

Hamamatsu ရဲ့ Mikkabi ဒေသက လိမ္မော်သီး みかん ကလည်း နာမည်ကြီးပါတယ်။
ချိုချိုလေးနဲ့ စားလို့ကောင်းပြီး ဆောင်းရာသီရောက်ရင် ဂျပန်အိမ်တွေမှာ မကြာခဏတွေ့ရတဲ့ အသီးလေးတစ်မျိုးပါ။

⑤ Sawayaka Hamburg

Shizuoka မှာ နေဖူးတဲ့သူတွေဆိုရင် Sawayaka(さわやか) ကို ကြားဖူးကြမယ်ထင်ပါတယ်။
အထူးသဖြင့် げんこつハンバーグ က နာမည်ကြီးပြီး Shizuoka ကိုရောက်ရင် စားကြည့်ချင်စရာ Local Food တစ်ခုပါ။

Hamamatsu မှာ နေတဲ့သူတွေဆို ဒီထဲက ဘာတွေ စားဖူးပြီးပြီလဲနော်?
စားဖူးတဲ့အရာလေးတွေရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦးနော် 🤗

Hello>>🌿ဂျပန်ရဲ့ Silver Week ရောက်တော့မယ်နော်!ဒီနှစ် 9/19(土)~9/23(水) အထိ 5 ရက်ဆက်တိုက် ပိတ်ရက်ရမှာပါ✨🌿 ဘာကြောင့် 5 ရက်ဆက...
15/09/2026

Hello>>
🌿ဂျပန်ရဲ့ Silver Week ရောက်တော့မယ်နော်!

ဒီနှစ် 9/19(土)~9/23(水) အထိ 5 ရက်ဆက်တိုက် ပိတ်ရက်ရမှာပါ✨

🌿 ဘာကြောင့် 5 ရက်ဆက်ပိတ်တာလဲ?
9/19 စနေ → ပုံမှန်ပိတ်ရက်
9/20 တနင်္ဂနွေ → ပုံမှန်ပိတ်ရက်
9/21 တနင်္လာ → 敬老の日(အသက်ကြီးသူတွေကို ရိုသေလေးစားတဲ့နေ့)
9/22 အင်္ဂါ → 国民の休日
9/23 ဗုဒ္ဓဟူး → 秋分の日(ဆောင်းဦးရာသီ စတင်ဝင်တဲ့နေ့)

9/22 ကတော့ 9/21 နဲ့ 9/23 ကြားမှာ အလုပ်လုပ်ရက်တစ်ရက်ညှပ်နေတာကြောင့် ဥပဒေအရ 国民の休日 ဖြစ်ပြီး ပိတ်ရက်ဖြစ်သွားတာပါ။

2015 နောက်ပိုင်း 11 နှစ်အကြာမှ ပြန်ရလာတဲ့ 5 ရက်ဆက် Silver Week ဆိုတော့ ဒီနှစ်က နည်းနည်းထူးခြားတယ်နော်😊

Minasan တို့ရော ဒီ Silver Week မှာ ဘယ်တွေလုပ်ဖို့ စီစဉ်ထားကြလဲ? 🚗🌿

9/24 နဲ့ 9/25 ကို 有給 ခွင့်ယူနိုင်ရင် 9/19 ကနေ 9/27 အထိ 9 ရက်ဆက်နားနိုင်တဲ့အခြေအနေ လည်း ရှိပါတယ်နော်

14/09/2026

အထပ်မြင့်မှာ နေမလား? အထပ်နိမ့်မှာ နေမလား?🤔

တစ်ခုချင်းစီမှာ အားသာချက်၊ သတိထားရမယ့်အချက်တွေ ရှိပါတယ်နော်

အထပ်မြင့်အခန်းရဲ့အားသာချက်
အထပ်မြင့်အခန်းတွေက—

✔️အပြင်လူသွားလူလာအသံ နည်းနိုင်တယ်
✔️နေရာအလိုက် မြင်ကွင်းကောင်းနိုင်တယ်
✔️နေရောင်နဲ့ လေဝင်လေထွက်ကောင်းတတ်တယ်
✔️ပထမထပ်ထက် လုံခြုံမှုကောင်းတယ်လို့ခံစားရနိုင်တယ်

