11/10/2026
အားလုံးပဲ မင်္ဂလာပါရှင့် 😊
CCG ကနေပြီးတော့ သတင်းကောင်းလေးတစ်ခုကို အားလုံးနဲ့ မျှဝေချင်ပါတယ်။ 📣
München လိုမြို့ကြီးမှာ Ausbildung လုပ်ဖို့စိတ်ဝင်စားပြီး လက်ရှိမှာ B1 လက်မှတ်ရှိတဲ့၊ ဂျာမန်ဘာသာစကားကို B2 အဆင့်လောက်အထိ ပြောဆိုဆက်သွယ်နိုင်တဲ့လျှောက်ထားလိုသူ အမျိုးသား/အမျိုးသမီး စုစုပေါင်း ၅ ယောက်မှ ၁၀ ယောက်အထိ အမြန်ဆုံး ရှာဖွေနေပါတယ်။
📍 **အလုပ်လုပ်ရမယ့်နေရာ – München**
အင်တာဗျူးတွေကို ခန့်မှန်းခြေအားဖြင့် ဒီဇင်ဘာလကုန်ပိုင်း ဒါမှမဟုတ် ဇန်နဝါရီလမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ရှာဖွေနေတဲ့ အလုပ်အမျိုးအစားကတော့ အသားကောင်တာမှာ အရောင်းဝန်ထမ်း (Fachverkäufer/in an der Fleischtheke) ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ Gastronomie (စားသောက်ဆိုင်/စားသောက်ဝန်ဆောင်မှု) ပိုင်းမှာလည်း အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးလည်းရှိပါတယ်။
💰 **လစာ**
* **ပထမနှစ် (1. Lehrjahr)** – တစ်လ **1,350 € brutto**
* **ဒုတိယနှစ် (2. Lehrjahr)** – တစ်လ **1,500 € brutto**
* **တတိယနှစ် (3. Lehrjahr)** – တစ်လ **1,650 € brutto**
**Probezeit (စမ်းသပ်ကာလ)** ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက်၊ အထူးသဖြင့် အလုပ်မှာ သေချာလိုက်လုပ်မယ်၊ ယုံကြည်စိတ်ချရမယ်၊ မလိုအပ်ဘဲပျက်ကွက်တာမျိုးတွေမရှိထားဘူး၊ အကျင့်/ အပြုမူကောင်းတွေရှိမယ်ဆိုရင်လည်း **တစ်လကို brutto 150 € ထပ်တိုးပေးမှာ ဖြစ်ပါတယ်။** 💰💶
🏠 **နေထိုင်ရန်အခန်း**
အိမ်ခန်းတွေကို အလွန်သက်သာတဲ့ဈေးနှုန်းနဲ့ ငှားရမ်းပေးမှာ ဖြစ်ပါတယ်။
နှစ်ယောက်နေရမယ့်အခန်း (Zweibettzimmer)
– တစ်ယောက်လျှင် ခန့်မှန်း 350 €
တစ်ယောက်တည်းအခန်း (Einzelzimmer)
– ခန့်မှန်း 450–500 €
München လို မြို့မှာ ဒီလိုဈေးနှုန်းနဲ့ အခန်းရဖို့ဆိုတာ ပုံမှန်အားဖြင့် တော်တော်မလွယ်တာကိုသိကြမှာပါနော်။
လက်ရှိမှာတော့ လျှောက်ထားရန် စိတ်ဝင်စားတဲ့သူ ၁၆ ယောက်ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် စုစုပေါင်းစိတ်ဝင်စားတဲ့လျှောက်ထားသူ ၂၅ ယောက်လောက်ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ ဖွဲ့ထားမှာဖြစ်လို့ အခုကစပြီး လျှောက်လွှာအသစ်တွေကို လက်ခံနေပါပြီ။
အကယ်၍ သင်က B1 လက်မှတ်လည်းရှိပြီး၊ ဂျာမန်စကားကို B2 အဆင့်လောက် ပြောဆိုဆက်သွယ်နိုင်တယ်ဆိုရင်တော့ အစ်မတို့ CCG ကိုဆက်သွယ်ပြီးလျှောက်လွှာတင်လိုက်ပါနော်။
Pageကစာအဝင်နောက်ကျတတ်လို့
You can also contact us on +959799434263( Viber/ telegram)
You can also contact +959799434263(viber/telegram