06/12/2026
ကနေဒါ Construction Manager တစ်ယောက် သိသင့်တဲ့
Change Management ၄ မျိူး။
ခုနောက်ပိုင်း Tariff war ကိစ္စတွေနဲ့ ပါတ်သက်ပြီး Construction Industry ကို နောက်ကွယ်က ပံပိုးထားတဲ့ Construction Material Supply Change Network တစ်ခုလုံးမှာ သိသိသာသာ ရိုက်ခတ်မှုတွေ ရှိလာပါတယ်။
လိုချင်တဲ့ Material/ Equipment မရတာ၊ အခွန်ကြောင့် စျေးနှုန်းတွေ ကြီးကုန်တာ စတာတွေကြောင့် Contract မှာ ရေးထားတဲ့ ပစ္စည်းတွေ မရနိုင်တာတွေ ဖြစ််တတ်ပါတယ်။
ဒီလိုအချိန်မျိူးမှာ Construction industry က Stakeholder အားလုံးက Construction လောကရဲ့ Administration နဲ့ Contractual Risk and Responsibility တွေကိုသိနားလည်ထားမှ လုပ်ငန်းပိုတွင် ပါလိမ့်မယ်။
Construction မှာ Design / Material ပြောင်းမယ်ဆို ၄မျိူ:ရှိပါတယ်။
ပထမ တစ်မျိူးက
Owner/ Architect/ Engineer တွေဖက်က ပြောင်းချင်တာဆိုရင်။
(၁) Proposed Change Notice ( PCN) ကို ထုတ်ပေးရပါတယ်။ ဒီ PCN မှာ drawing နှင့်တကွ Specification တွေပါ ပါဝင်မှာဖြစ်ပြီး သက်ဆိုင်ရာ Architect/ Engineer တွေရဲ့ တံဆိပ်တုန်းတွေ ပါရမှာဖြစ်ပါတယ်။
(၂) အထက်ပါ PCN ကို Construction Manager က လက်ခံရရှိပြီဆို သက်ဆိုင်ရာ Supplier တွေ Sub-contractors တွေဆီက Quotation တောင်းယူပါတယ်။
(၃) ရရှိလာတဲ့ ကုန်ကျငွေ၊ Schedule အပြောင်းအလဲ စတာတွေက်ု Archi/ Engineer စသူတွေဆီကို တင်ပြ၊ အားလုံးသဘောတူပြီဆို Archi/ Engineer တွေက Change Order ထုတ်ပေးရပါတယ်။ Sub- Consultant တွေရှိခဲ့ သူတို့ကပါ “ Consultant Recommendations “ များအရင်ထုတ်ံပေးပြီးမှ Architect က Change Order ထုတ်ရမှာပါ။
(၄) အထက်ပါ Change Order ကို Contractor / Archi/ Owner သုံးဖက်ညီ လက်မှတ်ထိုးပြီးခါမှ အတည်ပြုပြီး Project ရဲ့ ကုန်ကျငွေ စာရင်းထဲထည့်ပါတယ်။ အလုပ်လုပ်ဖို့ ညွန်ကြားပြီး Progress claim မှာ စတင် ထည့်သွင်း နိုင်မှာဖြစ်ပါတယ်။
ဒုတိယ အမျိူးအစားက
သက်ဆိုင်ရာ Contract requirements အတိုင်း မလုပ်န်ုင်
လို့ ( ဉပမာ USA ဖက်က ပစ္စည်းမဝင်တော့တာမျိူး) Contractor ဖက်က Propose လုပ်ရတဲ့ ပုံစံပါ။
ဒီလိုပုံစံအတွက်ဆို
(၁) Contractor ဖက်က UCR submit လုပ်ရပါတယ်။
Unsolicited Change Request လို့ခါ်ပြီး ကုန်ကျငွေ $$$ နှင့် Schedule အပြောင်းအလဲကို တင်ပြရပါတယ်။
(၂) Archi/ Engineer ဖက်မှ စစ်ဆေးပြီး ဖြစ်သင့် မဖြစ်သင့် ဆုံးဖြတ်ရပါတယ်
(၃) ဆုံးဖြတ်ပြီးလက်ခံတယ်ဆိုမှသာ Change Order ထုတ်ပေးပြီး လက်တွေ့ လုပ်ဆောင်စေရမှာဖြစ်ပါတယ်။
တတိယပုံစံက အရေးကြီးတဲ့ အလုပ်တွေ အတွက်ပါ။
သဘောက သမားရိုးကျ ပုံစံအတိုင်း Quotation တွေစုပြီး Change Order ရဖို့ မစောင့်နိုင်တဲ့ အခြေအနေမျိူးမှာ Archi/ Engineer က “ Change Direction (CD)” ထုတ်ပေးပါတယ်။
သဘောက ခုချက်ချင်းလုပ်၊ ငွေစကား နောက်မှ ပြော သဘောပါဘဲ။
ဒီလိုပြောင်းတာမျိူးကို များသောအားဖြင့် “ Time and Material” method လို့ခေါ်ပြီး CD အတွ်က် ကုန်ကျသော Labor hour and Material များကို မှတ်တမ်းတင်ထားပြီး Owner ဆီမှ တောင်းယူရတဲ့သဘောပါ။
နောက်ဆုံးပြောင်းနည်းကတော့ Designer များ Engineer များဖက်မှာ ငွေကြေးကုန်ကျစရာမရှိတဲ့ Design အပြောင်းအလဲများ ညွန်ကြားတာမျိူးပါ။
ဉပမာ Door handle ကို ဘယ်လောက်အမြင့်နေ ဘယ်လောက်အမြင့်ထား။ Ceiling ကို 50mm နှိမ့်ပါ စတာတွေ ဖြစ်ပါတယ်။
ဒီလို Instruction မျိူးကို Supplementary Instruction လို့ ခေါ်ပါတယ်။ Construction Manager ဖက်မှ time or cost တောင်းလို့မရတဲ့ နည်းဖြစ်ပါတယ်။
MCP ရဲ့ ပရိတ်သတ် Construction Pro များအားလုံး၊
“ Safety First “ ပါ…….