ဒါပေမယ့်—

Elevator မရှိရင် ပစ္စည်းသယ်ရခက်နိုင်တယ်
အရေးပေါ်အချိန် ဆင်းရတာခက်နိုင်တယ်
နွေရာသီမှာ ပိုပူနိုင်တယ်
ကလေးငယ်ရှိရင် balcony / ပြတင်းပေါက်ကို သတိထားရပါမယ်

အထပ်နိမ့်ရဲ့အားသာချက်
အထပ်နိမ့်အခန်းတွေက—

✔️အပြင်ထွက်ဝင်ရလွယ်တယ်
✔️ပစ္စည်းသယ်ရတာလွယ်တယ်
✔️အရေးပေါ်အချိန် ထွက်ရလွယ်တယ်
✔️အိမ်လခ ပိုသက်သာတဲ့အခန်းတွေ ရှိတတ်တယ်

ဒါပေမယ့်—

လမ်းဘေးအသံ၊ လူသွားလူလာအသံ ကြားရနိုင်တယ်
ပိုးဟပ် / ပိုးမွှား ဝင်နိုင်ခြေ ပိုရှိနိုင်တယ်
ပြတင်းပေါက်ဖွင့်ထားရင် privacy ကိုပိုသတိထားရတယ်
လုံခြုံမှုအတွက် lock / curtain / window ကိုဂရုစိုက်ရမယ်

အခန်းရွေးတဲ့အခါ
ငှားခနဲ့အခန်းအကျယ်ပဲမကြည့်ဘဲ
ကိုယ့်နေ့စဉ်ဘဝနဲ့ ကိုက်တဲ့အထပ်ကို ရွေးတာကောင်းပါတယ်။

ကားရှိလား၊ ကလေးရှိလား၊ ညဘက်ပြန်လာတာများလား၊ ပစ္စည်းများလား၊ အသံကိုစိတ်ပူလား—
ဒီအချက်တွေကိုပါ စဉ်းစားပြီး ရွေးပါနော်။

Hamamatsu・Iwata・Fukuroi・Kakegawa တစ်ဝိုက်မှာ အခန်းရှာနေတယ်ဆိုရင် Messenger မှာ လွတ်လပ်စွာမေးမြန်းနိုင်ပါတယ်ရှင်။

🏠 ဂျပန်မှာ အိမ်ငှားခြင်းနှင့် “စာချုပ်သက်တမ်း” ဂျပန်မှာ အိမ်ငှားတဲ့အခါ「契約期間」= စာချုပ်သက်တမ်းကို စာချုပ်ထဲမှာ သတ်မှတ်ထားပ...
08/09/2026

🏠 ဂျပန်မှာ အိမ်ငှားခြင်းနှင့် “စာချုပ်သက်တမ်း”

ဂျပန်မှာ အိမ်ငှားတဲ့အခါ
「契約期間」= စာချုပ်သက်တမ်းကို စာချုပ်ထဲမှာ သတ်မှတ်ထားပြီးသားပါ။ အများအားဖြင့် 2年間(၂ နှစ်) ဆိုပြီး သတ်မှတ်ထားတာတွေ တွေ့ရပါတယ်။
ဒါပေမယ့် ၂ နှစ်ပြည့်ရင် အိမ်ကနေ မဖြစ်မနေထွက်ရမယ် လို့ မဟုတ်ပါဘူးနော်။
စာချုပ်အမျိုးအစားပေါ်မူတည်ပြီး ဆက်နေထိုင်နိုင်ပါတယ်။

🔄 契約更新(စာချုပ်သက်တမ်းတိုးခြင်း)

အများအားဖြင့် 「普通借家契約」 ဆိုရင် သတ်မှတ်ထားတဲ့ကာလပြီးတဲ့နောက် စာချုပ်ကို ဆက်လက်ထားရှိနိုင်ပါတယ်။

သက်တမ်းတိုးတဲ့အခါ—

・更新料(သက်တမ်းတိုးကြေး)
・更新事務手数料(သက်တမ်းတိုး စီမံခန့်ခွဲခ)
・保証会社の更新料(အာမခံကုမ္ပဏီကြေး)
・火災保険の更新料(မီးဘေးအာမခံ သက်တမ်းတိုးကြေး)
စတာတွေ ကုန်ကျနိုင်ပါတယ်။

更新料 (စာချုပ်သက်တမ်းတိုးခ) က ဥပဒေအရ အိမ်ငှားတိုင်း မဖြစ်မနေ ပေးရတာတော့ မဟုတ်ပါဘူး။
စာချုပ်ထဲမှာ 更新料 ပေးရမယ်လို့ သတ်မှတ်ထားရင် ပေးရနိုင်တာဖြစ်လို့စာချုပ်ချုပ်မယ့်အချိန်ကတည်းက စစ်ထားတာကောင်းပါတယ်နော်

🚚 ဒါဆို စာချုပ်မပြည့်ခင် အိမ်ပြောင်းချင်ရင်ရော?
ဥပမာ—
2 နှစ်စာချုပ်ချုပ်ထားပေမယ့် 1 နှစ်နဲ့ အလုပ်ပြောင်းရလို့ အိမ်ပြောင်းချင်တယ်ဆိုရင် 契約書 ထဲကအတိုင်း 解約(စာချုပ်ဖျက်သိမ်းခြင်း) စည်းကမ်း ကိုကြည့်ရပါတယ်။

ဥပမာအားဖြင့်
「退去日の1か月前までに通知」
ဆိုရင် အိမ်ပြောင်းမယ့်နေ့မတိုင်ခင် ၁ လကြိုတင် အကြောင်းကြား ရနိုင်ပါတယ်။
ဒါပေမယ့်

👉 「短期解約違約金」
👉 「違約金」

ဆိုတဲ့ သတ်မှတ်ချက်ရှိရင် စာချုပ်မပြည့်ခင် ထွက်တဲ့အတွက် လျော်ကြေး/違約金 ပေးရနိုင်ပါတယ်။

ဥပမာအားဖြင့် ၁ နှစ်မပြည့်ခင် ထွက်တဲ့အခါ အိမ်ငှားခ ၂ လစာနဲ့ ညီမျှတဲ့違約金 ပေးရနိုင်ပါတယ်။

⚠️ ဒါက အိမ်တိုင်းမှာ တူညီတာတော့မဟုတ်ပါဘူးနော်
ဘယ်လောက်ပေးရမလဲ၊ ဘယ်အချိန်ထွက်ရင် ပေးရမလဲဆိုတာ စာချုပ်အပေါ်မူတည်ပါတယ်။

ဒါကြောင့်စာချုပ်မချုပ်ခင် ဒီအချက်တွေကို အထူးစစ်ကြည့်ပါ👇

☑️ 契約期間 — စာချုပ်သက်တမ်း ဘယ်လောက်လဲ?
☑️ 更新 — သက်တမ်းတိုးလို့ရလား?
☑️ 更新料 — သက်တမ်းတိုးကြေး ရှိလား?
☑️ 解約予告 — ဘယ်နှရက်/ဘယ်နှလကြိုပြီး အကြောင်းကြားရမလဲ?
☑️ 短期解約違約金 — စောစောထွက်ရင် လျော်ကြေးရှိလား?
☑️ 退去費用 — ထွက်တဲ့အချိန် ဘာကုန်ကျစရိတ်တွေရှိလဲ?
☑️ 火災保険・保証会社 — အာမခံတွေ သက်တမ်းတိုးတဲ့အခါ ကုန်ကျစရိတ်ရှိလား?

အိမ်ငှားစာချုပ်ဆိုတာ လက်မှတ်ထိုးပြီးမှ ဖတ်တာထက် လက်မှတ်မထိုးခင် သေချာနားလည်ထားဖို့က ပိုအရေးကြီးပါတယ်နော်👍

Hamamatsuမှာ ခုရက်ပိုင်း မိုးတွေဆက်တိုက်ရွာမယ်ဆိုတော့ 部屋干し用洗剤 (အခန်းတွင်း အဝတ်အခြောက်လှန်းသုံးဆပ်ပြာ) ဝယ်ထားဖို့လည်း မမေ...
07/09/2026

Hamamatsuမှာ ခုရက်ပိုင်း မိုးတွေဆက်တိုက်ရွာမယ်ဆိုတော့ 部屋干し用洗剤 (အခန်းတွင်း အဝတ်အခြောက်လှန်းသုံးဆပ်ပြာ) ဝယ်ထားဖို့လည်း မမေ့နဲ့ဦးနော်🌧️👕🏠

部屋干し用洗剤 ဆိုတာက
အခန်းထဲမှာ အဝတ်ခြောက်တဲ့အခါ အနံ့မကောင်းတာကို လျှော့ချပေးဖို့ ရည်ရွယ်ထားတဲ့ laundry detergent ဖြစ်ပါတယ်။

အထူးသဖြင့် မိုးရွာတဲ့နေ့၊ ဆောင်းရာသီ၊ ညဘက်လျှော်ပြီး အခန်းထဲမှာခြောက်ရတဲ့အချိန်တွေမှာ အသုံးဝင်ပါတယ်နော်

Hamamatsu မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ နေထိုင်ရလည်းအရမ်းအဆင်ပြေပြီး စျေးနှုန်းလည်းသင့်တင့်တဲ့ အခန်းမျိုး ရှာနေရင် ဒီအခ...
03/09/2026

Hamamatsu မြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ နေထိုင်ရလည်းအရမ်းအဆင်ပြေပြီး စျေးနှုန်းလည်းသင့်တင့်တဲ့ အခန်းမျိုး ရှာနေရင် ဒီအခန်းလေးက အဆင်ပြေတယ်နော်

礼金 0💴
敷金 0💴
✨အခန်းခ 32,000ယန်း

Family mart: လမ်းလျှောက် ၄မိနစ်
Coop Super: လမ်းလျှောက် ၁၅မိနစ်
2nd Street: လမ်းလျှောက် ၁၅မိနစ်
Shimamura:လမ်းလျှောက် ၁၅မိနစ်
Gyoumu Super:လမ်းလျှောက် ၁၈မိနစ်
Daiso: လမ်းလျှောက် ၂၀မိနစ်
Hamamatsuဘူတာ:လမ်းလျှောက် ၃၀မိနစ်
----------------
🎯စိတ်ဝင်စားတယ်ဆိုရင် Page messenger မှာလည်း အသေးစိတ်လာရောက်စုံစမ်းလို့ရပါတယ်ရှင်🤗
🎯တခြား မိမိလိုချင်တဲ့ ကားမှတ်တိုင်/ ဘူတာနာမည် ပြောပြီးတော့လည်း ရှာခိုင်းလို့ရပါတယ်
🎯မြန်မာကနေလည်း ကြိုတင်စုံစမ်းထားလို့ရပါတယ်နော်
——-

(株)高建工業 高建不動産
〒430-0811
静岡県浜松市中央区名塚町105-1
TEL : 053-460-6193
✨Your Trusted Real Estate Support in Japan✨
📍Hamamatsu, Iwata, Fukuroi


#အိမ်ငှါး
#အိမ်ရှာ
#ဂျပန်

စျေးလည်း သက်သာရမယ်၊ ဒါ့အပြင် Hamamatsuမြို့ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Hamamatsu ဘူတာနဲ့လည်း နီးရမယ် ဆိုရင် 🤔1K ဒီအခ...
02/09/2026

စျေးလည်း သက်သာရမယ်၊ ဒါ့အပြင် Hamamatsuမြို့ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Hamamatsu ဘူတာနဲ့လည်း နီးရမယ် ဆိုရင် 🤔
1K ဒီအခန်းလေး ရှိပါတယ်နော်

✔️ဘူတာကနေ လမ်းလျှောက် ၅မိနစ်
✔️ロフト (ထပ်ခိုးထပ်) ရှိ
✔️စရန်ငွေ ၊ စပေါ် ငွေ 0 yen💴
✔️ဝရန်တာ
✔️Wifi free

✨အခန်းခ 27,000ယန်း
----------------
🎯စိတ်ဝင်စားတယ်ဆိုရင် Page messenger မှာလည်း အသေးစိတ်လာရောက်စုံစမ်းလို့ရပါတယ်ရှင်🤗
🎯တခြား မိမိလိုချင်တဲ့ ကားမှတ်တိုင်/ ဘူတာနာမည် ပြောပြီးတော့လည်း ရှာခိုင်းလို့ရပါတယ်
🎯မြန်မာကနေလည်း ကြိုတင်စုံစမ်းထားလို့ရပါတယ်နော်
——-
(株)高建工業 高建不動産
〒430-0811
静岡県浜松市中央区名塚町105-1
TEL : 053-460-6193
✨Your Trusted Real Estate Support in Japan✨
📍Hamamatsu, Iwata, Fukuroi, and Kakegawa areas


#အိမ်ငှါး
#အိမ်ရှာ
#ဂျပန်

住所

105-1 Nazuka-cho, Chuo-ku
Hamamatsu-shi, Shizuoka

ウェブサイト

アラート

Takaken Hamamatsu 不動産がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

ショートカット

  • 住所
  • アラート

共有する

カテゴリー